Zawgyi Font Version

Meizu 16 ဟာ Meizu ရဲ႕ ဒီႏွစ္အတြင္းမွာပဲထုတ္ထားတဲ့ ဒုတိယ Flagship Smartphone တစ္လံုးျဖစ္ျပီး သူ႔အေရွ႕ကထုတ္ထားတဲ့ Flagship ျဖစ္တဲ့ Meizu 15 Plus နဲ႔ ေျခာက္လပဲကြာပါတယ္။ Meizu 16 မွာ Qualcomm ရဲ႕ Flagship Mobile SoC ျဖစ္တဲ့ Snapdragon 845 ကိုအသံုးျပဳထားပါတယ္။ ဒီအခ်က္ကို ၾကည့္ရင္ Meizu က Premium ဖုန္းေစ်းကြက္ကို ဦးတည္လာေနတာျမင္ႏိုင္ပါတယ္။ Samsung ရဲ႕ Exynos Processor ေတြကိုမသံုးေတာ့ပဲ Snapdragon 845 SoC ကိုစတင္သံုးစြဲလာပါတယ္။ Meizu 16 မွာ In-Display Fingerprint Sensor လို ဆန္းသစ္တဲ့ Feature ေတြနဲ႔အတူ ရိုးရွင္းလွပတဲ့ ဒီဇိုင္းေၾကာင့္ Premium Smartphone တစ္လံုးအျဖစ္ အသိအမွတ္ျပဳသင့္တဲ့ဖုန္းတစ္လံုးပါ။ ဒါေပမယ့္ Xiaomi Mi 8 နဲ႔ OnePlus 6 လို နာမည္ ၾကီး Flagship ေတြနဲ႔ယွဥ္ျပိဳင္ႏိုင္မလားဆိုတာကိုေတာ့ ေအာက္က Review မွာ ဆက္လက္ဖတ္ရွုၾကည့္ပါ။

Design


Meizu 16 ရဲ႕ Design မွာ ပထမဆံုး သတိထားမိမွာကေတာ့ Notch မပါတာပါပဲ။ ေနာက္ဆံုးထြက္ Android Smartphone ေတာ္ေတာ္မ်ားမ်ား Notch ထည့္လာၾကတဲ့ အခ်ိန္မွာ Meizu 16 က Notch မထည့္ပဲ အေပၚေအာက္ ေဘာင္ေသးေသးေလးေတြနဲ႔ပဲထုတ္လာပါတယ္။ Notch မၾကိဳက္တဲ့ သူတစ္ေယာက္အေနနဲ႔ေတာ့ Notch ဟာ ဘာမွ သိပ္ျပီး အသံုးမဝင္တာကိုေတြ႕ရေပမယ့္Notch ၾကိဳက္တာ မၾကိဳက္တာက Personal အျမင္ေပၚပဲမူတည္ပါတယ္။ Notch Display မသံုးတဲ့ Meizu ဟာ Samsung, Sony နဲ႔ HTC တို႔ Disign လမ္းစဥ္ကိုလိုက္ေနတဲ့ပံုေပၚပါတယ္။ Screen to Body Ratio 92.18% ဆိုတာက ေတာ္ေတာ္ေလးကိုအထင္ၾကီးဖို႔ေကာင္းတဲ့ အခ်ိဳးအစားပါ။ အေပၚဘက္ ေဘာင္က်ဥ္းက်ဥ္းေလးထဲမွာ Selfie Camera နဲ႔ Sensor ေတြကို ျမဳပ္ထားျပီး အဆိုပါ နည္းပညာေတြရရွိလာဖို႔အတြက္ Meizu က ေဒၚလာသန္းေပါင္းမ်ားစြာသံုးစြဲခဲ့တယ္လို႔သိရပါတယ္။ ဖုန္းရဲ႕အေနာက္ဘက္ကိုလည္း သတၳဳကိုယ္ထည္ကိုမွ Gorilla Glass နဲ႔ဖံုးအုပ္ေပးထားျပီး အရမ္းေသသပ္လွပပါတယ္။ Dual Camera Set up ကိုေဒါင္လိုက္ထားျပီး Camera ေအာက္မွာ LED Flashlight ေလးကိုတပ္ဆင္ေပးထားပါတယ္။ Meizu 16 ရဲ႕ Design ဟာ အရမ္း Minimalistic ျဖစ္ျပီး တစ္ျခား ဖုန္းထုတ္လုပ္သူေတြ Notch Trend လိုက္ေနၾကတဲ့အခ်ိန္မွာ Trend ေနာက္မလိုက္ပဲနဲ႔ Notch မၾကိဳက္တဲ့သူေတြအတြက္ ေရြးခ်ယ္စရာ ဖုန္းတစ္လံုးျဖစ္လာပါတယ္။

