Zawgyi

ကင္မရာမ်ားေလ ေကာင္းေလ လို႔ ထင္ေနၾကတဲ့ ကင္မရာ သံုးလံုးတြဲ ေလးလံုးတြဲေခတ္မွာ ကင္မရာ ႏွစ္လံုးတြဲဖုန္းဆိုတာ စံသက္မွတ္ခ်က္လိုျဖစ္သြားပါျပီ။ ေနာက္ေက်ာဘက္ ကင္မရာ ဗလပြနဲ႔ Nokia ရဲ႕ Pure View ဆိတဲ့ဖုန္းေတာင္ ေပၚလာေတာ့မွာဆိုေတာ့ ကင္မရာ အတြဲလိုက္ဖုန္းေတြက ထူးဆန္းတဲ့ အရာေတြေတာ့မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ အေနာက္ဘက္မွာသာ ကင္မရာ သံုးလံုးတြဲေလးလံုးတြဲေတြ တပ္ဆင္လာေပမယ့္ ဖုန္း အေရွ႕ဘက္ ဆယ္လ္ဖီး ကင္မရာကိုေတာ့ ဘယ္သူမွ သံုးလံုးတြဲ ေလးလံုးတြဲ မတပ္ဖူးေသးပါဘူး။ အလြန္ဆံုး ႏွစ္လံုးတြဲ ဆယ္လ္ဖီး ကင္မရာ စနစ္ကိုသာ ေတြ႔ရပါေသးတယ္။ ဒါေပမယ့္ မၾကာေသးခင္ကမွ Xiaomi ကေန နယ္ခ်ဲ႕လိုက္တဲ့ တရုတ္ ကုမၸဏီ Meitu ကေန ထုတ္မယ့္ဖုန္းမွာေတာ့ ဆယ္လ္ဖီး ကင္မရာ လံုးလံုးျပဴးပါဝင္လာပါေတာ့မယ္တဲ့။

Xiaomi ကေန Meitu Hardware ပိုင္းကိုယူလိုက္ေပမယ့္ Brand ခြဲတစ္ခုအျဖစ္ Meitu တံဆိပ္နဲ႔ ဖုန္းေတြကိုေတြ႔ရမွာျဖစ္ျပီး ကင္မရာပိုင္း ကိုလဲ Meitu ဘက္ကပဲ ကိုင္တြယ္ရမွာပါ။ အဲ့ဒါေၾကာင့္ အခု ဆယ္လ္ဖီး ကင္မရာ သံုးလံုးျပဴးနဲ႔ ဖုန္းကလည္း Meitu ရဲ႕ အၾကံဥာဏ္ပဲ ျဖစ္ႏိုင္ပါတယ္။ တရုတ္ နည္းပညာ ေထာက္ခံခ်က္လက္မွတ္ေပးတဲ့ ေအဂ်င္စီ ျဖစ္တဲ့ TENAA ကေနျပီး အဆိုပါ Meitu ဖုန္းရဲ႕ အခ်က္အလက္ေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ Meitu ဖုန္းမွာ ပါဝင္တဲ့ ဆယ္လ္ဖီး ကင္မရာေတြကေတာ့ 12MP+20MP+8MP အသီးသီးရွိၾကျပီး ဘယ္ Sensor ကိုသံုးထားတယ္နဲ႔ Aperture ဘယ္ေလာက္ရွိတယ္ အစရွိတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။

ေဖာ္ျပထားတဲ့ပံုအရ အဆိုပါ Meitu ဖုန္းမွာ ဧရာမ Notch ၾကီးပါဝင္လာျပီး iPhone X ေရာ Pixel 3XL Notch ထက္ေရာ ပိုၾကီးပါတယ္။ ဖုန္းေနာက္ေက်ာဘက္မွာေတာ့ 12MP+8MP ရွိတဲ့ ကင္မရာ ႏွစ္လံုးတြဲ ပါလာပါတယ္။ ဖုန္းဒီဇိုင္းကေတာ့ ျမင္ရတဲ့အတိုင္းပဲ ထူးျခားတဲ့ ဒီဇိုင္းျဖစ္ျပီး Vertu ဖုန္းေတြကို တုပထားတယ္လို႔ေျပာလို႔ရပါတယ္။ ဒါေပမယ့္ Screen ကေတာ့ 6.21-inch အရြယ္ OLED Display တပ္ဆင္ေပးျပီး Full HD+ Resolution ရွိပါတယ္။ အသံုးျပဳထားတဲ့ SoC ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားထားျခင္းမရွိပဲ 2.6GHz အျမန္ႏွုန္းရွိတဲ့ Core အၾကီးေလးလံုးနဲ႔ 1.7GHz အျမန္ႏွုန္းရွိ Core အေသး ေလးလံုးနဲ႔ ဖြဲ႔စည္းထားပါတယ္။ RAM ပမာဏ 8GB ရွိျပီး Internal Storage 128GB နဲ႔ 256GB ဆိုျပီး ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္ပါလိမ့္မယ္။ ဘက္ထရီပမာဏ 3,400mAh ပါဝက္ျပီး Android 9.0 ကို တစ္ပါတည္းထည့္သြင္းေပးမွာျဖစ္ျပီး MIUI ကိုမသံုးထားပဲ Meitu ရဲ႕ ကိုယ္ပိုင္ UI ကို အသံုးျပဳေပးထားႏိုင္ပါတယ္။

