Zawgyi

နာမည္ႀကီး ေဖာ္ျမဴလာဝမ္း ကားေမာင္းၿပိဳင္ပြဲဟာ လာမယ့္ အႏွစ္သုံးဆယ္ အတြင္းမွာ ဗီဒီယို ဂိမ္းအသြင္ ေျပာင္းလဲလာေတာ့မယ္လို႔ ၿပိဳင္ကား ကုမၸဏီ McLaren ကေန စိတ္ကူး ပုံေဖာ္ျပလိုက္ပါတယ္။ McLaren ရဲ႕ “MCLExtreme” နာမည္ေပးထားတဲ့ သုေတသန ပေရာဂ်က္ တစ္ခုအရ ေလေပၚပ်ံတာကလြဲလို႔ က်န္တဲ့ အရာေတြအကုန္ ျပဳလုပ္နိုင္ေတာ့မယ္လို႔ သိရပါတယ္။ လွ်ပ္စစ္ စြမ္းအင္အသုံးျပဳၿပီး ေမာင္းႏွင္မယ့္ အဆိုပါ အနာဂတ္ၿပိဳင္ကားေတြဟာ တစ္နာရီ မိုင္ ၃၁၀ ထိေမာင္းႏွင္နိုင္ၿပီး မိုင္ ၂၅၀ ႏႈန္းနဲ႕ ၉၀ ဒီဂရီေဒါင့္ခ်ိဳးေတြကို ေကြ႕နိုင္မွာပါ။

ၿပိဳင္ကားေတြကို လွ်ပ္စစ္အားေပးဖို႔ အတြက္ေတာ့ ၿပိဳင္ကားပတ္လမ္းေတြကေန ကားဘီးေပၚက လွ်ပ္စစ္ လက္ခံျပားကို တိုက္ရိုက္ အားသြင္းေပးမွာပါ။ ၿပိဳင္ကားေပၚမွာလဲ ဘက္ထရီ ထည့္သြင္းထားဦးမွာျဖစ္ၿပီး ဘက္ထရီအား 10% ကေန 50% ထိေရာက္ေအာင္ ဆယ္စကၠန႔္ပဲၾကာျမင့္မွာပါ။ အခုေခတ္ လွ်ပ္စစ္ကားေတြလို အားကုန္သြားရင္ ခဏရပ္ၿပီး အားျပန္သြင္းစရာမလိုေတာ့ပဲ အားသြင္းေပးမယ့္ ပတ္လမ္းေၾကာင္းေပၚမွာ ခဏ​ေလးေမာင္းႏွင္လိုက္႐ုံနဲ႕ အားျပန္ျပည့္လာမွာပါ။

ၿပိဳင္ကား ပတ္လမ္းေၾကာင္းကလဲ အရင္လို မရိုးရွင္းေတာ့ပဲ ေတာင္ကုန္းေတြနဲ႕ နိမ့္ေလွ်ာေတြပါလာမွာပါ။ ၿပိဳင္ကားေမာင္းႏွင္တဲ့ သူေတြကလည္း ဂ်က္ေလယဥ္ေမာင္းႏွင္တဲ့ အထူးျပဳလုပ္ထားတဲ့ ဝတ္စုံေတြဝတ္ဆင္ထားရမွာ ျဖစ္ၿပီး အရွိန္တအားမ်ားတဲ့ ဒဏ္ကေန ခႏၶာကိုယ္ကို မထိခိုက္ေအာင္ ကာကြယ္ေပးမွာပါ။

ရႈပ္ေထြး ခက္ခဲတဲ့ လမ္းေၾကာင္းေတြနဲ႕ အႏၲရာယ္ေတြကို ကာကြယ္ဖို႔အတြက္ေတာ့ ၿပိဳင္ကားေမာင္ႏွင္တဲ့ သူေတြကို အကူအညီေပးမယ့္ AI စနစ္ကို ထည့္သြင္းေပးထားမွာပါ။ အဆိုပါ AI စနစ္ဟာ ၿပိဳင္ကားေမာင္းႏွင္သူေတြရဲ႕ စိတ္ခံစားခ်က္ေတြကို သိရွိနားလည္ နိုင္ၿပီး သက္ဆိုင္ရာအေျခအေနအေလ်ာက္ အေကာင္းဆုံးအႀကံဉာဏ္ေတြေပးသြားဦးမွာပါ။

McLaren ရဲ႕ စိတ္ကူးပုံေဖာ္ထားတဲ့ အဆိုပါ Concept Design ေတြဟာ အေတာ္ေလးလန္းၿပီး AI အေထာက္အပံ့နဲ႕ အတူ တစ္နာရီ မိုင္သုံးရာေက်ာ္ ေမာင္းႏွင္နိုင္မယ့္ ေဖာ္ျမဴလာဝမ္း ၿပိဳင္ကားေတြကို ေနာက္လာမယ့္ အႏွစ္သုံးဆယ္မွာ အမွန္တစ္ကယ္ ေတြ႕လာရေတာ့မွာပါ။ ဒီထက္လည္း ေစာခ်င္ေစာနိုင္ပါတယ္။

