Meizu အနေနဲ့ မနေ့က တရုတ်နိုင်ငံ Launch Event မှာ Flagship စမတ်ဖုန်း Meizu 16 နဲ့ Meizu 16+ မော်ဒယ် နှစ်ခု ကို မိတ်ဆက် ပေးခဲ့ပါတယ်။ SD 845 SoC, In-Display Fingerprint Scanner တွေ ပါဝင်တဲ့ အပြင် ဈေးနှုန်း ချိုသာတာကြောင့် စတင် မိတ်ဆက်တဲ့ အချိန်ကတည်းက လူကြိုက်များတဲ့ စမတ်ဖုန်း မော်ဒယ်တွေ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့က ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံ Meizu 16 နဲ့ Meizu 16+ Launch Event မှာ Meizu 16 ရဲ့ နောက်ထပ် မျိုးဆက်သစ် မော်ဒယ် တစ်ခုဖြစ်တဲ့ Meizu 16X ကို စက်တင်ဘာလ အတွင်း မိတ်ဆက်သွားမှာ ဖြစ်ကြောင်း MEIZU CEO Jack Wong က အတည်ပြု ပေးခဲ့ပါတယ်။

Meizu 16 နဲ့ Meizu 16 Plus စမတ်ဖုန်းတွေ ကို မိတ်မဆက်ပေးခင် အချိန်တုန်းကလည်း Jack Wong အနေနဲ့ စမတ်ဖုန်း မော်ဒယ်နှစ်မျိုးလုံးရဲ့ ပုံရိပ်တွေ၊ အချက်အလက်တွေ ကို နည်းနည်းဆီ ချပြပေးခဲ့သလို SD 710 အသုံးပြု Meizu X8 စမတ်ဖုန်း ကို Xiaomi Mi 8 SE ကို ယှဉ်ပြိုင်ဖို့ အတွက် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။

ကြည့်ရတာ Xiaomi Mi 8 SE ကို ယှဉ်ပြိုင်ဖို့ အတွက် Meizu X8 အစား Meizu 16X ကို စက်တင်ဘာလ အတွင်းမှာ ပြောင်းလဲ မိတ်ဆက် သွားမယ့် ပုံပါပဲ။ လက်ရှိ အချိန်မှာ ထွက်ပေါ်နေတဲ့ အချက်အလက်များ အရ Meizu 16X မှာ ကုမ္ပဏီရဲ့ ပထမဆုံး Notch Display အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပြီး Mi 8 SE ထက် အရွယ်အစား ပိုမို ကြီးမားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Fingerprint Scanner ကို Back Panel မှာ မြင်တွေ့ရမှာ ဖြစ်ပြီး ကျောဘက် Panel ဒီဇိုင်းကို Meizu 16 နဲ့ Meizu 16+ တို့နဲ့ အနည်းငယ်သာ ကွဲပြားခြားနားတာကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ Jack Wong အနေနဲ့ Meizu 16X ကို Mi 8 SE နဲ့ အဓိကထား ယှဉ်ပြိုင်သွားမှာ ဖြစ်တဲ့ အပြင် ဈေးနှုန်း အရလည်း ပိုမိုချိုသာစေရမယ်လို့ ကြွေးကြော်ထားတာကြောင့် Meizu 16X ကို ကန်ဒေါ်လာ ၂၂၀ နဲ့ ၂၉၃ ဒေါ်လာကြား အနေနဲ့ မိတ်ဆက်သွားတာ ကို မြင်တွေ့ရနိုင်ပါတယ်။

REF: Gizmo China