Huawei ရဲ႕ ဗီဒီယုိအသစ္ဟာ မၾကာခင္ထြက္လာမယ့္ Mate 20 Pro ဖုန္းကို “ေလ့လာၾကည့္ဖို႔ ထိုက္တန္တဲ့ အသစ္ဆန္း တစ္စုံတစ္ရာ” ဆုိတဲ့ စကားစုနဲ႔ Tease လုပ္ခဲ့ျပီး မ်ဳိးဆက္သစ္ Flagship ဟန္းဆက္မွာ ထည့္သြင္းလာမယ့္ ေလးေထာင့္ပုံစံ ကင္မရာ Module ကိုထပ္မံ သဲလြန္စျပခဲ့ပါတယ္။

Mate 20 Pro မွာပါလာမယ့္ ကင္မရာပုံစံနဲ႔ပတ္သက္ျပီး Leak ပုံရိပ္ေတြလည္း ျမင္ခဲ့ရျပီးျပီ ျဖစ္ကာ Mate 20 Pro မွာ ေလးေထာင့္ပုံစံ Module ေနရာထဲ ကင္မရာသုံးလုံးနဲ႔ LED Flash တစ္ခုတုိ႔ ပါဝင္လာမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။

ေရွ႕ဘက္မွာေတာ့ Mate 20 Pro ဟာ Wide Notch တစ္ခုကုိ ထည့္သြင္းလာရမွာ ျဖစ္ျပီး Huawei ရဲ႕ မ်က္ႏွာသိမွတ္ နည္းပညာ ထည့္သြင္းဖို႔ ျဖစ္ပါတယ္။ Mate 20 မွာေတာ့ ပိုေသးတဲ့ Notch တစ္ခုသာ ပါဝင္လာဖုိ႔ ေမွ်ာ္လင့္ရျပီး ေရွ႕ဘက္ကင္မရာ တစ္လုံးထဲ ပါဝင္လာမယ္လုိ႔ ယူဆရတယ္။

ဒီဖုန္းအသစ္ေတြနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ အျပည့္အစုံကိုေတာ့ လာမယ့္ ေအာက္တုိဘာလ ၁၆ ရက္ေန႔မွာ လန္ဒန္ျမိဳ႕မွာ က်င္းပသြားမယ့္ တရားဝင္မိတ္ဆက္ပြဲကေန သိရေတာ့မွာ ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ မီဒီယာ မိတ္ဆက္စာမွာလည္း အလားတူ ေလးေထာင့္ကင္မရာ Module ၊ ပိုျပီးသြက္လက္လာမယ့္ AI နည္းပညာနဲ႔ Kirin 980 Chipset တုိ႔ကို သဲလြန္စေပးသြားခဲ့ပါေသးတယ္။

Ref – https://www.gsmarena.com/huawei_teases_the_mate_20_pros_rectangular_camera-news-33290.php

Unicode

Huawei ရဲ့ ဗီဒီယိုအသစ်ဟာ မကြာခင်ထွက်လာမယ့် Mate 20 Pro ဖုန်းကို “လေ့လာကြည့်ဖို့ ထိုက်တန်တဲ့ အသစ်ဆန်း တစ်စုံတစ်ရာ” ဆိုတဲ့ စကားစုနဲ့ Tease လုပ်ခဲ့ပြီး မျိုးဆက်သစ် Flagship ဟန်းဆက်မှာ ထည့်သွင်းလာမယ့် လေးထောင့်ပုံစံ ကင်မရာ Module ကိုထပ်မံ သဲလွန်စပြခဲ့ပါတယ်။

Mate 20 Pro မှာပါလာမယ့် ကင်မရာပုံစံနဲ့ပတ်သက်ပြီး Leak ပုံရိပ်တွေလည်း မြင်ခဲ့ရပြီးပြီ ဖြစ်ကာ Mate 20 Pro မှာ လေးထောင့်ပုံစံ Module နေရာထဲ ကင်မရာသုံးလုံးနဲ့ LED Flash တစ်ခုတို့ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ရှေ့ဘက်မှာတော့ Mate 20 Pro ဟာ Wide Notch တစ်ခုကို ထည့်သွင်းလာရမှာ ဖြစ်ပြီး Huawei ရဲ့ မျက်နှာသိမှတ် နည်းပညာ ထည့်သွင်းဖို့ ဖြစ်ပါတယ်။ Mate 20 မှာတော့ ပိုသေးတဲ့ Notch တစ်ခုသာ ပါဝင်လာဖို့ မျှော်လင့်ရပြီး ရှေ့ဘက်ကင်မရာ တစ်လုံးထဲ ပါဝင်လာမယ်လို့ ယူဆရတယ်။

ဒီဖုန်းအသစ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အပြည့်အစုံကိုတော့ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ လန်ဒန်မြို့မှာ ကျင်းပသွားမယ့် တရားဝင်မိတ်ဆက်ပွဲကနေ သိရတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ မီဒီယာ မိတ်ဆက်စာမှာလည်း အလားတူ လေးထောင့်ကင်မရာ Module ၊ ပိုပြီးသွက်လက်လာမယ့် AI နည်းပညာနဲ့ Kirin 980 Chipset တို့ကို သဲလွန်စပေးသွားခဲ့ပါသေးတယ်။

Ref – https://www.gsmarena.com/huawei_teases_the_mate_20_pros_rectangular_camera-news-33290.php