LifeBeam ရဲ့ Vi Bluetooth နားကျပ်က ကိုယ်ကာယလေ့ကျင့်ရေး အထောက်အကူ ပစ္စည်း များ (Fitness Wearable) တွေကို တခေတ်ဆန်းအောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ။

သူဟာ သာမန် Bluetooth နားကျပ်တွေလိုမျိုးမဟုတ်ဘဲ Vi ဆိုတဲ့ ဥာဏ်ရည်မြင့် စနစ်ပါဝင်ပြီး အပြေးလေ့ကျင့်သူတွေကို နည်းပြ တစ်ယောက်လို တွန်းအားပေးပေးမှာဖြစ်ပါတယ်။

Viက လူတစ်ယောက်လိုမျိုး Fitness နဲ့ ပတ်သက်တဲ့ ကိုယ်မေးချင်တဲ့ မေးခွန်းကိုလည်း ဖြေပေးနိုင်သလို၊ နည်းပြတစ်ယောက်လိုလည်း အနားမှာ တွန်းအားပေး လေ့ကျင့်ပေးနေမှာဖြစ်ပါတယ်။

နောက်ပိုင်း ဒီလို ဥာဏ်ရည်မြင့် နားကျပ်တွေဟာ Smart Watches တွေကို အစားထိုးသွားနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါဘဲ။

LifeBeam နားကျပ်တွေကို အမေရိကန်ဒေါ်လာ ၂၄၉ နဲ့ စတင်ရောင်းချနေပါပြီ။

LifeBeam Bluetooth နားကျပ်က သာမန် Bluetooth နားကျပ်လိုမျိုး ဖုန်းနဲ့ ချိတ်ဆက်ပြီး သီချင်းနားထောင်ပါကလည်း ၇ နာရီနဲ့ ၈ နာရီကြားလောက်နားထောင်လို့ရပါတယ်။ သူ့မှာ အသံအတိုးအကျယ်ကိုလည်း စကားနဲ့အမိန့်ပေးလုပ်ဆောင်လို့ရပါတယ်။

ကိုယ့်ဖုန်းရဲ့ ချိတ်ဆက်ထားရင်လည်း ကိုယ့်နှလုံးခုန်နှုန်းကဘယ်လောက်၊ ကိုယ့်ခြေလှမ်းဘယ်နှစ်လှမ်း လှမ်းပြီးပြီလဲ၊ ကိုယ် အရှိန်ဘယ်လောက်နဲ့ ပြေးနေလဲ၊ ကိုယ့် ပန်းတိုင်ရောက်ဖို့ ဘယ်လောက် လိုသေးလဲ စတာတွေကို နားကျပ်ထဲကနေတစ်ဆင့် Vi ကပြောပေးမှာပါ။

အခုလောလောဆယ်တော့ Lifebeam နားကျပ်ဟာ အပြင်မှာ ပြေးတဲ့သူတွေအတွက်ဘဲ အဓိကထား ထုတ်လုပ်ထားတာဖြစ်ပြီး ဒီနှစ်အတွင်းမှာတော့ အားကစားရုံမှာ ပြေးတဲ့သူတွေအတွက် ထုတ်လုပ်မယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။

Vi app ဟာ IOS ရော Android အတွက်ပါ အသုံးဝင်ပြီး Google Fit၊ Apple Health နဲ့ Strava တို့နဲ့လည်း ချိတ်ဆက်လို့ရပါတယ်။

https://www.youtube.com/watch?v=_kH5iXm8P5I