[Zawgyi]

LG G8 ကို ေနာက္ဆုံးေပၚနည္းပညာေတြနဲ႔ အလန္းစား ဖုန္းတစ္လုံးအျဖစ္ ေမွ်ာ္လင့္ထားတယ္ဆိုရင္ေတာ့ ဒီသတင္းက နည္းနည္း စိတ္ပ်က္စရာေကာင္းပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ နာမည္ႀကီးအမွတ္တံဆိပ္ ေတာ္ေတာ္မ်ားမ်ားက ၂၀၁၉ ထုတ္ဖုန္းေတြမွာ 5G နည္းပညာသုံးႏိုင္ေအာင္ လုပ္ေဆာင္ေနၾကေပမယ့္ LG ရဲ႕ အသစ္ထြက္လာမယ့္ G8 ကေတာ့ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္လို႔ရမွာ မဟုတ္တဲ့အတြက္ေၾကာင့္ပါပဲ။

LG အေနနဲ႔ 5G နည္းပညာနဲ႔ စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ ႀကိဳးစားေနေပမယ့္ အေတာ္မ်ားမ်ား ေမွ်ာ္လင့္ထားၾကတဲ့ LG G8 မွာေတာ့ ပါဝင္လာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ထိပ္တန္း Feature ေတြကေတာ့ ထည့္သြင္းလာမယ္လို႔ ဆိုပါတယ္။ LG အေနနဲ႔ ကုန္က်စရိတ္မ်ားမယ့္ 5G ကို G8 အတြက္ အသုံးျပဳလိုျခင္းမရွိေသးဘူးလို႔ပဲ ဆိုရမွာပါ။ အတည္ျပဳလို႔မရေသးတဲ့ သတင္းေတြမွာေတာ့ LG အေနနဲ႔ 5G စမတ္ဖုန္းေတြကို အျခားအမွတ္တံဆိပ္အသစ္နဲ႔ ထုတ္လုပ္ေရာင္းခ်မယ္ဆိုတာပါပဲ။

ထပ္မံသိရွိရတဲ့ အခ်က္ေတြကေတာ့ LG G8 ဟာ ေသးငယ္တဲ့ Notch ျဖစ္တဲ့ Teardrop နဲ႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုေရပန္းစားေနတဲ့ Punch-hole အေၾကာင္းလည္းေမ့ထားရမွာပါ။ တပ္ဆင္ထားတဲ့ ကင္မရာမွာေတာ့ 3D ႐ိုက္ကူးႏိုင္မယ္လို႔ သိရပါတယ္။ ဒီတစ္ခ်က္ကေတာ့ ၂၀၁၉ Flagship တစ္ခုမွာ ရွိသင့္တဲ့ အခ်က္ကို ထည့္သြင္းေပးသြားတယ္လို႔ ေျပာရမွာပါ။

LG G8 အေနနဲ႔ ႀကိဳတင္သတင္းထြက္ခဲ့သလိုပဲ 4K Ultra HD display ပါဝင္လာဖြယ္လည္း ရွိေနပါတယ္။ ကုမၸဏီ အေနနဲ႔ 5G နည္းပညာထက္ ကင္မရာအရည္အေသြးနဲ႔ အျခားစြမ္းေဆာင္ရည္ေတြကိုအရင္ျမႇင့္တင္ၿပီး ေဈးကြက္ၿပိဳင္ဆိုင္မႈအတြက္ ျပင္ဆင္ေနတယ္လို႔ ယူဆရပါတယ္။ အျခားဆက္စပ္ သတင္းေတြကေတာ့ LG Q9 ကို ေဈးကြက္ထဲ အရင္ပို႔ေဆာင္မယ္ဆိုတာပါ။ LG Q9 ဟာ Snapdragon 660, 4GB RAM, 32GB Storage, 3,000 mAh ဘက္ထရီတို႔နဲ႔ ထုတ္လုပ္ထားတဲ့ ဖုန္းအမ်ိဳးအစားပဲ ျဖစ္ပါတယ္။

Ref: Techradar

[Unicode]

LG G8 ကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အလန်းစား ဖုန်းတစ်လုံးအဖြစ် မျှော်လင့်ထားတယ်ဆိုရင်တော့ ဒီသတင်းက နည်းနည်း စိတ်ပျက်စရာကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ကြီးအမှတ်တံဆိပ် တော်တော်များများက ၂၀၁၉ ထုတ်ဖုန်းတွေမှာ 5G နည်းပညာသုံးနိုင်အောင် လုပ်ဆောင်နေကြပေမယ့် LG ရဲ့ အသစ်ထွက်လာမယ့် G8 ကတော့ 5G ကွန်ရက်နဲ့ ချိတ်ဆက်လို့ရမှာ မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။

LG အနေနဲ့ 5G နည်းပညာနဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေပေမယ့် အတော်များများ မျှော်လင့်ထားကြတဲ့ LG G8 မှာတော့ ပါဝင်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ထိပ်တန်း Feature တွေကတော့ ထည့်သွင်းလာမယ်လို့ ဆိုပါတယ်။ LG အနေနဲ့ ကုန်ကျစရိတ်များမယ့် 5G ကို G8 အတွက် အသုံးပြုလိုခြင်းမရှိသေးဘူးလို့ပဲ ဆိုရမှာပါ။ အတည်ပြုလို့မရသေးတဲ့ သတင်းတွေမှာတော့ LG အနေနဲ့ 5G စမတ်ဖုန်းတွေကို အခြားအမှတ်တံဆိပ်အသစ်နဲ့ ထုတ်လုပ်ရောင်းချမယ်ဆိုတာပါပဲ။

ထပ်မံသိရှိရတဲ့ အချက်တွေကတော့ LG G8 ဟာ သေးငယ်တဲ့ Notch ဖြစ်တဲ့ Teardrop နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် အခုရေပန်းစားနေတဲ့ Punch-hole အကြောင်းလည်းမေ့ထားရမှာပါ။ တပ်ဆင်ထားတဲ့ ကင်မရာမှာတော့ 3D ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ဒီတစ်ချက်ကတော့ ၂၀၁၉ Flagship တစ်ခုမှာ ရှိသင့်တဲ့ အချက်ကို ထည့်သွင်းပေးသွားတယ်လို့ ပြောရမှာပါ။

LG G8 အနေနဲ့ ကြိုတင်သတင်းထွက်ခဲ့သလိုပဲ 4K Ultra HD display ပါဝင်လာဖွယ်လည်း ရှိနေပါတယ်။ ကုမ္ပဏီအနေနဲ့ 5G နည်းပညာထက် ကင်မရာအရည်အသွေးနဲ့ အခြားစွမ်းဆောင်ရည်တွေကိုအရင်မြှင့်တင်ပြီး ဈေးကွက်ပြိုင်ဆိုင်မှုအတွက် ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။ အခြားဆက်စပ် သတင်းတွေကတော့ LG Q9 ကို ဈေးကွက်ထဲ အရင်ပို့ဆောင်မယ်ဆိုတာပါ။ LG Q9 ဟာ Snapdragon 660, 4GB RAM, 32GB Storage, 3,000 mAh ဘက်ထရီတို့နဲ့ ထုတ်လုပ်ထားတဲ့ ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။

Ref: Techradar