Display


ေျခာက္လက္မ အရြယ္ AMOLED Display ဟာ ၾကည္လင္ေတာက္ပတဲ့ ပံုရိပ္ေတြကို ျပသႏိုင္ျပီး အလင္းအားအရမ္းေကာင္းပါတယ္။ Meizu ရဲ႕ ကိုယ္ပိုင္ Display Color ေတြကို ခ်ိန္ညွိေပးတဲ့ နည္းပညာေၾကာင့္ Color Reproduction အရမ္းေကာင္းျပီး အေရာင္ေတြက သဘာဝဆန္တာေတြ႔ရပါတယ္။ Viewing Angle ေတြလည္းအရမ္းေကာင္းျပီး ေဘးေစာင္းၾကည့္ရင္ေတာင္ ပံုရိပ္ေတြေဖ်ာ့သြားတာမ်ိဳးမေတြ႔ရပါဘူး။ Meizu ဟာ Samsung ဆီက AMOLED Display အေကာင္းစားကိုမွာယူသံုးစြဲထားတာေၾကာင့္ အရည္အေသြးအရမ္းေကာင္းေနတာက ထူးဆန္းတဲ့အခ်က္ေတာ့မဟုတ္ပါဘူး။ ေျခာက္လက္မ အရြယ္ Display ကို အေပၚေအာက္ ေဘာင္က်ဥ္းက်ဥ္းေလးေတြနဲ႔ညွပ္ေပးထားတာေၾကာင့္ Display ၾကီးေပမယ့္ ဖုန္းအရြယ္အစားကိုပိုမၾကီးသြားေစပဲ ကိုင္တြယ္ အသံုးျပဳရတာ အရမ္းအဆင္ေျပပါတယ္။

Performance


Meizu 16 Performance အပိုင္းကေတာ့ အသံုးျပဳထားတဲ့ Snapdragon 845 SoC ေၾကာင့္ ေျပာစရာလိုေတာ့မယ္မထင္ပါဘူး။ Overall Performance အရမ္းေကာင္းျပီး Meizu 16 ရဲ႕ အျမင့္ဆံုး ေမာ္ဒယ္ျဖစ္တဲ့ 8GB RAM Version ကိုစမ္းသပ္ၾကည့္တဲ့အခါမွာေတာ့ PUBG လို Game ေတြကို High Graphic Setting နဲ႔ ေခ်ာေခ်ာေမြ႔ေမြ႔ေဆာ့ကစားႏိုင္ျပီး App Loading Speed အရမ္းျမန္တာကိုေတြ႔ရပါတယ္။ ဘယ္ App ပဲဖြင့္ဖြင့္ အလြန္လွ်င္ျမန္ပါတယ္။ Snapdragon 845 ေၾကာင့္ပဲမဟုတ္ပဲ Meizu ရဲ႕ ကိုယ္ပိုင္ Flyme OS ေၾကာင့္လဲ အခုလိုလွ်င္ျမန္ေနတာပါ။

