Facebook ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ မတ်ဇူကာဘတ်ကတော့ အမေရိကန် ကွန်ဂရက်လွတ်တော်မှာ တရားရင်ဆိုင်နေရပါပြီ။ ရုံးချိန်း (၂) ချိန်း ပြီးမြှောက်သွားပြီလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်ဇူကာဘတ်ကို တရားစွဲထားတာပါ။

မကြာသေးမီရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ Cambridge Analytica ဂယက်ဟာ Facebook အပေါ်တော်တော်လေးကို ရိုက်ခက်သွားတာလည်းဖြစ်ပါတယ်။ ထိုကိစ္စကြောင့်လည်း မတ်ဇူကာဘတ်အနေနဲ့ ရုံတင်စစ်ဆေးခံရတာပါ။ လူပေါင်း သန်း (၈၀) ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ ။ တီရှပ်ပေါ့ပါ့ပါးပါး လေးတွေကိုသာ ကြိုက်နှစ်သက်စွာ ၀တ်ဆင်လေ့ရှိတဲ့ မတ်ဇူကာဘတ်တစ်ယောက် ရုံးချိန်းကိုတော့ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ တတ်ရောက်နေတာလည်းဖြစ်ပါတယ်။ ရုံးချိန်းက တစ်နေ့ကို (၁၀) နာရီလောက်အထိ ကြားနာတာလည်း ဖြစ်ပါတယ်။ မတ်အနေနဲ့ အနည်းငယ်ကြောက်ရွံ့နေပုံပေါ်သော်လည်း ယခုအချိန်အထိ အကောင်းဆုံးစွမ်းဆောင်နိုင်နေတာလည်း ဖြစ်ပါတယ်။ မတ်ဇူကာဘတ်အနေနဲ့လည်း သူအမှားတွေအတွက် အလုံးစုံ ၀န်ခံခဲ့ပါတယ်။ နောက်တွင် ထိုအမှားတွေကို ပြင်ဆင်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

Source: Dailymail.co.uk

မတ်ရဲ့ ရုံးချိန်းမှာ မြန်မာနိုင်ငံရခိုင်အရေးအကြောင်းလည်း ထည့်သွင်းပြောသွားပါတယ်။ မတ်အနေနဲ့ မြန်မာနိုင်ငံတွင် အမုန်းတရားစာသားများ မပြန့်ပွားရန် ဆောင်ရွက်ပေးသွားမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

Source: www.guardian.ng.com

မတ်အနေနဲ့ ဆက်လက်ပြီး တရားရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်။ ကွန်ဂရက်တွင် မတ်ရဲ့ အဖြေကောင်းမွန်မှုတွေကြောင့် Facebook ရဲ့ ရှယ်ယာတန်ဖိုးလည်း မြင့်တတ်သွားခဲ့ပါတယ်။ Facebook နဲ့ မတ်ရဲ့အနာဂတ် ဘာဆက်ဖြစ်မလဲဆိုတာကိုး ဆက်လက်စောင့်ကြည့်ရအောင်။