[Zawgyi]

LG G8 ThinQ ဟာ လာမယ့္ MWC 2019 မွာ ပါဝင္ျပသမယ့္ LG ရဲ႕ တန္းျမင့္စမတ္ဖုန္းတစ္လုံးျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ LG G8 ThinQ နဲ႔ပတ္သက္ၿပီး သိရွိရသမွ်ထဲမွာ Selfie ကင္မရာမွာ TOF Sensor (Time of Flight) နဲ႔ျဖစ္မယ္ဆိုတဲ့ သတင္းပဲ ျဖစ္ပါတယ္။

Selfie ကင္မရာနဲ႔အတူ 3D Faceunlock, 3D animated emojis စတဲ့ Feature ေတြပါဝင္လာတဲ့ ဒီနည္းပညာအတြက္ LG ဟာ ဂ်ာမန္ကုမၸဏီတစ္ခုနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာလို႔ သိရပါတယ္။ LG G8 ThinQ ဟာ Snapdragon 855 Chipset အသုံးျပဳမယ္လို႔ ေမွ်ာ္လင့္ရသလို ဘက္ထရီပိုင္းမွာေတာ့ 3,500 mAh ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

LG G8 ThinQ ရဲ႕ မ်က္ႏွာျပင္ကေတာ့ Notch ပါဝင္ေနဦးမွာျဖစ္ေပမယ့္ Earpiece Speaker ေတာ့ မပါဝင္ေတာ့ဘဲ အဲဒီအစား မ်က္ႏွာျပင္တုန္ခါမႈကေန အသံထုတ္လႊတ္ျခင္းစနစ္ကို အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ Notch ကေတာ့ ေသးငယ္တဲ့ အ႐ြယ္အစားမဟုတ္ဘဲ အနည္းငယ္ ႀကီးမားေနဦးမွာပါ။

သိပ္မၾကာခင္ရက္ပိုင္းအတြင္းက ထြက္ေပၚလာတဲ့ ေဈးႏႈန္းေပါက္ၾကားမႈကတစ္ဆင့္ သိရတာကေတာ့ 128GB storage နဲ႔ LG G8 ThinQ ရဲ႕တန္ဖိုးဟာ $900 ေက်ာ္ (ျမန္မာေငြ ၁၃ သိန္း ၈ ေသာင္း ၆ ေထာင္ေက်ာ္) ျဖစ္ပါတယ္။ ဒီေဈးႏႈန္းက ကေနဒါေဈးကြက္ကေနတစ္ဆင့္ သိရတာျဖစ္ပါတယ္။ ကေနဒါရဲ႕ ေဈးႏႈန္းေတြဟာ အေမရိကန္ထက္ အနည္းငယ္ ျမင့္မားေပမယ့္ ယူအက္စ္မွာဆိုရင္လည္း $899 (ျမန္မာေငြ ၁၃ သိန္း ၈ ေသာင္း ၄ ေထာင္) ေလာက္ပဲ ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။

LG G8 ThinQ ဟာ Qualocmm ရဲ႕ X50 modem ပါဝင္လာမွာမဟုတ္ပါဘူး။ မ်က္ႏွာျပင္ဟာ 6.1-inch ျဖစ္ၿပီး 19.5:9 အခ်ိဳးျဖစ္ပါတယ္။ 3.5mm audio jack ပါဝင္ၿပီး ေက်ာဘက္မွာ သာမန္ Fingerprint Scanner နဲ႔ျဖစ္ပါတယ္။ ကင္မရာပိုင္းကေတာ့ အေတာ္ေလးကို စိတ္ဝင္စားစရာျဖစ္ေပမယ့္ ေဈးႏႈန္းက ၁၄ သိန္းနီးပါးျဖစ္ေနတာေၾကာင့္ မဝယ္ယူခင္မွာ ေသခ်ာစဥ္းစားရမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

၁၄ သိန်းနီးပါးဖြစ်လာနိုင်တဲ့ LG G8 ThinQ 128GB

LG G8 ThinQ ဟာ လာမယ့် MWC 2019 မှာ ပါဝင်ပြသမယ့် LG ရဲ့ တန်းမြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ LG G8 ThinQ နဲ့ပတ်သက်ပြီး သိရှိရသမျှထဲမှာ Selfie ကင်မရာမှာ TOF Sensor (Time of Flight) နဲ့ဖြစ်မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

Selfie ကင်မရာနဲ့အတူ 3D Faceunlock, 3D animated emojis စတဲ့ Feature တွေပါဝင်လာတဲ့ ဒီနည်းပညာအတွက် LG ဟာ ဂျာမန်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ LG G8 ThinQ ဟာ Snapdragon 855 Chipset အသုံးပြုမယ်လို့ မျှော်လင့်ရသလို ဘက်ထရီပိုင်းမှာတော့ 3,500 mAh ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

LG G8 ThinQ ရဲ့ မျက်နှာပြင်ကတော့ Notch ပါဝင်နေဦးမှာဖြစ်ပေမယ့် Earpiece Speaker တော့ မပါဝင်တော့ဘဲ အဲဒီအစား မျက်နှာပြင်တုန်ခါမှုကနေ အသံထုတ်လွှတ်ခြင်းစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Notch ကတော့ သေးငယ်တဲ့ အရွယ်အစားမဟုတ်ဘဲ အနည်းငယ် ကြီးမားနေဦးမှာပါ။

သိပ်မကြာခင်ရက်ပိုင်းအတွင်းက ထွက်ပေါ်လာတဲ့ ဈေးနှုန်းပေါက်ကြားမှုကတစ်ဆင့် သိရတာကတော့ 128GB storage နဲ့ LG G8 ThinQ ရဲ့တန်ဖိုးဟာ $900 ကျော် (မြန်မာငွေ ၁၃ သိန်း ၈ သောင်း ၆ ထောင်ကျော်) ဖြစ်ပါတယ်။ ဒီဈေးနှုန်းက ကနေဒါဈေးကွက်ကနေတစ်ဆင့် သိရတာဖြစ်ပါတယ်။ ကနေဒါရဲ့ ဈေးနှုန်းတွေဟာ အမေရိကန်ထက် အနည်းငယ် မြင့်မားပေမယ့် ယူအက်စ်မှာဆိုရင်လည်း $899 (မြန်မာငွေ ၁၃ သိန်း ၈ သောင်း ၄ ထောင်) လောက်ပဲ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

LG G8 ThinQ ဟာ Qualocmm ရဲ့ X50 modem ပါဝင်လာမှာမဟုတ်ပါဘူး။ မျက်နှာပြင်ဟာ 6.1-inch ဖြစ်ပြီး 19.5:9 အချိုးဖြစ်ပါတယ်။ 3.5mm audio jack ပါဝင်ပြီး ကျောဘက်မှာ သာမန် Fingerprint Scanner နဲ့ဖြစ်ပါတယ်။ ကင်မရာပိုင်းကတော့ အတော်လေးကို စိတ်ဝင်စားစရာဖြစ်ပေမယ့် ဈေးနှုန်းက ၁၄ သိန်းနီးပါးဖြစ်နေတာကြောင့် မဝယ်ယူခင်မှာ သေချာစဉ်းစားရမယ်လို့ ယူဆရပါတယ်။

Ref: GSMArena