Camera


Dual Camera Set up ကိုသံုးထားျပီး 20MP Camera က အလင္းေကာင္းတဲ့ Scene ေတြမွာ အရမ္းၾကည္လင္ျပတ္သားတဲ့ ဓာတ္ပံုေတြရိုက္ႏိုင္ပါတယ္။ 12MP Secondary Camera နဲ႔တြဲဖက္ေပးထားလို႔ ကာလာထြက္မွန္ကန္တိက်ပါတယ္။ အေရာင္ေတြဟာ သဘာဝက်ျပီး တစ္ျခား ဖုန္းေတြလို အေရာင္ေတြလြန္လြန္ကဲကဲေတာက္ပေနတာမ်ိဳးမေတြ႔ရပါဘူး။ Focus နဲ႔ Shutter Speed ကေတာ့ အနည္းငယ္ေႏွးတာကိုေတြ႔ရပါတယ္။ သံုးဆ Zoom ဆြဲလို႔ရတဲ့ 3x Optical Zoom လည္းပါဝင္ျပီး လက္မျငိမ္ရင္ေတာ့ ရုပ္ထြက္ဝါးသြားတာေတြ႔ရပါတယ္။ တစ္ျခား ဖုန္းေတြမွာေတြ႔ေနက် HDR, Panorama, Portrait (ေခၚ) Bokeh အစရွိတဲ့ Feature ေတြအကုန္ပါဝင္ျပီး Camera App က ရိုးရိုးေနနဲ႔ အရမ္း Powerful ျဖစ္ပါတယ္။ အေရွ႕ဘက္ Selfie Camera ကလည္း Portrait ပံုေတြရိုက္ႏိုင္ျပီး Software ပိုင္းလိုအပ္ခ်က္ေၾကာင့္ Google Pixel ဖုန္းေတြရဲ႕ Portrait ေလာက္မေကာင္းပဲ ဆံပင္တို႔ မ်က္ႏွာတို႔ရဲ႕ အစြန္းထြက္ေတြက မသပ္မရပ္ျဖစ္ေနတာကိုေတြ႔ရပါတယ္။ AI Support လည္းပါဝင္ျပီး AI Beauty, AI Scene Detection အစရွိတဲ့ AI Feature ေပါင္းမ်ားစြာနဲ႔ အားျဖည့္ထားပါတယ္။

Battery


Battery ပမာဏ 3,000mAh ပါဝင္ျပီး ေျခာက္လက္မ Display အတြက္ဆိုရင္ေတာ့ Battery ပမာဏနည္းပါးတယ္ထင္ရေပမယ့္ Snapdragon 845 ရဲ႕ Battery အားထိန္းႏိုင္စြမ္းနဲ႔ AMOLED Display တို႔ေၾကာင့္ အားအျပည့္သြင္းထားရင္ Battery သက္တမ္းဟာ တစ္ရက္နီးပါးခံတာေတြ႔ရပါတယ္။ တစ္ျခား Flagship ေတြနဲ႔ ယွဥ္ရင္ေတာ့ Battery ပိုင္းအားနည္းတာေတြ႔ရပါတယ္။ Flyme OS ရဲ႕ Power Management လိုအပ္ခ်က္ေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ Update အသစ္ေတြမွာေတာ့ Battery ပိုခံလာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ Meizu ရဲ႕ ကိုယ္ပိုင္ Fast Charge နည္းပညာျဖစ္တဲ့ mCharge ဆိုတဲ့ အားအျမန္သြင္းစနစ္ထည့္သြင္းေပးထားျပီး အားသြင္းတဲ့ေနရာမွာ Oppo ရဲ႕ VOOC ေလာက္နီးပါးျမန္တာ ေတြ႔ရပါတယ္။ Standby Battery Drain Rate ကေတာ့ Xiaomi ေတြထက္ပိုျမန္ေနတာေတြ႔ရပါတယ္။ ညလံုးေပါက္ မသံုးပဲ Standby ထားထားလိုက္ရင္ မနက္ဘက္က်ရင္ Battery ပမာဏ 7% ေလာက္က်သြားတာေတြ႔ရပါတယ္။

