Apple ကနေ နောက်ဆုံးမှာတော့ မနှစ်က ဇွန်လဝန်းကျင်က အသစ်ကြေညာထားခဲ့တဲ့ Apple MacBook Pro ကွန်ပျူတာတွေကို ဒီနှစ်မှာ Intel ရဲ့ Latest Processor တွေဖြစ်တဲ့ 8th Generation Processor တွေနဲ့ အစားထိုးပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု Intel 8th Gen Processor တွေကို အသုံးပြုလာတဲ့အပြင် MacBook Pro 15″ 2018 မှာဆိုရင် Intel Core i9 Processor ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး MacBook Pro 13 က Intel ရဲ့ 8th Gen Kaby Lake-R i5 နဲ့ i7 Processor တွေပါဝင်လာမှာဖြစ်ပြီးတော့ အဆိုပါ 8th Processor တွေက Dual Core အစား Quad Core ပါဝင်လာတော့မှာပဲဖြစ်ပါတယ်။ Apple ရဲ့ အဆိုအရတော့ အခု 2018 MacBook Pro 13 ဟာ မနှစ်က MacBook Pro 13 ထက် စွမ်းဆောင်ရည်ပိုင်း ၂ ဆ လောက်သာမယ်လို့ သိရပါတယ်။ RAM အနေနဲ့ကတော့ Maximum ကို 16GB အထိ အသုံးပြုနိုင်မှာဖြစ်ပြီး Storage ကိုလည်း 2TB SSD အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

MacBook Pro 15 Model ကတော့ Intel ရဲ့ i7 8th Gen Processor တွေအပြင် 6 Cores ပါဝင်တဲ့ Intel Core i9 Processor ကိုပါ ရွေးချယ်နိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple ဟာ မနှစ်တုန်းက i7 Processor နဲ့ ယှဉ်မယ်ဆိုရင် စွမ်းဆောင်ရည်က ၇၀ ရာခိုင်နှုန်းကျော်တိုးတက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အခု MacBook Pro 15 မှာတော့ RAM ကို 32GB အထိ တိုးမြှင့်နိုင်ပြီးတော့ SSD ကိုလည်း 4TB အထိ ဝယ်ယူနိုင်မှာပါ။ 15″ Model က Graphic Card လည်း ပါဝင်မှာဖြစ်ပီး AMD Radeon Pro 555X 4G GDDR5 ဒါမှမဟုတ် Radeon Pro 560X 4GB GDDR5 Graphic Card ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Processor ပိုင်းပြောင်းလဲမှုတွေအပြင် Apple ဟာ ယခု MacBook Pro 2018 Model တွေမှာ 3rd Generation Butterfly မျိုးဆက်တွေကိုလည်း မိတ်ဆက်ခဲ့ပြီး ယခင်ကထက် စာရိုက်တဲ့အချိန်မှာ အသံပိုတိုးသွားတော့မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် T2 Security Chip ကိုလည်း ထည့်သွင်းလာပြီးတော့ Hey Siri Command ကိုလည်း အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။ Display ပိုင်းကိုလည်း အဆင့်မြှင့်တင်ခဲ့ပြီးတော့ ယခင်တုန်းက Super Retina Display အပြင် True Tone Display ကိုပါ သဘာဝဆန်တဲ့ ကြည့်ရှုခံစားမှုရရှိအောင်လို့ ထည့်သွင်းလာခဲ့တာပဲဖြစ်ပါတယ်။

Apple က အခု MacBook Pro အသစ်တွေအပြင် AMD Radeon Pro 580 8GB GDDDR5 Graphic Card တပ်ဆင်ထားတဲ့ eGPU Enclosure ကိုလည်း မိတ်ဆက်ခဲ့ပြီး အဆိုပါ eGPU ဟာ iMac တွေပဲဖြစ်ဖြစ် MacBook တွေနဲ့ပဲဖြစ်ဖြစ် တွဲဖက်ပြီး အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

ဈေးနှုန်းပိုင်းအနေနဲ့ကတော့ အခုကြေညာသွားတဲ့ MacBook Pro 13″ ဟာ ၁၇၉၉ ဒေါ်လာ ကနေ စတင်မှာဖြစ်ပြီးး 15″ MacBook Pro ကတော့ ၂၃၉၉ ဒေါ်လာ ကနေ စတင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအရတော့ မနှစ်က MacBook Pro နဲ့ ကွာခြားခြင်းမရှိပေမယ့် Core i9 Version မှာတော့ ကွာခြားသွားမှာပဲဖြစ်ပါတယ်။