[Zawgyi]

စမတ္ဖုန္းေတြရဲ႕ ကင္မရာေတြအေၾကာင္းျပန္ေျပာရရင္ ဟိုးအရင္ကဖုန္းေတြမွာ ေနာက္ကင္မရာ ၁လံုး  Selfie Camera ေတာင္မပါလို႔ေနာက္ျပန္လွည့္ရိုက္ခ့ဲၾကရာကေန အခ်ိန္ၾကာလာေတာ့ Selfie ကင္မရာနဲ႔ျဖစ္လာၾကပါတယ္။ ေနာက္မွာေတာ့ Dual Camera ေတြေခတ္စားလာျပီး ေရွ႕၂လံုး ေနာက္၂လံုးေတြျဖစ္လာၾကပါတယ္။

ဒါေပမယ့္ ဒီႏွစ္ေတြထဲမွာေတာ့ စမတ္ဖုန္းကုမၸဏီေတြက ကင္မရာအေရအတြက္မ်ားမ်ားပါလာဖို႔ကို ပိုအားစုိက္လာၾကသလိုပါပဲ။ Huawei P20 Pro တို႔ဆို ေနာက္ကင္မရာ ၃လံုး ခုသူ႔ထက္ေက်ာ္သြားတာက ေနာက္ကင္မရာ၄လံုးပါတဲ့ Samsung Galaxy A9 (2018) ေတြပါပဲ။သူ႔အျပင္ကို ေနာက္ထပ္လာဖို႔ရိွေသးတာက HMD Global ရဲ႕ ေနာက္ကင္မရာ၅လံုးနဲ႔ Nokia 9 ေတြပါ။

ကင္မရာ၅လံုးဆိုတာက လိုက္ရင္မီႏုိင္ေသးေပမယ့္ ၁၆လံုးဆိုတာကေတာ့ ေတာ္ေတာ္ၾကီးၾကမ္းသြားပါျပီ။ အရင္တစ္ပတ္ ႏုိဝင္ဘာ ၂၀ရက္ေန႔က LG က ေနာက္ကင္မရာ၁၆လံုးထည့္ဖို႔ မူုပိုင္ခြင့္ကို အေမရိကန္ မူပိုင္ခြင့္ရံုး USPTO ကေန ခြင့္ျပဳခ်က္ရခဲ့ျပီျဖစ္ပါတယ္။ မူပိုင္ခြင့္ထဲကပံုမွာေတာ့ ကင္မရာေတြကို 4×4 Grid ပံုစံနဲ႔မူပိုင္ခြင့္တင္ထားတာပါ။

ဖုန္းေနာက္ေက်ာမွာ ကင္မရာအျပင္ Touchpad ေလးတစ္မ်ိဳးလည္း မူပိုင္ခြင့္ထဲမွာပါပါေသးတယ္။ ဒါကအသစ္အဆန္းေတာ့မဟုတ္ပါဘူး။ Doogee တုန္းကလည္း သူ႔ရဲ႕ တစ္ခ်ိဳ႕ဖုန္းေတြရဲ႕ေနာက္ေက်ာမွာ Control လုပ္လို႔ရတဲ့ Touchpad မ်ိဳးေတြ ထည့္ေပးခဲ့ဖူးပါတယ္။

ေနာက္ထပ္မူပိုင္ခြင့္မွာေဖာ္ျပခဲ့တာကေတာ့ ဒီကင္မရာေတြကို သူ႔ရဲ႕ ေကြးေခါက္ႏုိင္တဲ့ဖုန္း သို႔မဟုတ္ ေခါက္ဖုန္းေတြမွာ သံုးလာႏုိင္ဖို႔မ်ားပါတယ္ဆိုတာပါ။ ဆိုေတာ့  ကင္မရာ ၄လံုးအမ်ားဆံုးျဖစ္ေနခ်ိန္မွာ ကင္မရာ ၁၆လံုးထိေရာက္ဖုိ႔ အခ်ိန္ဘယ္ေလာက္ေလာက္ထိ ေစာင့္ရဦးမလဲ