Ref: Giz China

Unicode

ကင်မရာများလေ ကောင်းလေ လို့ ထင်နေကြတဲ့ ကင်မရာ သုံးလုံးတွဲ လေးလုံးတွဲခေတ်မှာ ကင်မရာ နှစ်လုံးတွဲဖုန်းဆိုတာ စံသက်မှတ်ချက်လိုဖြစ်သွားပါပြီ။ နောက်ကျောဘက် ကင်မရာ ဗလပွနဲ့ Nokia ရဲ့ Pure View ဆိတဲ့ဖုန်းတောင် ပေါ်လာတော့မှာဆိုတော့ ကင်မရာ အတွဲလိုက်ဖုန်းတွေက ထူးဆန်းတဲ့ အရာတွေတော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် အနောက်ဘက်မှာသာ ကင်မရာ သုံးလုံးတွဲလေးလုံးတွဲတွေ တပ်ဆင်လာပေမယ့် ဖုန်း အရှေ့ဘက် ဆယ်လ်ဖီး ကင်မရာကိုတော့ ဘယ်သူမှ သုံးလုံးတွဲ လေးလုံးတွဲ မတပ်ဖူးသေးပါဘူး။ အလွန်ဆုံး နှစ်လုံးတွဲ ဆယ်လ်ဖီး ကင်မရာ စနစ်ကိုသာ တွေ့ရပါသေးတယ်။ ဒါပေမယ့် မကြာသေးခင်ကမှ Xiaomi ကနေ နယ်ချဲ့လိုက်တဲ့ တရုတ် ကုမ္ပဏီ Meitu ကနေ ထုတ်မယ့်ဖုန်းမှာတော့ ဆယ်လ်ဖီး ကင်မရာ လုံးလုံးပြူးပါဝင်လာပါတော့မယ်တဲ့။

Xiaomi ကနေ Meitu Hardware ပိုင်းကိုယူလိုက်ပေမယ့် Brand ခွဲတစ်ခုအဖြစ် Meitu တံဆိပ်နဲ့ ဖုန်းတွေကိုတွေ့ရမှာဖြစ်ပြီး ကင်မရာပိုင်း ကိုလဲ Meitu ဘက်ကပဲ ကိုင်တွယ်ရမှာပါ။ အဲ့ဒါကြောင့် အခု ဆယ်လ်ဖီး ကင်မရာ သုံးလုံးပြူးနဲ့ ဖုန်းကလည်း Meitu ရဲ့ အကြံဉာဏ်ပဲ ဖြစ်နိုင်ပါတယ်။ တရုတ် နည်းပညာ ထောက်ခံချက်လက်မှတ်ပေးတဲ့ အေဂျင်စီ ဖြစ်တဲ့ TENAA ကနေပြီး အဆိုပါ Meitu ဖုန်းရဲ့ အချက်အလက်တွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Meitu ဖုန်းမှာ ပါဝင်တဲ့ ဆယ်လ်ဖီး ကင်မရာတွေကတော့ 12MP+20MP+8MP အသီးသီးရှိကြပြီး ဘယ် Sensor ကိုသုံးထားတယ်နဲ့ Aperture ဘယ်လောက်ရှိတယ် အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဖော်ပြထားတဲ့ပုံအရ အဆိုပါ Meitu ဖုန်းမှာ ဧရာမ Notch ကြီးပါဝင်လာပြီး iPhone X ရော Pixel 3XL Notch ထက်ရော ပိုကြီးပါတယ်။ ဖုန်းနောက်ကျောဘက်မှာတော့ 12MP+8MP ရှိတဲ့ ကင်မရာ နှစ်လုံးတွဲ ပါလာပါတယ်။ ဖုန်းဒီဇိုင်းကတော့ မြင်ရတဲ့အတိုင်းပဲ ထူးခြားတဲ့ ဒီဇိုင်းဖြစ်ပြီး Vertu ဖုန်းတွေကို တုပထားတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် Screen ကတော့ 6.21-inch အရွယ် OLED Display တပ်ဆင်ပေးပြီး Full HD+ Resolution ရှိပါတယ်။ အသုံးပြုထားတဲ့ SoC ကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိပဲ 2.6GHz အမြန်နှုန်းရှိတဲ့ Core အကြီးလေးလုံးနဲ့ 1.7GHz အမြန်နှုန်းရှိ Core အသေး လေးလုံးနဲ့ ဖွဲ့စည်းထားပါတယ်။ RAM ပမာဏ 8GB ရှိပြီး Internal Storage 128GB နဲ့ 256GB ဆိုပြီး မော်ဒယ် နှစ်မျိုးထုတ်ပါလိမ့်မယ်။ ဘက်ထရီပမာဏ 3,400mAh ပါဝက်ပြီး Android 9.0 ကို တစ်ပါတည်းထည့်သွင်းပေးမှာဖြစ်ပြီး MIUI ကိုမသုံးထားပဲ Meitu ရဲ့ ကိုယ်ပိုင် UI ကို အသုံးပြုပေးထားနိုင်ပါတယ်။

Ref: Giz China