Meizu | Mobile Phones | News

တန္ဖိုးနည္းဖုန္းတစ္လုံးျဖစ္တဲ့ Meizu C9 ကို အိႏၵိယမွာ ေရာင္းခ်ၿပီ

December 5, 2018

တန္ဖိုးနည္းဖုန္းတစ္လုံးျဖစ္တဲ့ Meizu C9 ကို အိႏၵိယမွာ ေရာင္းခ်ၿပီ


Share this on:

[Zawgyi]

Meizu ကေတာ့ အိႏၵိယေဈးကြက္မွာ C9 ကို ျဖန႔္ခ်ိလိုက္ၿပီျဖစ္ပါတယ္။ 5.45-inch မ်က္ႏွာျပင္နဲ႔ ဒီဖုန္းသစ္ဟာ 1400x720px ျဖစ္ၿပီး LCD Display ျဖစ္ပါတယ္။ ဖုန္းရဲ႕စြမ္းေဆာင္ရည္အတြက္ အသုံးျပဳထားတဲ့ Chipset ကေတာ့ Quad-Core 1.3GHz Processor နဲ႔ Unisoc SC9832E ျဖစ္တယ္လို႔ သိရပါတယ္။

Meizu C9 ဟာ 2GB RAM နဲ႔ ျဖစ္သလို သိုေလွာင္မႈပမာဏကလည္း 16GB သာရရွိပါတယ္။ ဒါေပမယ့္ MicroSD ကတ္နဲ႔ေတာ့ ထပ္ၿပီးတိုးခ်ဲ႕လို႔ရပါေသးတယ္။ တန္ဖိုးနည္း ဖုန္းျဖစ္တဲ့အေလ်ာက္ အေနာက္ကင္မရာကေတာ့ 13MP, f/2.2 တစ္လုံးတည္း ပါမွာ ျဖစ္ၿပီး ဗီဒီယို ႐ိုက္ကူးမႈကေတာ့ [email protected] ျဖစ္ပါတယ္။ အေရွ႕ Selfie ကင္မရာကေတာ့ 8MP, f/2.2 ျဖစ္ပါတယ္။

Meizu C9 ရဲ႕ဘက္ထရီကေတာ့ 3,000mAh လို႔ သိရပါတယ္။ ဒီပမာဏဟာ အသုံးျပဳထားတဲ့ Chipset ၊ Screen နဲ႔ဆိုရင္ အေတာ္ေလး အသုံးခံတဲ့ ပမာဏလို႔ ဆိုရမွာပါ။ Meizu C9 ရဲ႕ OS ကေတာ့ Android 8.0 Oreo ျဖစ္ပါတယ္။ Dual-SIM အမ်ိးအစားျဖစ္ၿပီး LTE ကို အသုံးျပဳႏိုင္ပါတယ္။ Meizu C9 အတြက္ ေ႐ြးစရာအေရာင္ေတာ့ မရွိပါဘူး။ အနက္ေရာင္ တစ္မ်ိဳးတည္း ထြက္တာ ျဖစ္ပါတယ္။

Meizu C9 ကို Amazon India မွာ ေရာင္းခ်ေနၿပီျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ အိႏၵိယ႐ူပီး ၅ ၉၉၉ ျဖစ္တာေၾကာင့္ ျမန္မာေငြ တစ္သိန္းသုံးေသာင္းေက်ာ္ ျဖစ္ပါတယ္။ ဒါေပမယ့္ စစထြက္ခ်င္းအေနနဲ႔ တစ္ပတ္အတြင္း ဝယ္ယူရင္ Limited Price အျဖစ္ အိႏၵိယ႐ူပီး ၄ ၉၉၉ နဲ႔ ေရာင္းခ်ထားတေၾကာင့္ ျမန္မာေငြ တစ္သိန္းတစ္ေသာင္းေလာက္ပဲ က်သင့္မွာ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Meizu ကတော့ အိန္ဒိယဈေးကွက်မှာ C9 ကို ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ 5.45-inch မျက်နှာပြင်နဲ့ ဒီဖုန်းသစ်ဟာ 1400x720px ဖြစ်ပြီး LCD display ဖြစ်ပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်အတွက် အသုံးပြုထားတဲ့ Chipset ကတော့ Quad-core 1.3GHz processor နဲ့ Unisoc SC9832E ဖြစ်တယ်လို့ သိရပါတယ်။

Meizu C9 ဟာ 2GB RAM နဲ့ ဖြစ်သလို သိုလှောင်မှုပမာဏကလည်း 16GB သာရရှိပါတယ်။ ဒါပေမယ့် MicroSD ကတ်နဲ့တော့ ထပ်ပြီးတိုးချဲ့လို့ရပါသေးတယ်။ တန်ဖိုးနည်း ဖုန်းဖြစ်တဲ့အလျောက် အနောက်ကင်မရာကတော့ 13MP, f/2.2 တစ်လုံးတည်း ပါမှာ ဖြစ်ပြီး ဗီဒီယို ရိုက်ကူးမှုကတော့ [email protected] ဖြစ်ပါတယ်။ အရှေ့ Selfie ကင်မရာကတော့ 8MP, f/2.2 ဖြစ်ပါတယ်။

Meizu C9 ရဲ့ဘက်ထရီကတော့ 3,000mAh လို့ သိရပါတယ်။ ဒီပမာဏဟာ အသုံးပြုထားတဲ့ Chipset ၊ Screen နဲ့ဆိုရင် အတော်လေး အသုံးခံတဲ့ ပမာဏလို့ ဆိုရမှာပါ။ Meizu C9 ရဲ့ OS ကတော့ Android 8.0 Oreo ဖြစ်ပါတယ်။ Dual-SIM အမျိးအစားဖြစ်ပြီး LTE ကို အသုံးပြုနိုင်ပါတယ်။ Meizu C9 အတွက် ရွေးစရာအရောင်တော့ မရှိပါဘူး။ အနက်ရောင် တစ်မျိုးတည်း ထွက်တာ ဖြစ်ပါတယ်။

Meizu C9 ကို Amazon India မှာ ရောင်းချနေပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အိန္ဒိယရူပီး ၅ ၉၉၉ ဖြစ်တာကြောင့် မြန်မာငွေ တစ်သိန်းသုံးသောင်းကျော် ဖြစ်ပါတယ်။ ဒါပေမယ့် စစထွက်ချင်းအနေနဲ့ တစ်ပတ်အတွင်း ဝယ်ယူရင် Limited Price အဖြစ် အိန္ဒိယရူပီး ၄ ၉၉၉ နဲ့ ရောင်းချထားတကြောင့် မြန်မာငွေ တစ်သိန်းတစ်သောင်းလောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

 

Ref: GSMarena

error: Alert: Copyright © 2018. MyTech Myanmar