Call Quality, Speakers, Fingerprint Scanner


ဖုန္း Call ေတြေျပာဆိုတဲ့အခါ ၾကည္လင္ျပတ္သားျပီး voLTE စနစ္ေထာက္ပံ့ေပးထားပါတယ္။ 4G LTE ထိရရွိျပီး Dual Sim Support လည္းေပးထားပါတယ္။ Stereo Speaker ေတြပါဝင္ျပီး အသံထြက္ အရမ္းၾကည္လင္ျပတ္သားပါတယ္။ က်ယ္ေလာင္မွုကေတာ့ ပံုမွန္ပဲျဖစ္ျပီး iPhone, HTC နဲ႔ Sony တို႔ရဲ႕ Stereo Speaker ေတြကိုေတာ့ အမွီလိုက္ႏိုင္ျခင္းမရွိေသးပါဘူး။ In-Display Fingerprint Scanner ဟာ သာမာန္ Fingerprint Scanner ထက္ပိုမိုေႏွးေကြးတာကိုေတြ႔ရပါတယ္။ အရမ္းၾကီးေႏွးတာမ်ိဳးမဟုတ္ပဲ တစ္စကၠန္႔ဝက္ေလာက္ပဲ ၾကာတာပါ။

နိဂံုးခ်ဳပ္ေျပာရရင္ေတာ့ Meizu 16 ဟာ Meizu ကထုတ္သမွ်ဖုန္းေတြထဲမွာ Gaming Performance အေကာင္းဆံုးနဲ႔ Camera Quality အေကာင္းဆံုးဖုန္းတစ္လံုးပါ။ Trend မလိုက္ပဲ ကိုယ္ပိုုင္ Design နဲ႔ပဲ ေရွ႕ဆက္သြားမယ္ဆိုတဲ့ Meizu ရဲ႕ ျပတ္သားတဲ့ ဆံုးျဖတ္ခ်က္ကို ထင္ထင္ရွားရွားေတြ႔ရတဲ့ ဖုန္းတစ္လံုးပါ။ Snapdragon 845 SoC, Dual Camera Set up, 92% Screen to Body Ratio, USB Type C နဲ႔ Stereo Speakers အစရွိတဲ့ Flagship တစ္လံုးမွာ ရွိသင့္ရွိထိုက္တဲ့ အရည္အခ်င္းေတြနဲ႔ျပည့္စံုေနတဲ့ ဖုန္းတစ္လံုးျဖစ္တဲ့အျပင္ တစ္ျခား နာမည္ၾကီး Flagship ေတြထက္ ေစ်းႏွုန္းပိုင္းနည္းပါးလို႔ Notch မၾကိဳက္ပဲ နာမည္ၾကီး Flagship ေတြရဲ႕ေစ်းကိုလည္း လက္လွမ္းမမွီတဲ့ သူေတြအတြက္ေတာ့ Meizu 16 က ေရြးခ်ယ္စရာျဖစ္ေနပါျပီ။

Ref: Gizchina

Unicode Version

Meizu 16 ဟာ Meizu ရဲ့ ဒီနှစ်အတွင်းမှာပဲထုတ်ထားတဲ့ ဒုတိယ Flagship Smartphone တစ်လုံးဖြစ်ပြီး သူ့အရှေ့ကထုတ်ထားတဲ့ Flagship ဖြစ်တဲ့ Meizu 15 Plus နဲ့ ခြောက်လပဲကွာပါတယ်။ Meizu 16 မှာ Qualcomm ရဲ့ Flagship Mobile SoC ဖြစ်တဲ့ Snapdragon 845 ကိုအသုံးပြုထားပါတယ်။ ဒီအချက်ကို ကြည့်ရင် Meizu က Premium ဖုန်းဈေးကွက်ကို ဦးတည်လာနေတာမြင်နိုင်ပါတယ်။ Samsung ရဲ့ Exynos Processor တွေကိုမသုံးတော့ပဲ Snapdragon 845 SoC ကိုစတင်သုံးစွဲလာပါတယ်။ Meizu 16 မှာ In-Display Fingerprint Sensor လို ဆန်းသစ်တဲ့ Feature တွေနဲ့အတူ ရိုးရှင်းလှပတဲ့ ဒီဇိုင်းကြောင့် Premium Smartphone တစ်လုံးအဖြစ် အသိအမှတ်ပြုသင့်တဲ့ဖုန်းတစ်လုံးပါ။ ဒါပေမယ့် Xiaomi Mi 8 နဲ့ OnePlus 6 လို နာမည် ကြီး Flagship တွေနဲ့ယှဉ်ပြိုင်နိုင်မလားဆိုတာကိုတော့ အောက်က Review မှာ ဆက်လက်ဖတ်ရှုကြည့်ပါ။

