[Zawgyi]

ထိုင္ဝမ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီႀကီး တစ္ခုျဖစ္တဲ့ MediaTek အေနနဲ႔ Helio P90 SoC ကို လြန္ခဲ့တဲ့ ၂ပတ္ေလာက္တုန္းက တရားဝင္မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ Helio P90 SoC ကို ၂၀၁၉ခုႏွစ္ Q1 ( 1 Jan – 31 March) မွာ ထြက္ရွိလာမယ့္ Oppo R19 စမတ္ဖုန္းမွာ စတင္အသုံးျပဳထားႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

ဒီေန႔မွာေတာ့ Helio P90 SoC အသုံးျပဳ စမတ္ဖုန္းတစ္လုံးဟာ AnTuTu ဝက္ဆိုက္ေပၚကို ေရာက္ရွိလာေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ ဘာဖုန္းအမ်ိဴးအစားလဲဆိုတာ အတိအက်မသိရေသးေပမယ့္ AnTuTu ရမွတ္ေတြအရဆိုရင္ေတာ့ Qualcomm ရဲ႕ Snapdragon 710 SoC ကို ယွဥ္ဖိုက္ႏိုင္တဲ့ အေနအထားမွာ ရွိပါတယ္။ ေသခ်ာတာကေတာ့ Huawei ရဲ႕ Kirin 710 SoC ထက္ အမ်ားႀကီးသာပါတယ္။

Helio P90 SoC ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းဟာ Resolution 1080 x 2160 pixels ရွိတဲ့ Full HD+ Display နဲ႔ျဖစ္ပါတယ္။ RAM အေနနဲ႔ 6GB ပါဝင္တာ ေတြ႕ရၿပီး Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားပါတယ္။ အဆိုပါ စမတ္ဖုန္းရဲ႕ စုစုေပါင္းရမွတ္က ၁၆၂,၈၆၁ အထိရရွိထားတဲ့အတြက္ Snapdragon 710 ရဲ႕ ရမွတ္ေတြနဲ႔ မတိမ္းမယိမ္းပဲ ကြာျခားေနတာ ေတြ႕ရပါတယ္။

Helio P90 ဟာ 12nm Architecture နဲ႔တည္ေဆာက္ထားတဲ့ Octa-core Processor ျဖစ္ပါတယ္။ 2.2GHz ရွိတဲ့ Cortex A75 Cores ၂လုံးနဲ႔ 2.0GHz ရွိတဲ့ Cortex A55 Cores ၆လုံးကို ေပါင္းစပ္ဖြဲ႕စည္းထားတာပါ။ A.I. စြမ္းေဆာင္ရည္အပိုင္းမွာဆိုရင္လည္း အရင္မ်ိဴးဆက္ Helio P60 နဲ႔ Helio P70 တို႔ထက္ ၄ဆ အထိ ပိုမိုေကာင္းမြန္လာမွာ ျဖစ္ေၾကာင္း MediaTek က ေျပာၾကားထားပါတယ္။

Ref : gizmochina

[Unicode]

Snapdragon 710 SoC ရဲ့ အကောင်းဆုံး ပြိုင်ဘက် MediaTek Helio P90

ထိုင်ဝမ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ MediaTek အနေနဲ့ Helio P90 SoC ကို လွန်ခဲ့တဲ့ ၂ပတ်လောက်တုန်းက တရားဝင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Helio P90 SoC ကို ၂၀၁၉ခုနှစ် Q1 ( 1 Jan – 31 March) မှာ ထွက်ရှိလာမယ့် Oppo R19 စမတ်ဖုန်းမှာ စတင်အသုံးပြုထားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။

ဒီနေ့မှာတော့ Helio P90 SoC အသုံးပြု စမတ်ဖုန်းတစ်လုံးဟာ AnTuTu ဝက်ဆိုက်ပေါ်ကို ရောက်ရှိလာကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ ဘာဖုန်းအမျိူးအစားလဲဆိုတာ အတိအကျမသိရသေးပေမယ့် AnTuTu ရမှတ်တွေအရဆိုရင်တော့ Qualcomm ရဲ့ Snapdragon 710 SoC ကို ယှဥ်ဖိုက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ သေချာတာကတော့ Huawei ရဲ့ Kirin 710 SoC ထက် အများကြီးသာပါတယ်။

Helio P90 SoC ကို အသုံးပြုထားတဲ့ စမတ်ဖုန်းဟာ Resolution 1080 x 2160 pixels ရှိတဲ့ Full HD+ Display နဲ့ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ပါဝင်တာ တွေ့ရပြီး Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားပါတယ်။ အဆိုပါ စမတ်ဖုန်းရဲ့ စုစုပေါင်းရမှတ်က ၁၆၂,၈၆၁ အထိရရှိထားတဲ့အတွက် Snapdragon 710 ရဲ့ ရမှတ်တွေနဲ့ မတိမ်းမယိမ်းပဲ ကွာခြားနေတာ တွေ့ရပါတယ်။

Helio P90 ဟာ 12nm Architecture နဲ့တည်ဆောက်ထားတဲ့ Octa-core Processor ဖြစ်ပါတယ်။ 2.2GHz ရှိတဲ့ Cortex A75 Cores ၂လုံးနဲ့ 2.0GHz ရှိတဲ့ Cortex A55 Cores ၆လုံးကို ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ A.I. စွမ်းဆောင်ရည်အပိုင်းမှာဆိုရင်လည်း အရင်မျိူးဆက် Helio P60 နဲ့ Helio P70 တို့ထက် ၄ဆ အထိ ပိုမိုကောင်းမွန်လာမှာ ဖြစ်ကြောင်း MediaTek က ပြောကြားထားပါတယ်။

Ref : gizmochina