တီဗီတစ်လုံးရဲ့ အထူက စမတ်ဖုန်း တစ်လုံးရဲ့ အထူထက် ပါးလွှာနေမယ်ဆိုတာ သင်တွေးမိဖူးပါလား။

iPhone 7 ရဲ့အထူက 7.1 mm ရှိပြီး ခဲတံ တစ်ချောင်းရဲ့ ပုံမှန်အထူက 6mm ရှိပါတယ်။ ဒါပေမယ့် LG ရဲ့ နောက်ဆုံး ပေါ် တီဗီ Signature OLED TV W7 ကတော့ 2.59 mm အထူဘဲ ရှိပါတယ်။

အရမ်း ပါးလွှာတာကြောင့် တီဗီတစ်ခုလိုမဟုတ်ဘဲ နံရံမှာ ပိုစတာတစ်ခုလိုဘဲ ချိတ်ဆွဲထားလို့ရပါတယ်။

ဒီလို ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားပေမယ့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပြသနိုင်ပါတယ်။ 4K Utra HD resolution ရရှိပြီး Organic Light-Emitting Diode (OLED) Technology သုံးထားတာကြောင့် ပုံရိပ်တွေက ကြည်လင်ပြတ်သားပြီး ဆွဲဆောင်မှု ရှိစေပါတယ်။

သာမန် 4K တွေနဲ့ မတူဘဲ အလင်းဆုံးကနေ အမှောင်ဆုံး ရုပ်ပုံတွေကို သေချာ သိသာ ထင်ရှားခံစားနိုင်အောင်လည်း HDR Content ကို အသုံးပြုထားပါတယ်။

တီဗီရဲ့ အကျယ်ကတော့ ၇၇ လက်မရှိပြီး Resolution က 3840×2160 ရှိပါတယ်။