LG ကုမၸဏီဟာ သူတုိ႔ရဲ႕ စမတ္ဖုန္းအသစ္ LG V40 ThinQ ကို လာမယ့္ ေအာက္တိုဘာ ၃ ရက္ေန႔မွာ နယူးေယာက္ျမိဳ႕မွာ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။ ကိုရီးယားအေျခစုိက္ ကုမၸဏီျဖစ္တဲ့ LG ဟာ ကိုရီးယားႏုိင္ငံမွာေတာ့ ေနာက္တစ္ရက္ ေအာက္တုိဘာလ ေလးရက္ေန႔မွ စမတ္ဖုန္းသစ္ကို မိတ္ဆက္သြားမွာပါ။

LG ဟာ ThinQ ရဲ႕ ထူးျခားခ်က္ျဖစ္တဲ့ မ်ားျပားတဲ့ ကင္မရာေတြကို အဓိကထားျပသခဲ့တဲ့ Youtube ဗီဒီယုိနဲ႔အတူ မိတ္ဆက္မယ့္ရက္ကို ေၾကျငာခဲ့တာပါ။ အဆိုပါ ဗီဒီယုိထဲမွာ မတူညီတဲ့ ကင္မရာေတြနဲ႔ ဓါတ္ပုံေလးပုံ ရုိက္ျပခဲ့ျပီး ပုံမွန္၊ အနီး Zoom ဆြဲ၊ Wide-angel တစ္ခုနဲ႔ Portrait Mode တစ္ပုံစီတုိ႔ပါ။ ဗီဒီယုိကို ေအာက္မွာၾကည့္ႏုိင္ပါတယ္။

LG ဟာ သူတုိ႔ရဲ႕ Flagship ဟန္းဆက္ေတြမွာ ဒုတိယကင္မရာအျဖစ္ Wide-Angel ကင္မရာကို ထည့္လာတာ ၾကာပါျပီ။ Telephoto Lens တစ္ခုကိုပါ ထပ္ထည့္ျခင္းျဖင့္ မုိဘုိင္းဓါတ္ပုံဝါသနာရွင္ေတြ ဖုန္းအသစ္ဝယ္ဖို႔ စဥ္းစားရင္ ထည့္တြက္မိစရာ ျဖစ္လာမွာပါ။ LG V40 ThinQ ဟာ ေရွ႕ဘက္မွာလည္း ကင္မရာ ႏွစ္လုံးတြဲ ပါဝင္လာဖို႔ သတင္းထြက္ေနတာေၾကာင့္ ကင္မရာငါးလုံးပါတဲ့ ပထမဆုံးစမတ္ဖုန္း ျဖစ္လာမွာပါ။

ေနာက္ထပ္ ဒီဟန္းဆက္နဲ႔ ပတ္သက္ျပီး ၾကားသိထားရတာေတြကေတာ့ ဒီ Flagship ဖုန္းဟာ Snapdragon 845 ခ်စ္ပ္ဆက္ကို အသုံးျပဳလာျပီး RAM မန္မုိရီ 6GB ပါဝင္လာမယ္။ Storage ပမာဏက 128GB ထိ ျမင့္မွာျဖစ္ျပီး 3,300 mAh ဘတၳရီအၾကီးနဲ႔ လာမွာပါ။ ဖုန္းရဲ႕ ပုံရိပ္ေတြကလည္း ၾကိဳတင္ထြက္ေပၚ ထားပါတယ္။

Ref – https://www.androidauthority.com/lg-v40-thinq-release-date-904165

Unicode

LG ကုမ္ပဏီဟာ သူတို့ရဲ့ စမတ်ဖုန်းအသစ် LG V40 ThinQ ကို လာမယ့် အောက်တိုဘာ ၃ ရက်နေ့မှာ နယူးယောက်မြို့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ကိုရီးယားအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ LG ဟာ ကိုရီးယားနိုင်ငံမှာတော့ နောက်တစ်ရက် အောက်တိုဘာလ လေးရက်နေ့မှ စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမှာပါ။

LG ဟာ ThinQ ရဲ့ ထူးခြားချက်ဖြစ်တဲ့ များပြားတဲ့ ကင်မရာတွေကို အဓိကထားပြသခဲ့တဲ့ Youtube ဗီဒီယိုနဲ့အတူ မိတ်ဆက်မယ့်ရက်ကို ကြေငြာခဲ့တာပါ။ အဆိုပါ ဗီဒီယိုထဲမှာ မတူညီတဲ့ ကင်မရာတွေနဲ့ ဓါတ်ပုံလေးပုံ ရိုက်ပြခဲ့ပြီး ပုံမှန်၊ အနီး Zoom ဆွဲ၊ Wide-angel တစ်ခုနဲ့ Portrait Mode တစ်ပုံစီတို့ပါ။ ဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

LG ဟာ သူတို့ရဲ့ Flagship ဟန်းဆက်တွေမှာ ဒုတိယကင်မရာအဖြစ် Wide-Angel ကင်မရာကို ထည့်လာတာ ကြာပါပြီ။ Telephoto Lens တစ်ခုကိုပါ ထပ်ထည့်ခြင်းဖြင့် မိုဘိုင်းဓါတ်ပုံဝါသနာရှင်တွေ ဖုန်းအသစ်ဝယ်ဖို့ စဉ်းစားရင် ထည့်တွက်မိစရာ ဖြစ်လာမှာပါ။ LG V40 ThinQ ဟာ ရှေ့ဘက်မှာလည်း ကင်မရာ နှစ်လုံးတွဲ ပါဝင်လာဖို့ သတင်းထွက်နေတာကြောင့် ကင်မရာငါးလုံးပါတဲ့ ပထမဆုံးစမတ်ဖုန်း ဖြစ်လာမှာပါ။

နောက်ထပ် ဒီဟန်းဆက်နဲ့ ပတ်သက်ပြီး ကြားသိထားရတာတွေကတော့ ဒီ Flagship ဖုန်းဟာ Snapdragon 845 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး RAM မန်မိုရီ 6GB ပါဝင်လာမယ်။ Storage ပမာဏက 128GB ထိ မြင့်မှာဖြစ်ပြီး 3,300 mAh ဘတ္ထရီအကြီးနဲ့ လာမှာပါ။ ဖုန်းရဲ့ ပုံရိပ်တွေကလည်း ကြိုတင်ထွက်ပေါ် ထားပါတယ်။

Ref – https://www.androidauthority.com/lg-v40-thinq-release-date-904165