[Zawgyi]

LG ဟာ Q9 စီးရီး မ်ိဴးဆက္သစ္ စမတ္ဖုန္း ၂မ်ိဴးကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ LG Q9 စမတ္ဖုန္းက Geekbench ဝက္ဆိုက္ေပၚကို ဝင္ေရာက္လည္ပတ္သြားခဲ့တာျဖစ္ၿပီး LG Q9 One စမတ္ဖုန္းကေတာ့ Bluetooth SIG လက္မွတ္ကို ေအာင္ျမင္စြာ ရရွိသြားပါၿပီ။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ထြက္ရွိခဲ့တဲ့ သတင္းေတြအရဆိုရင္ Mid-range စမတ္ဖုန္းအမ်ိဴးအစားျဖစ္တဲ့ LG Q9 မွာ Snapdragon 660 SoC (Octa-core) ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Geekbench အခ်က္အလက္ေတြအရဆိုရင္ေတာ့ Snapdragon 820 (Quad-core) စီးရီးထဲက တစ္မ်ိဴးမ်ိဴးကို အသုံးျပဳထားတာ ျဖစ္ႏိုင္ပါတယ္။

ေမာ္ဒယ္နံပါတ္ LGE LM-Q925L အမည္ရွိ စမတ္ဖုန္း တစ္လုံးဟာ Singel-core Score မွာ ၁၇၈၉ နဲ႔ Multi-core Score မွာ ၃၆၈၀ ရရွိထားတာ ေတြ႕ရပါတယ္။ RAM အေနနဲ႔ 4GB ပါဝင္မွာ ျဖစ္ၿပီး Android 8.1.0 Operating System ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ အဆိုပါ ဖုန္းဟာ LG Q9 ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Display အပိုင္းအတြက္ ၆.၁လက္မ မ်က္ႏွာျပင္အက်ယ္ရွိ IPS LCD Display ကို အသုံးျပဳထားႏိုင္ၿပီး Resolution ကေတာ့ 1080 x 2280 pixels ရွိတယ္လို႔ သိရပါတယ္။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းထားႏိုင္ပါတယ္။ ေက်ာဘက္ကင္မရာအတြက္ 16MP Sensor ကိုတပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Notch ထဲမွာေတာ့ 8MP Sensor ကို တပ္ဆင္ထားႏိုင္ပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3350mAh ပါဝင္ႏိုင္ၿပီး Quick Charge 3.0 အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ Fingerprint Sensor ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားႏိုင္ၿပီး Water and Dust Resistance မွာ IP68 လက္မွတ္လည္း ရရွိထားႏိုင္ပါတယ္။ LG Q9 One ရဲ႕ ေမာ္ဒယ္နံပါတ္ကေတာ့ LM-Q927L ျဖစ္ၿပီး Specifications ေတြ အကုန္လုံးက LG Q9 နဲ႔ အတူတူပါပဲ။ ကြာျခားသြားတာက Operating System ျဖစ္ၿပီး Android One OS ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Geekbench မှာပေါ်ထွက်လာတဲ့ LG Q9 နဲ့ Bluetooth SIG Certification ရရှိသွားပြီ ဖြစ်တဲ့ LG Q9 One

LG ဟာ Q9 စီးရီး မျိူးဆက်သစ် စမတ်ဖုန်း ၂မျိူးကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ LG Q9 စမတ်ဖုန်းက Geekbench ဝက်ဆိုက်ပေါ်ကို ဝင်ရောက်လည်ပတ်သွားခဲ့တာဖြစ်ပြီး LG Q9 One စမတ်ဖုန်းကတော့ Bluetooth SIG လက်မှတ်ကို အောင်မြင်စွာ ရရှိသွားပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ သတင်းတွေအရဆိုရင် Mid-range စမတ်ဖုန်းအမျိူးအစားဖြစ်တဲ့ LG Q9 မှာ Snapdragon 660 SoC (Octa-core) ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် Geekbench အချက်အလက်တွေအရဆိုရင်တော့ Snapdragon 820 (Quad-core) စီးရီးထဲက တစ်မျိူးမျိူးကို အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။

မော်ဒယ်နံပါတ် LGE LM-Q925L အမည်ရှိ စမတ်ဖုန်း တစ်လုံးဟာ Singel-core Score မှာ ၁၇၈၉ နဲ့ Multi-core Score မှာ ၃၆၈၀ ရရှိထားတာ တွေ့ရပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပြီး Android 8.1.0 Operating System ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ အဆိုပါ ဖုန်းဟာ LG Q9 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Display အပိုင်းအတွက် ၆.၁လက်မ မျက်နှာပြင်အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားနိုင်ပြီး Resolution ကတော့ 1080 x 2280 pixels ရှိတယ်လို့ သိရပါတယ်။ Memory Storage ကိုတော့ 64GB ထည့်သွင်းထားနိုင်ပါတယ်။ ကျောဘက်ကင်မရာအတွက် 16MP Sensor ကိုတပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင် Notch ထဲမှာတော့ 8MP Sensor ကို တပ်ဆင်ထားနိုင်ပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 3350mAh ပါဝင်နိုင်ပြီး Quick Charge 3.0 အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ Fingerprint Sensor ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး Water and Dust Resistance မှာ IP68 လက်မှတ်လည်း ရရှိထားနိုင်ပါတယ်။ LG Q9 One ရဲ့ မော်ဒယ်နံပါတ်ကတော့ LM-Q927L ဖြစ်ပြီး Specifications တွေ အကုန်လုံးက LG Q9 နဲ့ အတူတူပါပဲ။ ကွာခြားသွားတာက Operating System ဖြစ်ပြီး Android One OS ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref : Gizmochina