LG အနေနဲ့ ပြီးခဲ့တဲ့လ အနည်းငယ် က LG Q7, Q7 Plus, A7 Alpha စတဲ့ စမတ်ဖုန်း မော်ဒယ်တွေ ကို မိတ်ဆက် ပေးခဲ့ပါတယ်။ အခုအခါမှာတော့ LG ကုမ္ပဏီထုတ် Q-Series စမတ်ဖုန်းတွေရဲ့ နောက်ဆုံးပေါ် မော်ဒယ် LG Q8 (2018) ကို ထပ်မံ မိတ်ဆက် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

LG Q8 (2018) မှာ ၆.၂ လက်မ အရွယ်အစားရှိ Full HD+ (2160 x 1080 Pixels) Resolution Display ကို အသုံးပြု ထားပါတယ်။ Processor အနေနဲ့ Qualcomm ရဲ့ Snapdragon 450 Octa-Core Chipset ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Internal Storage 64GB ပါဝင်မှာ ဖြစ်ပြီး microSD Card Slot ပါဝင်တာကြောင့် Storage Space မလုံလောက်ဘူး ဆိုရင်လည်း ထပ်မံ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ Rear Camera အနေနဲ့ Phase Detection Autofocus ပါဝင်တဲ့ 16MP Camera Sensor နဲ့အတူ LED Flash ကို တွဲဖက် အသုံးပြု ပေးထားပါတယ်။ Selfie ပိုင်းမှာတော့ 100-Degree Wide-Angle Lens ပါဝင်တဲ့ 5MP Selfie ကင်မရာ ကို အသုံးပြု ထားပါတယ်။

LG Q8 (2018) စမတ်ဖုန်း ရဲ့ ကျောဘက်ခြမ်းမှာ Fingerprint Scanner ကို မြင်တွေ့ရမှာ ဖြစ်ပြီး LG Q8 (2018) စမတ်ဖုန်း နဲ့ အတူ Stylus Pen ပါဝင်မှာ ဖြစ်ပါတယ်။ LG Q8 (2018) စမတ်ဖုန်းဟာ IP68 Certified စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး MIL-STD 810G Certified စမတ်ဖုန်း တစ်လုံး ဖြစ်တာကြောင့် စစ်တပ်တွင်း အသုံးပြုနိုင်ရန် အတွက် စံစနစ် နဲ့ အညီ တည်ဆောက်ထားတဲ့ စမတ်ဖုန်း တစ်လုံးပဲ ဖြစ်ပါတယ်။

Audio ပိုင်း အတွက် Hi-Fi Quality Audio, DTS:X 3D Surround Sound, Hi-Fi Quad DAC တို့ LG Q8 (2018) မှာ ပါဝင်မှာ ဖြစ်ပါတယ်။ Connectivity Options တွေ အနေနဲ့ 4G VoLTE, Wi-Fi 802.11 ac, Bluetooth 4.2 LE, GPS/ GLONASS, USB Type C တို့ ပါဝင်မှာ ပါဝင်မှာ ဖြစ်ပြီး Operation System အနေနဲ့ LG Q8 (2018) မှာ Android 8.1 Oreo ကို အသုံးပြု ပေးသွားမှာ ဖြစ်ပါတယ်။

ဘက်ထရီပိုင်းမှာတော့ 3300 mAh ဘက်ထရီ ကို အသုံးပြု ပေးသွားမှာ ဖြစ်ပြီး Qualcomm Quick Charge 3.0 Fast Charging Support ပါဝင်မှာ ဖြစ်ပါတယ်။ LG Q8 (2018) ကို Aurora Black, Moroccan Blue စတဲ့ အရောင်နှစ်မျိုး အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ကန်ဒေါ်လာ ၄၇၀ (မြန်မာငွေ ၆သိန်း ၈သောင်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

REF: Gizmo China