အခုနောက်ပိုင်း နားကျပ်ပေါက်နဲ့ နားကျပ်တွေကနေ ကြိုးမဲ့ နားကျပ် (Bluetooth) တွေကို ပြောင်းပြီး သုံးစွဲလာကြပါတယ်။

Xelento ကြိုးမဲ့ Bluetooth နားကျပ်ကတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၂၀၀ နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။

Xelento Bluetooth နားကျပ်က အင်္ကျီမှာ ချိတ်ဖို့ ချိတ်ပေးပါဝင်ပြီး ဘက်ထရီကလည်း ၅.၅ နာရီလောက်ခံနိုင်ရည်ရှိပါတယ်။

ဂျာမန် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Beyerdynamic ကုမ္ပဏီက Xelento Bluetooth နားကျပ်ကို ၂၀၁၇ခုနှစ် မေလ ၁၈ ကနေ ၂၁ ရက်အတွင်း နည်းပညာမြင့် ပစ္စည်းတွေမိတ်ဆက်တဲ့ ပွဲမှာစတင် ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အကယ်၍ Wireless Bluetooth နားကျပ်ဖြစ်ပေမယ့်လည်း ဘက်ထရီမရှိတော့ရင် ဂျပ်ပင်ခေါင်း (3.5 mm Port) နဲ့လည်း ချိတ်ဆက်ပြီး အသုံးပြုလို့ရပါတယ်။

နားကျပ်ခေါင်းကလည်း နားထဲကနေ အလွယ်တကူနဲ့ ပြုတ်ကျလို့မရအောင် အထူးပြုလုပ်ထားပါတယ်။ နားကျပ်ရဲ့ အလေးချိန်ကတော့ 7 g ရှိပါတယ်။

အသံရဲ့ အရေအသွေးကလည်း ကြည်လင်ပြတ်သားပြီး နားထိခိုက်မှုမရှိအောင် အဆင့်မြင့်နည်းပညာတွေသုံးကာပြုလုပ်ထားပါတယ်။