LG ကနေ LG G7 ThinQ စမတ်ဖုန်းကို ထုတ်လုပ်ထားတာအချိန်တစ်ခုကြာနေပြီပဲဖြစ်ပါတယ်။ ပုံမှန်အရတော့ LG ဟာ G Series စမတ်ဖုန်းတွေကို တစ်နှစ်ကို တစ်ကြိမ်သာထုတ်လုပ်လေ့ရှိပေမယ့်အခုအချိန်မှာတော့ LG G8 ThinQ စမတ်ဖုန်းရဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အခုထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ LG ဟာ G8 ThinQ စမတ်ဖုန်းမှာ Display ပိုင်းကို အဆင့်မြှင့်တင်မှုတွေပြုလုပ်လာမှာဖြစ်ပြီးတော့ ယခင်တုန်းက G Series စမတ်ဖုန်းတွေမှာ အသုံးပြုနေခဲ့တဲ့ Quad HD Display ကနေ 4K Ultra HD Display ကို အဆင့်မြှင့်တင်မယ်လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။

အခုလိုမျိုး 4K Display ကို LG အနေနဲ့ အသုံးပြုလာတော့မှာဖြစ်တဲ့အတွက် လက်ရှိစမတ်ဖုန်းတွေထဲမှာ Sony ဖုန်းတွေပြီးရင် ဒုတိယမြောက် 4K Display ကို အသုံးပြုလာတဲ့ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် LG G8 ThinQ စမတ်ဖုန်းဟာ 4K Display ကို အသုံးပြုလာမယ်ဆိုပေမယ့် AMOLED Display ကို အသုံးပြုထားတာမဟုတ်ပဲ LCD Display ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် LG က နောက်နှစ်မှာတော့ LG G8 ThinQ စမတ်ဖုန်းကို Galaxy S10 ထက် ပိုကောင်းအောင် ထုတ်တော့မယ့်ပုံပါပဲ။