LG ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ Mobile World Congress ပွဲမှာ Flagship ဖုန်းအနေနဲ့ မနှစ်က V30 စမတ်ဖုန်းကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ V30S စမတ်ဖုန်းကိုပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ကျွမ်းကျင်သူအချို့က LG ဟာ ယခုနှစ်အတွက် Flagship စမတ်ဖုန်းဖြစ်တဲ့ LG G7 ကိုလာမယ့် မေလဝန်းကျင်မှာ ထုတ်လုပ်သွားမယ်လို့ ယူဆထားကြပြီး အခုအချိန်မှာ LG G7 နဲ့ သက်ဆိုင်တဲ့ သတင်းတစ်ခုထပ်မံထွက်ရှိလာပါတယ်။

အခုထွက်ပေါ်လာတဲ့သတင်းတွေအရ LG ဟာ G7 စမတ်ဖုန်းမှာ Display ကို ယခင် V30 စမတ်ဖုန်းမှာလိုမျိုး P-OLED Display ကို အသုံးပြုလာမှာမဟုတ်ပဲ ဈေးနှုန်းသက်သာတဲ့ LCD Display ကိုပဲ သုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေက OLED Display တွေကို သူတို့ရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုလာကြသလို ဖုန်းဈေးနှုန်းတွေကလည်း တဖြည်းဖြည်းမြင့်တက်လာတဲ့အတွက် LG ကတော့ ဈေးသက်သာတဲ့ Flagship ဖုန်းကို ထုတ်ချင်တဲ့ပုံပါပဲ။