[Zawgyi]

Qualcomm ရဲ႕ Snapdragon 8150 တျဖစ္လဲ Snapdragon 855 ေလးေတြက မၾကာခင္မွာပဲ မိတ္ဆက္လာေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔ပဲ Benchmark အမွတ္ေလးေတြလည္း ထြက္လာျပီး Apple A12 Chip ေတြကို ေက်ာ္ႏုိင္ခဲ့ျပီျဖစ္ေၾကာင္းလည္း ေျပာခဲ့ျပီးပါျပီ။

အခုဆက္သိရတာက လာမယ့္ ဒီဇင္ဘာလ Snapdragon 8150 SoC အသစ္ေတြကိုုမိတ္ဆက္ခ်ိန္မွာ သူ႔ကိုသံုးထားတဲ့ Meizu ဖုန္းအသစ္တစ္လံုးလည္း ထြက္လာေတာ့မယ္ဆိုတဲ့သတင္းပါ။

ေနာက္ႏွစ္မွာေတာ့ 5G Support ေပးတဲ့ 7nm Process နဲ႔ SD 8150 ေလးက 7nm Chipset ေတြျဖစ္တဲ့ NPU ၂လံုးပါ Kirin 980 တုိ႔၊ Apple A12 တို႔ 8nm Process နဲ႔ Exynos 9820 တုိ႔နဲ႔ တုိက္ရုိက္ယွဥ္ဖိုက္ရေတာ့မွာပါ။

Weibo မွာတင္ထားတဲ့ပို႔စ္တစ္ခုအရေတာ့ SD 8150 နဲ႔လာမယ့္ Meizu ဖုန္းမွာ  Meizu 16th နဲ႔ ဒီဇုိင္းခပ္ဆင္ဆင္ျဖစ္ျပီး Stainless Steel ေဘးေဘာင္နဲ႔ကြပ္ထားပါတယ္။ Meizu 16th တုန္းကနဲ႔ ထူးထူးျခားျခားေျပာင္းလဲလာတာမ်ိဳး ရိွမွာမဟုတ္ပါဘူး။

သိျပီးတဲ့အတုိင္း Qualcomm Snapdragon 8150 ေတြက CPU 3 ပိုင္းနဲ႔ Kirin 980 တို႔ Exynos 9820 တို႔လိုပါပဲ။ 1 High-Performance Core, 3 Medium Core နဲ႔ 4 Low Performance Power Efficient Core ဆိုျပီး ရိွမွာပါ။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ လက္ေတြ႔မွာ ဘယ္ေလာက္ၾကမ္းမလဲဆိုတာသိရဖို႔ SD 8150 သံုးဖုန္းတစ္လုံးအရင္ထြက္ဖို႔ လိုေနပါျပီ.. ဒီထဲမွာမွ Meizu ဖုန္းက ပထမဆံုးအေနနဲ႔ထြက္လာႏုိင္မလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

Source GizmoChina

[Unicode]

Qualcomm ရဲ့ Snapdragon 8150 တဖြစ်လဲ Snapdragon 855 လေးတွေက မကြာခင်မှာပဲ မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ပဲ Benchmark အမှတ်လေးတွေလည်း ထွက်လာပြီး Apple A12 Chip တွေကို ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ပြောခဲ့ပြီးပါပြီ။

အခုဆက်သိရတာက လာမယ့် ဒီဇင်ဘာလ Snapdragon 8150 SoC အသစ်တွေကိုမိတ်ဆက်ချိန်မှာ သူ့ကိုသုံးထားတဲ့ Meizu ဖုန်းအသစ်တစ်လုံးလည်း ထွက်လာတော့မယ်ဆိုတဲ့သတင်းပါ။

နောက်နှစ်မှာတော့ 5G Support ပေးတဲ့ 7nm Process နဲ့ SD 8150 လေးက 7nm Chipset တွေဖြစ်တဲ့ NPU ၂လုံးပါ Kirin 980 တို့၊ Apple A12 တို့ 8nm Process နဲ့ Exynos 9820 တို့နဲ့ တိုက်ရိုက်ယှဉ်ဖိုက်ရတော့မှာပါ။

Weibo မှာတင်ထားတဲ့ပို့စ်တစ်ခုအရတော့ SD 8150 နဲ့လာမယ့် Meizu ဖုန်းမှာ  Meizu 16th နဲ့ ဒီဇိုင်းခပ်ဆင်ဆင်ဖြစ်ပြီး Stainless Steel ဘေးဘောင်နဲ့ကွပ်ထားပါတယ်။ Meizu 16th တုန်းကနဲ့ ထူးထူးခြားခြားပြောင်းလဲလာတာမျိုး ရှိမှာမဟုတ်ပါဘူး။

သိပြီးတဲ့အတိုင်း Qualcomm Snapdragon 8150 တွေက CPU 3 ပိုင်းနဲ့ Kirin 980 တို့ Exynos 9820 တို့လိုပါပဲ။ 1 High-Performance Core, 3 Medium Core နဲ့ 4 Low Performance Power Efficient Core ဆိုပြီး ရှိမှာပါ။ သူ့ရဲ့ စွမ်းဆောင်ရည် လက်တွေ့မှာ ဘယ်လောက်ကြမ်းမလဲဆိုတာသိရဖို့ SD 8150 သုံးဖုန်းတစ်လုံးအရင်ထွက်ဖို့ လိုနေပါပြီ.. ဒီထဲမှာမှ Meizu ဖုန်းက ပထမဆုံးအနေနဲ့ထွက်လာနိုင်မလားတော့ စောင့်ကြည့်ရမှာပါ။

Source GizmoChina