HowTo | Mobile Phones

သင့်ဖုန်းကို စပ်စုတတ်တဲ့ သူတွေ ဖွင့်လို့မရအောင် Lock ချကြမယ်။

September 17, 2017

သင့်ဖုန်းကို စပ်စုတတ်တဲ့ သူတွေ ဖွင့်လို့မရအောင် Lock ချကြမယ်။

Share this on:

ဖုန်းဆိုတာ မိမိရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ သိမ်းထားတတ်တဲ့ အရာတစ်ခုပါ။ အလိုက်မသိသော တချို့လူတွေက သင့်ဖုန်းထဲမှာ ဘာတွေရှိလဲဆိုတာ သိပ်သိချင်ကြပါတယ်။

အဲ့ဒီတော့ ဖုန်းရဲ့ Security သာမက ဖုန်းထဲက App တစ်ခုချင်းစီကိုပါ Lock ချထားလိုက်မယ် ဆိုရင် ဘာမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။

Phone Manager

ဖုန်းတော်တော်များများမှာ ပါတတ်ပါတယ်။ ဖုန်းတစ်လုံးလုံးရဲ့ ကိစ္စရပ်မှန်သမျှကို သူကိုင်တွယ်ပေးမှာပါ။ ဂိမ်းတွေ ဗီဒီယိုတွေ ဓာတ်ပုံတွေ စတာတွေကို မမြင်စေချင်ရင် သူ့ထဲက App Lock မှာ Password ချထားလို့ရပါတယ်။

AppLock

သူကတော့ App တွေသာမက Wi-Fi, Bluetooth, Mobile Data တွေကိုပါ Lock ချလို့ရပါတယ်။ သူများက သင့်ဖုန်းကိုယူပြီး အင်တာနက်ခိုးသုံးတဲ့ ကိစ္စမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။ ဖုန်းအဝင် Call တွေကိုတောင်မှ Lock ချထားနိုင်တဲ့ App ဖြစ်ပါတယ်။

Privacy Knight

Pin, Pattern, Fingerprint, Face Unlock, Disguise Cover လိုမျိုး ဖုန်းကို Shake တာ Double Tap လုပ်တာ စတဲ့ Lock မျိုးစုံထဲကမှ သင်နှစ်သက်ရာနဲ့ ပိတ်ထားနိုင်ပါတယ်။ တခြားသူတွေမြင်ရင်လည်း Security App လို့တောင် ထင်မှာ မဟုတ်တဲ့ App တစ်ခုပါ။

Hexlock

Lock သာမက Backup ပါလုပ်ပေးလို့ သင့် Data တွေကို အလွယ်ပြန်ရှာလို့ရပါတယ်။ သင့်ရဲ့ ကျောင်း လုပ်ငန်းခွင် အိမ် စီးပွားရေး စတဲ့ အကန့်တစ်ကန့်ချင်းစီကိုပါ ခွဲထားလို့ရတာမို့ လူသုံးများနေတဲ့ App လည်းဖြစ်ပါတယ်။ ဒါ့အပြင် မိမိဖုန်းကို ဖွင့်ဖို့ကြိုးစားနေတဲ့သူရဲ့ ဓာတ်ပုံနဲ့ တည်နေရာကိုပါ ဖမ်းယူပေးထားနိုင်တာမို့ ဘယ်သူဖွင့်သွားလဲ ဆိုတာပါ သိရှိနိုင်ပါတယ်။

Review

User Rating

3.9 (48 Votes)
error: Alert: Copyright © 2018. MyTech Myanmar