Design


Meizu 16 ရဲ့ Design မှာ ပထမဆုံး သတိထားမိမှာကတော့ Notch မပါတာပါပဲ။ နောက်ဆုံးထွက် Android Smartphone တော်တော်များများ Notch ထည့်လာကြတဲ့ အချိန်မှာ Meizu 16 က Notch မထည့်ပဲ အပေါ်အောက် ဘောင်သေးသေးလေးတွေနဲ့ပဲထုတ်လာပါတယ်။ Notch မကြိုက်တဲ့ သူတစ်ယောက်အနေနဲ့တော့ Notch ဟာ ဘာမှ သိပ်ပြီး အသုံးမဝင်တာကိုတွေ့ရပေမယ့်Notch ကြိုက်တာ မကြိုက်တာက Personal အမြင်ပေါ်ပဲမူတည်ပါတယ်။ Notch Display မသုံးတဲ့ Meizu ဟာ Samsung, Sony နဲ့ HTC တို့ Disign လမ်းစဉ်ကိုလိုက်နေတဲ့ပုံပေါ်ပါတယ်။ Screen to Body Ratio 92.18% ဆိုတာက တော်တော်လေးကိုအထင်ကြီးဖို့ကောင်းတဲ့ အချိုးအစားပါ။ အပေါ်ဘက် ဘောင်ကျဉ်းကျဉ်းလေးထဲမှာ Selfie Camera နဲ့ Sensor တွေကို မြုပ်ထားပြီး အဆိုပါ နည်းပညာတွေရရှိလာဖို့အတွက် Meizu က ဒေါ်လာသန်းပေါင်းများစွာသုံးစွဲခဲ့တယ်လို့သိရပါတယ်။ ဖုန်းရဲ့အနောက်ဘက်ကိုလည်း သတ္ထုကိုယ်ထည်ကိုမှ Gorilla Glass နဲ့ဖုံးအုပ်ပေးထားပြီး အရမ်းသေသပ်လှပပါတယ်။ Dual Camera Set up ကိုဒေါင်လိုက်ထားပြီး Camera အောက်မှာ LED Flashlight လေးကိုတပ်ဆင်ပေးထားပါတယ်။ Meizu 16 ရဲ့ Design ဟာ အရမ်း Minimalistic ဖြစ်ပြီး တစ်ခြား ဖုန်းထုတ်လုပ်သူတွေ Notch Trend လိုက်နေကြတဲ့အချိန်မှာ Trend နောက်မလိုက်ပဲနဲ့ Notch မကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာ ဖုန်းတစ်လုံးဖြစ်လာပါတယ်။

Display


ခြောက်လက်မ အရွယ် AMOLED Display ဟာ ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို ပြသနိုင်ပြီး အလင်းအားအရမ်းကောင်းပါတယ်။ Meizu ရဲ့ ကိုယ်ပိုင် Display Color တွေကို ချိန်ညှိပေးတဲ့ နည်းပညာကြောင့် Color Reproduction အရမ်းကောင်းပြီး အရောင်တွေက သဘာဝဆန်တာတွေ့ရပါတယ်။ Viewing Angle တွေလည်းအရမ်းကောင်းပြီး ဘေးစောင်းကြည့်ရင်တောင် ပုံရိပ်တွေဖျော့သွားတာမျိုးမတွေ့ရပါဘူး။ Meizu ဟာ Samsung ဆီက AMOLED Display အကောင်းစားကိုမှာယူသုံးစွဲထားတာကြောင့် အရည်အသွေးအရမ်းကောင်းနေတာက ထူးဆန်းတဲ့အချက်တော့မဟုတ်ပါဘူး။ ခြောက်လက်မ အရွယ် Display ကို အပေါ်အောက် ဘောင်ကျဉ်းကျဉ်းလေးတွေနဲ့ညှပ်ပေးထားတာကြောင့် Display ကြီးပေမယ့် ဖုန်းအရွယ်အစားကိုပိုမကြီးသွားစေပဲ ကိုင်တွယ် အသုံးပြုရတာ အရမ်းအဆင်ပြေပါတယ်။

