Zawgyi Font Version

LG ကေန V40 ThinQ နဲ႔အတူ Wear OS အသံုးျပဳ စမတ္ လက္ပတ္နာရီ တစ္လံုးမိတ္ဆက္လိုက္ပါတယ္။ LG Watch W7 ဟာ LG ရဲ႕ Wear OS အသံုးျပဳ စမတ္လက္ပတ္နာရီေစ်းကြက္အတြင္း ပါဝင္ယွဥ္ဖို႔ထုတ္လိုက္တဲ့ ေနာက္ဆံုးေပၚ စမတ္လက္ပတ္နာရီတစ္လံုးျဖစ္ပါတယ္။ အရင္ထြက္ရွိထားတဲ့ LG Watch Sport နဲ႔ Watch Style ဆိုတဲ့ စမတ္လက္ပတ္နာရီႏွစ္လံုးကို အသြင္သစ္ အျပင္အဆင္ အသစ္ နဲ႔အဆင့္ျမွင့္တင္ေပးတာပါ။

ဒါေပမယ့္ LG Watch W7 ရဲ႕ မ်က္ႏွာျပင္က အလန္းပါ။ 1.2-inch ရွိတဲ့ မ်က္ႏွာျပင္ေပၚမွာ တစ္ကယ့္ Mechanical နာရီလက္တံေတြပါဝင္ပါတယ္။ သာမာန္ Mechanical နာရီတစ္လံုးလို အသံုးျပဳႏိုင္တဲ့အျပင္ 1.2-inch P-OLED Display က တစ္ျခား အခ်က္အလက္ေတြလည္းျပႏိုင္ပါေသးတယ္။ “Watch-Only” Mode နဲ႔လည္းအသံုးျပဳႏိုင္ျပီး P-OLED Display ကိုပိတ္ထားေပးျပီး သာမာန္ လက္ပတ္နာရီတစ္လံုးလို အသံုးျပဳျပီး ဘက္ထရီသက္တမ္းကို ရက္ေပါင္း တစ္ရာတိတိ ဆြဲဆန္႔ႏိုင္ပါတယ္။ သာမာန္ စမတ္နာရီမ်ိဳး အသံုးျပဳရင္ေတာ့ ႏွစ္ရက္နဲ႔အထက္အသံုးျပဳႏိုင္ပါတယ္။

Snapdragon Wear SoC 2100 ကို 768MB ရွိတဲ့ RAM နဲ႔ေထာက္ပ့ံေပးထားျပီး Internal Storage 4GB ပါဝင္ပါတယ္။ 240mAh အရြယ္ ဘက္ထရီနဲ႔အတူ USB Type C ေပါက္ပါဝင္ပါတယ္။ Cloud Silver အေရာင္နဲ႔ ေအာက္တိုဘာ ၁၄ ရက္မွာစတင္ဝယ္ယူႏိုင္ျပီး ေစ်းႏွုန္းကေတာ့ $450 ပါ။ Google ရဲ႕ Wear OS ေနာက္ဆံုး ဗားရွင္းကိုအသံုးျပဳေပးထားျပီး LG V40 နဲ႔ အလိုက္ဖက္ဆံုး စမတ္လက္ပတ္နာရီ တစ္လံုးျဖစ္လာမွာပါ။ LG Watch W7 ဟာ ရိုးရိုးလက္ပတ္နာရီ ဒီဇိုင္းနဲ႔ အတူ စမတ္နာရီ လုပ္ေဆာင္ခ်က္ေတြ အသံုးျပဳခ်င္တဲ့ သူေတြအတြက္ ကြက္တိပါပဲ။

Ref: XDA News

Unicode Version

LG ကနေ V40 ThinQ နဲ့အတူ Wear OS အသုံးပြု စမတ် လက်ပတ်နာရီ တစ်လုံးမိတ်ဆက်လိုက်ပါတယ်။ LG Watch W7 ဟာ LG ရဲ့ Wear OS အသုံးပြု စမတ်လက်ပတ်နာရီဈေးကွက်အတွင်း ပါဝင်ယှဉ်ဖို့ထုတ်လိုက်တဲ့ နောက်ဆုံးပေါ် စမတ်လက်ပတ်နာရီတစ်လုံးဖြစ်ပါတယ်။ အရင်ထွက်ရှိထားတဲ့ LG Watch Sport နဲ့ Watch Style ဆိုတဲ့ စမတ်လက်ပတ်နာရီနှစ်လုံးကို အသွင်သစ် အပြင်အဆင် အသစ် နဲ့အဆင့်မြှင့်တင်ပေးတာပါ။

ဒါပေမယ့် LG Watch W7 ရဲ့ မျက်နှာပြင်က အလန်းပါ။ 1.2-inch ရှိတဲ့ မျက်နှာပြင်ပေါ်မှာ တစ်ကယ့် Mechanical နာရီလက်တံတွေပါဝင်ပါတယ်။ သာမာန် Mechanical နာရီတစ်လုံးလို အသုံးပြုနိုင်တဲ့အပြင် 1.2-inch P-OLED Display က တစ်ခြား အချက်အလက်တွေလည်းပြနိုင်ပါသေးတယ်။ “Watch-Only” Mode နဲ့လည်းအသုံးပြုနိုင်ပြီး P-OLED Display ကိုပိတ်ထားပေးပြီး သာမာန် လက်ပတ်နာရီတစ်လုံးလို အသုံးပြုပြီး ဘက်ထရီသက်တမ်းကို ရက်ပေါင်း တစ်ရာတိတိ ဆွဲဆန့်နိုင်ပါတယ်။ သာမာန် စမတ်နာရီမျိုး အသုံးပြုရင်တော့ နှစ်ရက်နဲ့အထက်အသုံးပြုနိုင်ပါတယ်။

Snapdragon Wear SoC 2100 ကို 768MB ရှိတဲ့ RAM နဲ့ထောက်ပံ့ပေးထားပြီး Internal Storage 4GB ပါဝင်ပါတယ်။ 240mAh အရွယ် ဘက်ထရီနဲ့အတူ USB Type C ပေါက်ပါဝင်ပါတယ်။ Cloud Silver အရောင်နဲ့ အောက်တိုဘာ ၁၄ ရက်မှာစတင်ဝယ်ယူနိုင်ပြီး ဈေးနှုန်းကတော့ $450 ပါ။ Google ရဲ့ Wear OS နောက်ဆုံး ဗားရှင်းကိုအသုံးပြုပေးထားပြီး LG V40 နဲ့ အလိုက်ဖက်ဆုံး စမတ်လက်ပတ်နာရီ တစ်လုံးဖြစ်လာမှာပါ။ LG Watch W7 ဟာ ရိုးရိုးလက်ပတ်နာရီ ဒီဇိုင်းနဲ့ အတူ စမတ်နာရီ လုပ်ဆောင်ချက်တွေ အသုံးပြုချင်တဲ့ သူတွေအတွက် ကွက်တိပါပဲ။

Ref: XDA News