မျက်နှာပြင်ကျယ်ပြီး Edge-to-Edge Display ပါတဲ့ LG ရဲ့ Flagship ဖုန်း G6 ကို သဘောကျပေမယ့် ပိုက်ဆံအများကြီး မသုံးချင်သူတွေအတွက် LG က ဈေးနှုန်း အလယ်အလတ်ရှိတဲ့ဖုန်းကို ထုတ်လုပ်လိုက်ပါ။

LG Q6 မှာလည်း Edge-to-Edge Display ကိုဘဲ အသုံးပြုထားပါတယ်။

LG Q6 မှာ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိပြီး ၊ Bezel-Free Display ဖြစ်ကာ ကင်မရာက 13 megapixels ရှိပါတယ်။

LG Q6 ကို ဖုန်း ၃မျိုးနဲ့ ခွဲပြီး ထုတ်လုပ်ထားကာ Q6 စမတ်ဖုန်းမှာတော့ 2GB RAM ရှိပြီး Storage က 16 GB ရှိပါတယ်။ Q6 စမတ်ဖုန်းက 3 GB RAM သုံးထားကာ Storage က 32 GB ရှိပါတယ်။ Q6+မှာတော့ 4GB RAM အသုံးပြုထားကာ Storage ကတော့ 64 GB ပါ။

Processor ကတော့ Qualcomm Snapdragon 435 Processor သုံးထားကာ စခရင် Resolution ကတော့ 2160×1080 ဖြစ်ပါတယ်။

အနောက်ကင်မရာက 13 Megapixel ရှိပြီး အရှေ့ကင်မရာက 5 Megapixel ရှိပါတယ်။ ဘက်ထရီကတော့ 3000 mAh ဖြုတ်လို့မရတဲ့ ဘက်ထရီ အမျိုးအစားကို အသုံးပြုမှာဖြစ်ပါတယ်။

ဒေါ်လာ ၄၀၀ ၀န်းကျင်နဲ့ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပြီး အာရှမှာတော့ နောက်လမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။