Performance


Meizu 16 Performance အပိုင်းကတော့ အသုံးပြုထားတဲ့ Snapdragon 845 SoC ကြောင့် ပြောစရာလိုတော့မယ်မထင်ပါဘူး။ Overall Performance အရမ်းကောင်းပြီး Meizu 16 ရဲ့ အမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ 8GB RAM Version ကိုစမ်းသပ်ကြည့်တဲ့အခါမှာတော့ PUBG လို Game တွေကို High Graphic Setting နဲ့ ချောချောမွေ့မွေ့ဆော့ကစားနိုင်ပြီး App Loading Speed အရမ်းမြန်တာကိုတွေ့ရပါတယ်။ ဘယ် App ပဲဖွင့်ဖွင့် အလွန်လျှင်မြန်ပါတယ်။ Snapdragon 845 ကြောင့်ပဲမဟုတ်ပဲ Meizu ရဲ့ ကိုယ်ပိုင် Flyme OS ကြောင့်လဲ အခုလိုလျှင်မြန်နေတာပါ။ Antutu Score တွေကိုတော့ အောက်မှာ ပြသပေးထားပါတယ်။

Camera


Dual Camera Set up ကိုသုံးထားပြီး 20MP Camera က အလင်းကောင်းတဲ့ Scene တွေမှာ အရမ်းကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေရိုက်နိုင်ပါတယ်။ 12MP Secondary Camera နဲ့တွဲဖက်ပေးထားလို့ ကာလာထွက်မှန်ကန်တိကျပါတယ်။ အရောင်တွေဟာ သဘာဝကျပြီး တစ်ခြား ဖုန်းတွေလို အရောင်တွေလွန်လွန်ကဲကဲတောက်ပနေတာမျိုးမတွေ့ရပါဘူး။ Focus နဲ့ Shutter Speed ကတော့ အနည်းငယ်နှေးတာကိုတွေ့ရပါတယ်။ သုံးဆ Zoom ဆွဲလို့ရတဲ့ 3x Optical Zoom လည်းပါဝင်ပြီး လက်မငြိမ်ရင်တော့ ရုပ်ထွက်ဝါးသွားတာတွေ့ရပါတယ်။ တစ်ခြား ဖုန်းတွေမှာတွေ့နေကျ HDR, Panorama, Portrait (ခေါ်) Bokeh အစရှိတဲ့ Feature တွေအကုန်ပါဝင်ပြီး Camera App က ရိုးရိုးနေနဲ့ အရမ်း Powerful ဖြစ်ပါတယ်။ အရှေ့ဘက် Selfie Camera ကလည်း Portrait ပုံတွေရိုက်နိုင်ပြီး Software ပိုင်းလိုအပ်ချက်ကြောင့် Google Pixel ဖုန်းတွေရဲ့ Portrait လောက်မကောင်းပဲ ဆံပင်တို့ မျက်နှာတို့ရဲ့ အစွန်းထွက်တွေက မသပ်မရပ်ဖြစ်နေတာကိုတွေ့ရပါတယ်။ AI Support လည်းပါဝင်ပြီး AI Beauty, AI Scene Detection အစရှိတဲ့ AI Feature ပေါင်းများစွာနဲ့ အားဖြည့်ထားပါတယ်။

