Zawgyi

ကင္မရာ ၅လုံး ပါဝင္လာႏိုင္တဲ့ စမတ္ဖုန္းအျဖစ္ နာမည္ႀကီးေနတဲ့ LG V40 ThinQ ကို ေအာက္တိုဘာလ အေစာပိုင္းမွာ မိတ္ဆက္ႏိုင္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။ LG အေနနဲ႔ V စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္တဲ့ V40 ThinQ ကို ေတာင္ကိုရီးယားႏိုင္ငံတြင္ ေအာက္တိုဘာလ ၅ရက္ေန႔မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ Global Launch ကိုေတာ့ စက္တင္ဘာလထဲမွာ က်င္းပသြားမယ္လို႔ သိရပါတယ္။

Europe Union (EU) ကို ကန္ေဒၚလာ ၅ဘီလီယံ ဒဏ္ေၾကး ေပးေဆာင္ရမယ့္ Google ကလည္း Pixel 3 စမတ္ဖုန္းေတြကို ေအာက္တိုဘာလ အေစာပိုင္းေလာက္မွာ မိတ္ဆက္ႏိုင္ဖြယ္ ရွိပါတယ္။ (ဒဏ္႐ိုက္ခံရလို႔ Pixel 3 ေတြကို ေစ်းတင္ၿပီး မေရာင္းပါ့ေစနဲ႔လို႔ ဆုေတာင္းရမွာဘဲ) ဒါ့အျပင္ Apple ရဲ႕ iPhone ေမာ္ဒယ္အသစ္ေတြကိုလည္း စက္တင္ဘာလထဲမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီအတိုင္းသာ ဆိုရင္ LG ကေတာ့ V40 ThinQ ေတြ ေရာင္းအားေကာင္းဖို႔အတြက္ ေတာ္ေတာ္ေလး ႐ုန္းကန္ရဦးမွာပါ။ ကြၽန္ေတာ္တို႔လို Consumer ေတြ အတြက္ကေတာ့ စက္တင္ဘာနဲ႔ ေအာက္တိုဘာက Flagship စမတ္ဖုန္း ဝယ္ယူဖို႔အတြက္ ေ႐ြးခ်ယ္စရာမ်ားတဲ့ ကာလလို႔ ေျပာရမွာပါ။ ဒီလို ေ႐ြးခ်ယ္စရာမ်ားတဲ့ ကာလထဲကိုမွ အတင္းတိုးဝင္လာတဲ့ LG ကလည္း ေခသူ မဟုတ္ပါ။ V40 ThinQ ဟာ ကင္မရာ ၅လုံး ပါမယ့္အျပင္ Screen-to-Body Ratio ကလည္း 90% အထိရွိတယ္လို႔ သိရပါတယ္။

LG V40 ThinQ ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာအတြက္ 20MP Main Camera, 15MP Wide-Angle Lens နဲ႔ 13MP Telephoto lens တို႔ကို တပ္ဆင္ထားႏိုင္ဖြယ္ရွိၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Apple ရဲ႕ Face ID လို ပုံစံမ်ိဴး 3D Facial Recognition နည္းပညာကို အသုံးျပဳႏိုင္မယ့္ ကင္မရာ ၂လုံးကို တြဲလ်က္ တပ္ဆင္ထားႏိုင္တယ္လို႔ ကြၽမ္းက်င္သူမ်ားက ခန္႔မွန္းေျပာဆို ထားၾကပါတယ္။

Ref:gadgets.ndtv

Unicode

ကင်မရာ ၅လုံး, Screen-to-body 90% နဲ့ ပွဲထွက်လာမယ့် LG V40 ThinQ

ကင်မရာ ၅လုံး ပါဝင်လာနိုင်တဲ့ စမတ်ဖုန်းအဖြစ် နာမည်ကြီးနေတဲ့ LG V40 ThinQ ကို အောက်တိုဘာလ အစောပိုင်းမှာ မိတ်ဆက်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ LG အနေနဲ့ V စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ V40 ThinQ ကို တောင်ကိုရီးယားနိုင်ငံတွင် အောက်တိုဘာလ ၅ရက်နေ့မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Global Launch ကိုတော့ စက်တင်ဘာလထဲမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Europe Union (EU) ကို ကန်ဒေါ်လာ ၅ဘီလီယံ ဒဏ်ကြေး ပေးဆောင်ရမယ့် Google ကလည်း Pixel 3 စမတ်ဖုန်းတွေကို အောက်တိုဘာလ အစောပိုင်းလောက်မှာ မိတ်ဆက်နိုင်ဖွယ် ရှိပါတယ်။ (ဒဏ်ရိုက်ခံရလို့ Pixel 3 တွေကို ဈေးတင်ပြီး မရောင်းပါ့စေနဲ့လို့ ဆုတောင်းရမှာဘဲ) ဒါ့အပြင် Apple ရဲ့ iPhone မော်ဒယ်အသစ်တွေကိုလည်း စက်တင်ဘာလထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆိုရင် LG ကတော့ V40 ThinQ တွေ ရောင်းအားကောင်းဖို့အတွက် တော်တော်လေး ရုန်းကန်ရဦးမှာပါ။ ကျွန်တော်တို့လို Consumer တွေ အတွက်ကတော့ စက်တင်ဘာနဲ့ အောက်တိုဘာက Flagship စမတ်ဖုန်း ဝယ်ယူဖို့အတွက် ရွေးချယ်စရာများတဲ့ ကာလလို့ ပြောရမှာပါ။ ဒီလို ရွေးချယ်စရာများတဲ့ ကာလထဲကိုမှ အတင်းတိုးဝင်လာတဲ့ LG ကလည်း ခေသူ မဟုတ်ပါ။ V40 ThinQ ဟာ ကင်မရာ ၅လုံး ပါမယ့်အပြင် Screen-to-Body Ratio ကလည်း 90% အထိရှိတယ်လို့ သိရပါတယ်။

LG V40 ThinQ ရဲ့ နောက်ကျောဘက် ကင်မရာအတွက် 20MP Main Camera, 15MP Wide-Angle Lens နဲ့ 13MP Telephoto lens တို့ကို တပ်ဆင်ထားနိုင်ဖွယ်ရှိပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Apple ရဲ့ Face ID လို ပုံစံမျိူး 3D Facial Recognition နည်းပညာကို အသုံးပြုနိုင်မယ့် ကင်မရာ ၂လုံးကို တွဲလျက် တပ်ဆင်ထားနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပြောဆို ထားကြပါတယ်။

Ref:gadgets.ndtv