[Zawgyi]

Helio P60 ေတြကေတာ့ ေဖေဖာ္ဝါရီေလာက္တုန္းက မိတ္ဆက္ခဲ့တာျဖစ္ျပီး ဖုန္း ၁၅မ်ိဳးမွာ သံုးထားတဲ့ Chipset ေတြပါ။ Oppo F7 မွာတုန္းက ေတာ္ေတာ္သတိထားမိလာခဲ့ၾကတဲ့ Chipset ဆိုလညး္ မမွားပါဘူး။ အခုသူကေန P60 ရဲ႕ ေနာက္မ်ိဳးဆက္ Chipset ကိုထုတ္ဖို႔ျပင္ေနပါျပီ။

သူ႔ကို Helio P70 လို႔ နာမည္ေပးထားျပီး P60 နဲ႔ေတာ္ေတာ္ေလးဆင္တယ္လုိ႔ ေျပာရပါမယ္။ P60 တုန္းကလို Octa-Core Processor (A73 Four Cores+ A53 Four Cores) ကို 12nm Process ေပၚ အေျခခံျပီး ဖန္တီးထားတာျဖစ္ပါတယ္။ ခုခ်ိန္ထိေတာ့ CPU ရဲ႕ Clock Speed ေတြ GPU Core ေတြကို  အေသးစိတ္ မသိရေသးေပမယ့္ ဒါကို အဓိကထား ေျပာင္းလဲခ်င္တာ မဟုတ္ဘူးလို႔ေတာ့ ထင္ပါတယ္။

P60 တုန္းက “AI Processing Unit (APU)” နဲ႔အတူ MediaTek ရဲ႕ AI အသားေပး Chipset တစ္ခုလို႔ သိခဲ့ သံုးခဲ့ၾကျပီး ဒီတစ္ေခါက္ P70 ေတြမွာေတာ့ စြမ္းေဆာင္ရည္ပိုျမွင့္ေပးႏုိင္တဲ့ Neural Processing Unit (NPU) ကိုသံုးထားမွာ ျဖစ္ပါတယ္။

P60 ကေန P70 လို႔ ျမွင့္လိုက္ျပီဆိုရင္ နာမည္တင္ ေျပာင္းတာမဟုတ္ဘဲ Chipset ရဲ႕တည္ေဆာက္ပံု ေျပာင္းလဲတာ ဒါမွမဟုတ္ရင္ Core အေရအတြက္ ေျပာင္းလဲတာ တစ္ခုခုေတာ့ျဖစ္သင့္ပါတယ္။ ဒီ ၂မ်ိဳးထဲက တစ္ခုခုကမ်ား ေျပာင္းလဲႏုိင္ခ့ဲတယ္ဆိုရင္ ေသခ်ာပါတယ္ Snapdragon 710 ကို ယွဥ္ဖို႔ၾကိဳးစားေနတာလားလို႔ပဲ စဥ္းစားရေတာ့မွာပါ။

ၾကားရတဲ့သတင္းေတြအတိုင္းဆို MediaTek အေနနဲ႔ 7nm Process နဲ႔ဖန္တီးထားတဲ့ ASIC (Application-Specific Integrated Circuits) ေတြကို အေျမာက္အမ်ားထုတ္လုပ္ေတာ့မယ္ ဆိုတဲ့အေၾကာင္းနဲ႔ အံဲဒီ Circuits ေတြကိုကမာၻမွာ ဦးေဆာင္ေနတဲ့ အၾကီးဆံုး Console ထုတ္လုပ္သူၾကီးေတြအတြက္ ထုတ္လုပ္ေထာက္ပံ့ေပးမယ္လို႔ သိရပါတယ္။ ဒါဆို Sony , Nintendo ဒါမွမဟုတ္ရင္ Microsoft ဒီထဲက တစ္ခုခုမွာ ျမင္ေတြ႔ရေတာ့မွာပါပဲ။

Ref: GsmArena

[Unicode]

Helio P60 တွေကတော့ ဖေဖော်ဝါရီလောက်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ဖုန်း ၁၅မျိုးမှာ သုံးထားတဲ့ Chipset တွေပါ။ Oppo F7 မှာတုန်းက တော်တော်သတိထားမိလာခဲ့ကြတဲ့ Chipset ဆိုလည်း မမှားပါဘူး။ အခုသူကနေ P60 ရဲ့ နောက်မျိုးဆက် Chipset ကိုထုတ်ဖို့ပြင်နေပါပြီ။

သူ့ကို Helio P70 လို့ နာမည်ပေးထားပြီး P60 နဲ့တော်တော်လေးဆင်တယ်လို့ ပြောရပါမယ်။ P60 တုန်းကလို Octa-Core Processor (A73 Four Cores+ A53 Four Cores) ကို 12nm Process ပေါ် အခြေခံပြီး ဖန်တီးထားတာဖြစ်ပါတယ်။ ခုချိန်ထိတော့ CPU ရဲ့ Clock Speed တွေ GPU Core တွေကို  အသေးစိတ် မသိရသေးပေမယ့် ဒါကို အဓိကထား ပြောင်းလဲချင်တာ မဟုတ်ဘူးလို့တော့ ထင်ပါတယ်။

P60 တုန်းက “AI Processing Unit (APU)” နဲ့အတူ MediaTek ရဲ့ AI အသားပေး Chipset တစ်ခုလို့ သိခဲ့ သုံးခဲ့ကြပြီး ဒီတစ်ခေါက် P70 တွေမှာတော့ စွမ်းဆောင်ရည်ပိုမြှင့်ပေးနိုင်တဲ့ Neural Processing Unit (NPU) ကိုသုံးထားမှာ ဖြစ်ပါတယ်။

P60 ကနေ P70 လို့ မြှင့်လိုက်ပြီဆိုရင် နာမည်တင် ပြောင်းတာမဟုတ်ဘဲ Chipset ရဲ့တည်ဆောက်ပုံ ပြောင်းလဲတာ ဒါမှမဟုတ်ရင် Core အရေအတွက် ပြောင်းလဲတာ တစ်ခုခုတော့ဖြစ်သင့်ပါတယ်။ ဒီ ၂မျိုးထဲက တစ်ခုခုကများ ပြောင်းလဲနိုင်ခဲ့တယ်ဆိုရင် သေချာပါတယ် Snapdragon 710 ကို ယှဉ်ဖို့ကြိုးစားနေတာလားလို့ပဲ စဉ်းစားရတော့မှာပါ။

ကြားရတဲ့သတင်းတွေအတိုင်းဆို MediaTek အနေနဲ့ 7nm Process နဲ့ဖန်တီးထားတဲ့ ASIC (Application-Specific Integrated Circuits) တွေကို အမြောက်အများထုတ်လုပ်တော့မယ် ဆိုတဲ့အကြောင်းနဲ့ အံဲဒီ Circuits တွေကိုကမ္ဘာမှာ ဦးဆောင်နေတဲ့ အကြီးဆုံး Console ထုတ်လုပ်သူကြီးတွေအတွက် ထုတ်လုပ်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ဒါဆို Sony , Nintendo ဒါမှမဟုတ်ရင် Microsoft ဒီထဲက တစ်ခုခုမှာ မြင်တွေ့ရတော့မှာပါပဲ။

Ref: GsmArena