Battery


Battery ပမာဏ 3,000mAh ပါဝင်ပြီး ခြောက်လက်မ Display အတွက်ဆိုရင်တော့ Battery ပမာဏနည်းပါးတယ်ထင်ရပေမယ့် Snapdragon 845 ရဲ့ Battery အားထိန်းနိုင်စွမ်းနဲ့ AMOLED Display တို့ကြောင့် အားအပြည့်သွင်းထားရင် Battery သက်တမ်းဟာ တစ်ရက်နီးပါးခံတာတွေ့ရပါတယ်။ တစ်ခြား Flagship တွေနဲ့ ယှဉ်ရင်တော့ Battery ပိုင်းအားနည်းတာတွေ့ရပါတယ်။ Flyme OS ရဲ့ Power Management လိုအပ်ချက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ Update အသစ်တွေမှာတော့ Battery ပိုခံလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ Meizu ရဲ့ ကိုယ်ပိုင် Fast Charge နည်းပညာဖြစ်တဲ့ mCharge ဆိုတဲ့ အားအမြန်သွင်းစနစ်ထည့်သွင်းပေးထားပြီး အားသွင်းတဲ့နေရာမှာ Oppo ရဲ့ VOOC လောက်နီးပါးမြန်တာ တွေ့ရပါတယ်။ Standby Battery Drain Rate ကတော့ Xiaomi တွေထက်ပိုမြန်နေတာတွေ့ရပါတယ်။ ညလုံးပေါက် မသုံးပဲ Standby ထားထားလိုက်ရင် မနက်ဘက်ကျရင် Battery ပမာဏ 7% လောက်ကျသွားတာတွေ့ရပါတယ်။

Call Quality, Speakers, Fingerprint Scanner


ဖုန်း Call တွေပြောဆိုတဲ့အခါ ကြည်လင်ပြတ်သားပြီး voLTE စနစ်ထောက်ပံ့ပေးထားပါတယ်။ 4G LTE ထိရရှိပြီး Dual Sim Support လည်းပေးထားပါတယ်။ Stereo Speaker တွေပါဝင်ပြီး အသံထွက် အရမ်းကြည်လင်ပြတ်သားပါတယ်။ ကျယ်လောင်မှုကတော့ ပုံမှန်ပဲဖြစ်ပြီး iPhone, HTC နဲ့ Sony တို့ရဲ့ Stereo Speaker တွေကိုတော့ အမှီလိုက်နိုင်ခြင်းမရှိသေးပါဘူး။ In-Display Fingerprint Scanner ဟာ သာမာန် Fingerprint Scanner ထက်ပိုမိုနှေးကွေးတာကိုတွေ့ရပါတယ်။ အရမ်းကြီးနှေးတာမျိုးမဟုတ်ပဲ တစ်စက္ကန့်ဝက်လောက်ပဲ ကြာတာပါ။

နိဂုံးချုပ်ပြောရရင်တော့ Meizu 16 ဟာ Meizu ကထုတ်သမျှဖုန်းတွေထဲမှာ Gaming Performance အကောင်းဆုံးနဲ့ Camera Quality အကောင်းဆုံးဖုန်းတစ်လုံးပါ။ Trend မလိုက်ပဲ ကိုယ်ပိုုင် Design နဲ့ပဲ ရှေ့ဆက်သွားမယ်ဆိုတဲ့ Meizu ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ထင်ထင်ရှားရှားတွေ့ရတဲ့ ဖုန်းတစ်လုံးပါ။ Snapdragon 845 SoC, Dual Camera Set up, 92% Screen to Body Ratio, USB Type C နဲ့ Stereo Speakers အစရှိတဲ့ Flagship တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ပြည့်စုံနေတဲ့ ဖုန်းတစ်လုံးဖြစ်တဲ့အပြင် တစ်ခြား နာမည်ကြီး Flagship တွေထက် ဈေးနှုန်းပိုင်းနည်းပါးလို့ Notch မကြိုက်ပဲ နာမည်ကြီး Flagship တွေရဲ့ဈေးကိုလည်း လက်လှမ်းမမှီတဲ့ သူတွေအတွက်တော့ Meizu 16 က ရွေးချယ်စရာဖြစ်နေပါပြီ။

Ref: Gizchina