Huawei ကုမၸဏီဟာ သူတုိ႔ရဲ႕ Mid-Range Tablet တစ္ခုျဖစ္တဲ့ MediaPad M5 Lite ကုိ တိတ္တဆိတ္ ဝက္ဘ္ဆုိက္ေပၚမွာ တင္လုိက္ျပီး တရားဝင္ေၾကျငာမႈ မလုပ္ခဲ့တဲ့ M5 Lite Tablet အသစ္မွာ အလူမီနီယမ္ ေပါင္းစပ္ကုိယ္ထည္နဲ႔ စပီကာေလးခု ပါဝင္လာတာေတြ႕ရပါတယ္။

MediaPad M5 Lite ဟာ 10.1” လက္မအရြယ္ 16:10 အခ်ဳိးနဲ႔ Display တပ္ဆင္ထားျပီး အၾကည္အားက 1920x 1200p Resolution ျဖစ္ပါတယ္။ Kirin 659 SoC ကိုအသုံးျပဳလာျပီး Android 8.0 Oreo ေပၚမွာ EMUI 8.0 အုပ္ထားတယ္။ မန္မုိရီေရြးခ်ယ္မႈကေတာ့ 3GB RAM + 32GB Storage သုိ႔မဟုတ္ 4GB RAM + 64GB ၾကိဳက္ရာ ေရြးခ်ယ္ႏုိင္မွာပါ။

သူ႕ရဲ႕အဓိက Feature က Harman/Kardon-Tuned စပီကာေလးလုံးျဖစ္ျပီး Huawei ရဲ႕ Histen 5.0 အသံထြက္စနစ္နဲ႔ ေပါင္းစပ္လုိက္တဲ့အခါ 3D ပတ္ပတ္လည္ အသံေပးစနစ္ကို တုပႏုိင္တဲ့ Sound System တစ္ခု ေပးႏုိင္မွာပါ။ Stylus ကလည္း ဖိအား Sensitivity အဆင့္ ၂၀၄၈ မ်ဳိးထိ အာရုံခံႏုိင္မယ့္ အလန္းစား Tablet တစ္ခု ျဖစ္ပါတယ္။

Huawei ရဲ႕ေျပာၾကားခ်က္အရ ဘကၳရီအားက 7500 mAh ေတာင္ရွိေနျပီး မာလ္တီမီဒီယာနဲ႔ Gaming ေဖ်ာ္ေျဖေရးပိုင္းမွာ ၾကာျမင့္စြာ အသုံးေတာ္ခံႏုိင္မယ္လုိ႔ သိရပါတယ္။ MediaPad M5 Lite ကုိေတာ့ Champagne Gold နဲ႔ Space Grey အေရာင္ႏွစ္မ်ဳိးနဲ႔ ရရွိႏုိင္မွာ ျဖစ္ေသာ္လည္း ေစ်းႏႈန္းေတြကိုေတာ့ အခုထိ မေဖာ္ျပလာေသးပါဘူး။

Ref – GSM Arena

Unicode

Huawei ကုမ္ပဏီဟာ သူတို့ရဲ့ Mid-Range Tablet တစ်ခုဖြစ်တဲ့ MediaPad M5 Lite ကို တိတ်တဆိတ် ဝက်ဘ်ဆိုက်ပေါ်မှာ တင်လိုက်ပြီး တရားဝင်ကြေငြာမှု မလုပ်ခဲ့တဲ့ M5 Lite Tablet အသစ်မှာ အလူမီနီယမ် ပေါင်းစပ်ကိုယ်ထည်နဲ့ စပီကာလေးခု ပါဝင်လာတာတွေ့ရပါတယ်။

MediaPad M5 Lite ဟာ 10.1” လက်မအရွယ် 16:10 အချိုးနဲ့ Display တပ်ဆင်ထားပြီး အကြည်အားက 1920x 1200p Resolution ဖြစ်ပါတယ်။ Kirin 659 SoC ကိုအသုံးပြုလာပြီး Android 8.0 Oreo ပေါ်မှာ EMUI 8.0 အုပ်ထားတယ်။ မန်မိုရီရွေးချယ်မှုကတော့ 3GB RAM + 32GB Storage သို့မဟုတ် 4GB RAM + 64GB ကြိုက်ရာ ရွေးချယ်နိုင်မှာပါ။

သူ့ရဲ့အဓိက Feature က Harman/Kardon-Tuned စပီကာလေးလုံးဖြစ်ပြီး Huawei ရဲ့ Histen 5.0 အသံထွက်စနစ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ 3D ပတ်ပတ်လည် အသံပေးစနစ်ကို တုပနိုင်တဲ့ Sound System တစ်ခု ပေးနိုင်မှာပါ။ Stylus ကလည်း ဖိအား Sensitivity အဆင့် ၂၀၄၈ မျိုးထိ အာရုံခံနိုင်မယ့် အလန်းစား Tablet တစ်ခု ဖြစ်ပါတယ်။

Huawei ရဲ့ပြောကြားချက်အရ ဘက္ထရီအားက 7500 mAh တောင်ရှိနေပြီး မာလ်တီမီဒီယာနဲ့ Gaming ဖျော်ဖြေရေးပိုင်းမှာ ကြာမြင့်စွာ အသုံးတော်ခံနိုင်မယ်လို့ သိရပါတယ်။ MediaPad M5 Lite ကိုတော့ Champagne Gold နဲ့ Space Grey အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်သော်လည်း ဈေးနှုန်းတွေကိုတော့ အခုထိ မဖော်ပြလာသေးပါဘူး။

Ref – GSM Arena