LG ကနေ အခုအချိန်မှာ LG G7 ThinQ စမတ်ဖုန်းကို ထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ LG G7 စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းအရ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် တစ်ခုကိုတော့ အနည်းငယ်ဝေဖန်ခံနေရတာဖြစ်ပါတယ်။

အဲ့ဒါကတော့ LG G7 ဖုန်းမှာ Display ပိုင်းကို OLED Display အစား LCD Display ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Apple အပါအဝင် စမတ်ဖုန်းထုတ်လုပ်သူအများအပြားက OLED Display ကို ပြောင်းလဲလာကြပေမယ့် LG အနေနဲ့ G7 မှာ OLED Display ကို မသုံးခဲ့တာက ပြောစရာဖြစ်ခဲ့တာပါ။

အဲ့ဒီအတွက် LG ကနေ အခုအချိန်မှာ ဖြေရှင်းချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီးတော့ LG ရဲ့ G Series စမတ်ဖုန်းတွေဟာ LCD Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ OLED Display ကိုတော့ LG ရဲ့ ပိုပြီး High End ဖြစ်တဲ့ LG V Series စမတ်ဖုန်းတွေမှာပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

ဒါကြောင့် LG ရဲ့ ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်မယ့် LG V40 စမတ်ဖုန်းဟာ OLED Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ အခြားသော စမတ်ဖုန်း Display တွေထက် ပိုကောင်းလာဦးမှာဖြစ်ပါတယ်။

LG G7 စမတ်ဖုန်းကလည်း LCD Display ကိုပဲ အသုံးပြုလာတယ်ဆိုပေမယ့် Brightness ကို 1000 Nits အထိ အသုံးပြုလို့ရတဲ့အတွက် လက်ရှိ LCD Display တွေထဲမှာလည်း အကောင်းဆုံးလို့ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် LG ကတော့ စမတ်ဖုန်း Display တွေထဲမှာ LCD ရော၊ OLED ရော ၂ ခုလုံးမှာ အကောင်းဆုံးဖြစ်ချင်တဲ့ပုံပါပဲ။