Life is Strange ဂိမ်းကို PC မှာ အရင်တုန်းက ဆော့ဖူးတဲ့သူတွေရှိကြမှာပါ။ အခု Life is Strange ဂိမ်းကို တူညီတဲ့ဇတ်လမ်းသွားနဲ့ ကိုယ့်ရဲ့ Android စမတ်ဖုန်းမှာပဲ တော့ကစားနိုင်တော့မှာဖြစ်ပါတယ်။ ယခင်တုန်းက Life is Strange ဂိမ်းဟာ iOS မှာ ထွက်ရှိထားပြီးဖြစ်ပေမယ့် အခုအချိန်မှာတော့ Android မှာပါ ရရှိနေပြီဖြစ်တဲ့အတွက် Recommend ပေးလိုက်ပါတယ်။

Life is Strange ဂိမ်း Developer ဖြစ်တဲ့ Square Enix ကနေ ပြီးခဲ့တဲ့ လတုန်းက Life is Strange ဂိမ်းကို ဇူလိုင်လအတွင်းမှာ Android Devices တွေအတွက် ထုတ်ပေးမယ်လို့ ကြေညာခဲ့ပြီး Pre-register ပြုလုပ်ခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Android အသုံးပြုနေတဲ့သူတွေအတွက်လည်း ဝမ်းသာစရာ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Life is Strange ဂိမ်းကို Android Devices တွေမှာ Google Play Store ကနေ Download ပြုလုပ်နိုင်ပြီဖြစ်ပြီးတော့ File Size အနေနဲ့ 1GB ဝန်းကျင်ရှိမှာပဲဖြစ်ပါတယ်။ Download ပြုလုပ်ပြီးဆော့ကစားမယ်ဆိုရင်တော့ Episode 1 ကို အခမဲ့ဆော့ကစားနိုင်မှာဖြစ်ပြီး Second Episode ကို 0.99$ ၊ ကျန်တဲ့ Episode တစ်ခုစီကို $4.99 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Season 2 ကနေ Season 4 အထိကို $8.99 နဲ့ Bundle အနေနဲ့ ဝယ်ယူနိုင်တယ်လို့လည်း သိရပါတယ်။ တကယ်လို့ ပိုက်ဆံပေးပြီး မဆော့ချင်ဘူးဆိုရင်လည်း Season 1 တစ်ခုထဲနဲ့တင် ဆော့ရတာ တန်တဲ့ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါမှမဟုတ် Crack တွေလည်း ရှိနိုင်ပေမယ့် Update တွေကို ရချင်တယ်ဆိုရင်တော့ ဝယ်ပြီးဆော့သင့်တဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Life is Strange ဂိမ်းဟာ အဓိကဇတ်ကောင် Max က သူ့ရဲ့မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာပြီး အတိတ်ကို ပြန်သွားနိုင်တဲ့ စွမ်းအားတွေရရှိလာပြီး သူရဲ့ ဇာတိမြို့ကို မုန်တိုင်းအန္တရာယ်ကနေ လွတ်မြောက်အောင် သူငယ်ချင်းဖြစ်တဲ့ Chloe Price နဲ့အတူ ဆောင်ရွက်တာပဲဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက Life is Strange ဂိမ်းမှာ ရွေးချယ်လိုက်တဲ့အရာတွေက ကိုယ်နောက်ပိုင်းမှာ ဖြစ်ပွားမယ့်ကိစ္စတွေကိုပါ Effect ဖြစ်နိုင်တဲ့အတွက် ဆော့ကစားရတာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ဂိမ်းတစ်ခုပါ။ နောက်ခံ Background Music တွေလည်း တော်တော်လေးကို ကောင်းတဲ့အတွက် ဆော့ရတာပိုပြီး Immersive ဖြစ်နေဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Storyline ကောင်းကောင်းနဲ့ Android ဂိမ်းတစ်ခုကို ဆော့ချင်တယ်ဆိုရင်တော့ Life is Strange ဂိမ်းက လောလောဆယ်မှာ ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။