Ref: Engadget

Unicode

AI အကူအညီနဲ့ မောင်းနှင်မယ့် အနာဂတ် ပြိုင်ကားများကို McLaren ပုံဖော်

နာမည်ကြီး ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲဟာ လာမယ့် အနှစ်သုံးဆယ် အတွင်းမှာ ဗီဒီယို ဂိမ်းအသွင် ပြောင်းလဲလာတော့မယ်လို့ ပြိုင်ကား ကုမ္ပဏီ McLaren ကနေ စိတ်ကူး ပုံဖော်ပြလိုက်ပါတယ်။ McLaren ရဲ့ “MCLExtreme” နာမည်ပေးထားတဲ့ သုတေသန ပရောဂျက် တစ်ခုအရ လေပေါ်ပျံတာကလွဲလို့ ကျန်တဲ့ အရာတွေအကုန် ပြုလုပ်နိုင်တော့မယ်လို့ သိရပါတယ်။ လျှပ်စစ် စွမ်းအင်အသုံးပြုပြီး မောင်းနှင်မယ့် အဆိုပါ အနာဂတ်ပြိုင်ကားတွေဟာ တစ်နာရီ မိုင် ၃၁၀ ထိမောင်းနှင်နိုင်ပြီး မိုင် ၂၅၀ နှုန်းနဲ့ ၉၀ ဒီဂရီဒေါင့်ချိုးတွေကို ကွေ့နိုင်မှာပါ။

ပြိုင်ကားတွေကို လျှပ်စစ်အားပေးဖို့ အတွက်တော့ ပြိုင်ကားပတ်လမ်းတွေကနေ ကားဘီးပေါ်က လျှပ်စစ် လက်ခံပြားကို တိုက်ရိုက် အားသွင်းပေးမှာပါ။ ပြိုင်ကားပေါ်မှာလဲ ဘက်ထရီ ထည့်သွင်းထားဦးမှာဖြစ်ပြီး ဘက်ထရီအား 10% ကနေ 50% ထိရောက်အောင် ဆယ်စက္ကန့်ပဲကြာမြင့်မှာပါ။ အခုခေတ် လျှပ်စစ်ကားတွေလို အားကုန်သွားရင် ခဏရပ်ပြီး အားပြန်သွင်းစရာမလိုတော့ပဲ အားသွင်းပေးမယ့် ပတ်လမ်းကြောင်းပေါ်မှာ ခဏ​လေးမောင်းနှင်လိုက်ရုံနဲ့ အားပြန်ပြည့်လာမှာပါ။

ပြိုင်ကား ပတ်လမ်းကြောင်းကလဲ အရင်လို မရိုးရှင်းတော့ပဲ တောင်ကုန်တွေနဲ့ နိမ့်လျှောတွေပါလာမှာပါ။ ပြိုင်ကားမောင်းနှင်တဲ့ သူတွေကလည်း ဂျက်လေယဉ်မောင်းနှင်တဲ့ အထူးပြုလုပ်ထားတဲ့ ဝတ်စုံတွေဝတ်ဆင်ထားရမှာ ဖြစ်ပြီး အရှိန်တအားများတဲ့ ဒဏ်ကနေ ခန္ဓာကိုယ်ကို မထိခိုက်အောင် ကာကွယ်ပေးမှာပါ။

ရှုပ်ထွေး ခက်ခဲတဲ့ လမ်းကြောင်းတွေနဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်တော့ ပြိုင်ကားမောင်နှင်တဲ့ သူတွေကို အကူအညီပေးမယ့် AI စနစ်ကို ထည့်သွင်းပေးထားမှာပါ။ အဆိုပါ AI စနစ်ဟာ ပြိုင်ကားမောင်းနှင်သူတွေရဲ့ စိတ်ခံစားချက်တွေကို သိရှိနားလည် နိုင်ပြီး သက်ဆိုင်ရာအခြေအနေအလျောက် အကောင်းဆုံးအကြံဉာဏ်တွေပေးသွားဦးမှာပါ။

McLaren ရဲ့ စိတ်ကူးပုံဖော်ထားတဲ့ အဆိုပါ Concept Design တွေဟာ အတော်လေးလန်းပြီး AI အထောက်အပံ့နဲ့ အတူ တစ်နာရီ မိုင်သုံးရာကျော် မောင်းနှင်နိုင်မယ့် ဖော်မြူလာဝမ်း ပြိုင်ကားတွေကို နောက်လာမယ့် အနှစ်သုံးဆယ်မှာ အမှန်တစ်ကယ် တွေ့လာရတော့မှာပါ။ ဒီထက်လည်း စောချင်စောနိုင်ပါတယ်။

Ref: Engadget