သူမ်ားမဦးေအာင္ပဲ အရင္လက္ဦးမႈယူတာလား တကယ္ပဲ ထြက္ေတာ့မွာ မို႔လို႔လားဆိုတာကေတာ့ နည္းနည္းေစာင့္ၾကည့္ရပါဦးမယ္။

Ref: Gizmo China

[Unicode]

စမတ်ဖုန်းတွေရဲ့ ကင်မရာတွေအကြောင်းပြန်ပြောရရင် ဟိုးအရင်ကဖုန်းတွေမှာ နောက်ကင်မရာ ၁လုံး  Selfie Camera တောင်မပါလို့နောက်ပြန်လှည့်ရိုက်ခဲ့ကြရာကနေ အချိန်ကြာလာတော့ Selfie ကင်မရာနဲ့ဖြစ်လာကြပါတယ်။ နောက်မှာတော့ Dual Camera တွေခေတ်စားလာပြီး ရှေ့၂လုံး နောက်၂လုံးတွေဖြစ်လာကြပါတယ်။

ဒါပေမယ့် ဒီနှစ်တွေထဲမှာတော့ စမတ်ဖုန်းကုမ္ပဏီတွေက ကင်မရာအရေအတွက်များများပါလာဖို့ကို ပိုအားစိုက်လာကြသလိုပါပဲ။ Huawei P20 Pro တို့ဆို နောက်ကင်မရာ ၃လုံး ခုသူ့ထက်ကျော်သွားတာက နောက်ကင်မရာ၄လုံးပါတဲ့ Samsung Galaxy A9(2018) တွေပါပဲ။သူ့အပြင်ကို နောက်ထပ်လာဖို့ရှိသေးတာက HMD Global ရဲ့ နောက်ကင်မရာ၅လုံးနဲ့ Nokia 9 တွေပါ။

ကင်မရာ၅လုံးဆိုတာက လိုက်ရင်မီနိုင်သေးပေမယ့် ၁၆လုံးဆိုတာကတော့ တော်တော်ကြီးကြမ်းသွားပါပြီ။ အရင်တစ်ပတ် နိုဝင်ဘာ ၂၀ရက်နေ့က LG က နောက်ကင်မရာ၁၆လုံးထည့်ဖို့ မူုပိုင်ခွင့်ကို အမေရိကန် မူပိုင်ခွင့်ရုံး USPTO ကနေ ခွင့်ပြုချက်ရခဲ့ပြီဖြစ်ပါတယ်။ မူပိုင်ခွင့်ထဲကပုံမှာတော့ ကင်မရာတွေကို 4×4 Grid ပုံစံနဲ့မူပိုင်ခွင့်တင်ထားတာပါ။

ဖုန်းနောက်ကျောမှာ ကင်မရာအပြင် Touchpad လေးတစ်မျိုးလည်း မူပိုင်ခွင့်ထဲမှာပါပါသေးတယ်။ ဒါကအသစ်အဆန်းတော့မဟုတ်ပါဘူး။ Doogee တုန်းကလည်း သူ့ရဲ့ တစ်ချို့ဖုန်းတွေရဲ့နောက်ကျောမှာ Control လုပ်လို့ရတဲ့ Touchpad မျိုးတွေ ထည့်ပေးခဲ့ဖူးပါတယ်။

နောက်ထပ်မူပိုင်ခွင့်မှာဖော်ပြခဲ့တာကတော့ ဒီကင်မရာတွေကို သူ့ရဲ့ ကွေးခေါက်နိုင်တဲ့ဖုန်း သို့မဟုတ် ခေါက်ဖုန်းတွေမှာ သုံးလာနိုင်ဖို့များပါတယ်ဆိုတာပါ။ ဆိုတော့  ကင်မရာ ၄လုံးအများဆုံးဖြစ်နေချိန်မှာ ကင်မရာ ၁၆လုံးထိရောက်ဖို့ အချိန်ဘယ်လောက်လောက်ထိ စောင့်ရဦးမလဲ

သူများမဦးအောင်ပဲ အရင်လက်ဦးမှုယူတာလား တကယ်ပဲ ထွက်တော့မှာ မို့လို့လားဆိုတာကတော့ နည်းနည်းစောင့်ကြည့်ရပါဦးမယ်။

Ref: Gizmo China