[Zawgyi]

Xiaomi က Mi Play စမတ္ဖုန္းကို မိတ္ဆက္ထားတာ ေလာေလာလတ္လတ္နဲ႔ ပူပူေႏြးေႏြးပဲ ရွိပါေသးတယ္။ Mi Play ဟာ Xiaomi ရဲ႕ စမတ္ဖုန္းစီးရီးသစ္ ျဖစ္တာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရသလို လူအမ်ားရဲ႕ အထင္ေသးျခင္းကိုလည္း ခံခဲ့ရပါတယ္။

Snapdragon SoC ေတြကို သုံးေနက်ကုမၸဏီက MediaTek SoC နဲ႔ပြဲထြက္လာလို႔ လူအမ်ားရဲ႕ အထင္ေသးျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ ပိုဆိုးတာက Helio P35 ဆိုတာ Mi Play ထြက္ေပၚလာမွ ၾကားဖူးလိုက္တာပါ။ MediaTek ဘက္ကလည္း Helio P35 နဲ႔ပတ္သတ္ၿပီး တခြန္းမွ ဖြင့္ဟေျပာဆိုျခင္းမရွိခဲ့သလို P35 မိတ္ဆက္ပြဲကိုလည္း သီးသန္႔ျပဳလုပ္ခဲ့ျခင္း မရွိပါဘူး။ ဒါ့ေၾကာင့္ နာမည္ကိုၾကည့္ၿပီး ဆုံးျဖတ္မယ္ဆိုရင္ Budget (Entry Level) SoC လို႔ ထင္မွတ္စရာပါ။

တကယ့္ တကယ္မွာေတာ့ Helio P35 ဟာ Snapdragon 625 ကိုေတာင္ ယွဥ္ဖိုက္ၿပီး အႏိုင္ယူလိုက္ႏိုင္တဲ့ Mid-Range SoC အမ်ိဴးအစားပါ။ ဒါေပမယ့္ Snapdragon 636 ကိုေတာ့ မမွီပါဘူး။ Helio P35 ဟာ AnTuTu မွာ စုစုေပါင္း ရမွတ္ ၈၆,၃၅၂ ရရွိခဲ့ၿပီး Snapdragon 625 ရဲ႕ ရမွတ္ေတြထက္ ပိုမိုေကာင္းမြန္ခဲ့တာ ျဖစ္ပါတယ္။ MediaTek ကလည္း သူတို႔ရဲ႕ Helio P35 က Snapdragon 625 ထက္ပိုမိုေကာင္းမြန္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

Helio P35 ဟာ 12nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ Octa-core SoC အမ်ိဴးအစား ျဖစ္ပါတယ္။ Cortex-A53 Cores ၈လုံးကို အသုံးျပဳထားတာ ျဖစ္ၿပီး Clock Speed က Up to 2.3GHz အထိ ျဖစ္ပါတယ္။ Snapdragon 630 SoC မွာလည္း အလားတူ Cores ေတြကိုပဲ အသုံးျပဳထားတာျဖစ္ၿပီး Clock Speed ကေတာ့ Up to 2.2GHz သာ ရွိပါတယ္။ ဒါ့အျပင္ Snapdragon 630 က 14nm SoC အမ်ိဴးအစားျဖစ္တဲ့အတြက္ Power Consumption အပိုင္းမွာလည္း Helio P35 (12nm) ကိုမွီမွာ မဟုတ္ပါဘူး။

Ref : gizmochina

[Unicode]

Xiaomi Mi Play မှာ သုံးထားတဲ့ MediaTek Helio P35 က Snapdragon 625 ထက်သာ

Xiaomi က Mi Play စမတ်ဖုန်းကို မိတ်ဆက်ထားတာ လောလောလတ်လတ်နဲ့ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ Mi Play ဟာ Xiaomi ရဲ့ စမတ်ဖုန်းစီးရီးသစ် ဖြစ်တာကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသလို လူအများရဲ့ အထင်သေးခြင်းကိုလည်း ခံခဲ့ရပါတယ်။

Snapdragon SoC တွေကို သုံးနေကျကုမ္ပဏီက MediaTek SoC နဲ့ပွဲထွက်လာလို့ လူအများရဲ့ အထင်သေးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ပိုဆိုးတာက Helio P35 ဆိုတာ Mi Play ထွက်ပေါ်လာမှ ကြားဖူးလိုက်တာပါ။ MediaTek ဘက်ကလည်း Helio P35 နဲ့ပတ်သတ်ပြီး တခွန်းမှ ဖွင့်ဟပြောဆိုခြင်းမရှိခဲ့သလို P35 မိတ်ဆက်ပွဲကိုလည်း သီးသန့်ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် နာမည်ကိုကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင် Budget (Entry Level) SoC လို့ ထင်မှတ်စရာပါ။

တကယ့် တကယ်မှာတော့ Helio P35 ဟာ Snapdragon 625 ကိုတောင် ယှဥ်ဖိုက်ပြီး အနိုင်ယူလိုက်နိုင်တဲ့ Mid-range SoC အမျိူးအစားပါ။ ဒါပေမယ့် Snapdragon 636 ကိုတော့ မမှီပါဘူး။ Helio P35 ဟာ AnTuTu မှာ စုစုပေါင်း ရမှတ် ၈၆,၃၅၂ ရရှိခဲ့ပြီး Snapdragon 625 ရဲ့ ရမှတ်တွေထက် ပိုမိုကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။ MediaTek ကလည်း သူတို့ရဲ့ Helio P35 က Snapdragon 625 ထက်ပိုမိုကောင်းမွန်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

Helio P35 ဟာ 12nm Architecture နဲ့ တည်ဆောက်ထားတဲ့ Octa-core SoC အမျိူးအစား ဖြစ်ပါတယ်။ Cortex-A53 Cores ၈လုံးကို အသုံးပြုထားတာ ဖြစ်ပြီး Clock Speed က Up to 2.3GHz အထိ ဖြစ်ပါတယ်။ Snapdragon 630 SoC မှာလည်း အလားတူ Cores တွေကိုပဲ အသုံးပြုထားတာဖြစ်ပြီး Clock Speed ကတော့ Up to 2.2GHz သာ ရှိပါတယ်။ ဒါ့အပြင် Snapdragon 630 က 14nm SoC အမျိူးအစားဖြစ်တဲ့အတွက် Power Consumption အပိုင်းမှာလည်း Helio P35 (12nm) ကိုမှီမှာ မဟုတ်ပါဘူး။

Ref : gizmochina