Zawgyi

MEIZU ရဲ႕ ေနာက္ဆံုးထုတ္ Higher Mid-Range ဖုန္းျဖစ္တဲ့ MEIZU X8 ကို ေအာက္တိုဘာ ၁၅ ရက္ မွာ စတင္ မိတ္ဆက္ေရာင္းခ်မယ္လို႔ ေၾကညာျပီးခါမွ ေရာင္းခ်ဖို႔ အတြက္ အလံုးေရ လံုလံုေလာက္ေလာက္မရွိလို႔ ေရာင္းခ်မယ့္ ရက္ကို ေနာက္ဆုတ္လိုက္ရပါတယ္။ ပစၥည္းထုတ္လုပ္တဲ့ အျမန္ႏွုန္း အနည္းငယ္အားနည္းေနတာေၾကာင့္ သက္မွတ္ထားတဲ့ အလံုးေရ မရတဲ့အတြက္ ပစၥည္းစတင္ေရာင္းခ်တဲ့အခါ ပစၥည္း ျပတ္လတ္မွုေတြ ျဖစ္ေပၚလာမွာ စိုးရိမ္လို႔ စတင္ေရာင္းခ်မယ့္ ရက္ကို အခုလိုေနာက္ဆုတ္လိုက္ရတာပါလို႔ MEIZU Technology က တရားဝင္ေျပာၾကားခဲ့ပါတယ္။ MEIZU X8 ကို အရင္ ေရာင္းခ်မယ္လို႔ေၾကညာထားတဲ့ ေအာက္တိုဘာ ၁၅ ရက္ထက္ ၁၀ ရက္ေနာက္ဆုတ္ျပီး ေအာက္တိုဘာ ၂၅ မွစတင္ေရာင္းခ်ေတာ့မွာပါ။

ဒါေပမယ့္ MEIZU 16th, 16th Plus, 16X တို႔ကိုေတာ့ ေအာက္တိုဘာ ၁၅ ရက္ မနက္က စျပီး ဝယ္ယူႏိုင္ပါျပီ။ MEIZU X8 ကို စက္တင္ဘာ ၁၉ ကတည္းက မိတ္ဆက္ထားခဲ့တာျဖစ္ျပီး 6.2-inch Display တပ္ဆင္ေပးထားတဲ့ Notch ပါဝင္လာတဲ့ ပထမဆံုး MEIZU ဖုန္းတစ္လံုးပါ။ Qualcomm ရဲ႕ Super Mid-Range SoC ျဖစ္တဲ့ Snapdragon 710 ကိုအသံုးျပဳေပးထားျပီး 4GB နဲ႔ 6GB RAM ေတြနဲ႔ တြဲဖက္ေပးထားပါတယ္။ 12MP နဲ႔ 5MP ရွိ Dual Camera Setup ကိုထည့္သြင္းေပးထားျပီး အေရွ႕ဘက္မွာေတာ့ 20MP ရွိတဲ့ Selfie Camera ပါဝင္ပါတယ္။ Operating System ကေတာ့ Android Oreo ျဖစ္ျပီး ဘက္ထရီကေတာ့ 3,210mAh ပဲ ပါဝင္ပါတယ္။

Ref: Giz China

Unicode

MEIZU ရဲ့ နောက်ဆုံးထုတ် Higher Mid-Range ဖုန်းဖြစ်တဲ့ MEIZU X8 ကို အောက်တိုဘာ ၁၅ ရက် မှာ စတင် မိတ်ဆက်ရောင်းချမယ်လို့ ကြေညာပြီးခါမှ ရောင်းချဖို့ အတွက် အလုံးရေ လုံလုံလောက်လောက်မရှိလို့ ရောင်းချမယ့် ရက်ကို နောက်ဆုတ်လိုက်ရပါတယ်။ ပစ္စည်းထုတ်လုပ်တဲ့ အမြန်နှုန်း အနည်းငယ်အားနည်းနေတာကြောင့် သက်မှတ်ထားတဲ့ အလုံးရေ မရတဲ့အတွက် ပစ္စည်းစတင်ရောင်းချတဲ့အခါ ပစ္စည်း ပြတ်လတ်မှုတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်လို့ စတင်ရောင်းချမယ့် ရက်ကို အခုလိုနောက်ဆုတ်လိုက်ရတာပါလို့ MEIZU Technology က တရားဝင်ပြောကြားခဲ့ပါတယ်။ MEIZU X8 ကို အရင် ရောင်းချမယ်လို့ကြေညာထားတဲ့ အောက်တိုဘာ ၁၅ ရက်ထက် ၁၀ ရက်နောက်ဆုတ်ပြီး အောက်တိုဘာ ၂၅ မှစတင်ရောင်းချတော့မှာပါ။

ဒါပေမယ့် MEIZU 16th, 16th Plus, 16X တို့ကိုတော့ အောက်တိုဘာ ၁၅ ရက် မနက်က စပြီး ဝယ်ယူနိုင်ပါပြီ။ MEIZU X8 ကို စက်တင်ဘာ ၁၉ ကတည်းက မိတ်ဆက်ထားခဲ့တာဖြစ်ပြီး 6.2-inch Display တပ်ဆင်ပေးထားတဲ့ Notch ပါဝင်လာတဲ့ ပထမဆုံး MEIZU ဖုန်းတစ်လုံးပါ။ Qualcomm ရဲ့ Super Mid-Range SoC ဖြစ်တဲ့ Snapdragon 710 ကိုအသုံးပြုပေးထားပြီး 4GB နဲ့ 6GB RAM တွေနဲ့ တွဲဖက်ပေးထားပါတယ်။ 12MP နဲ့ 5MP ရှိ Dual Camera Setup ကိုထည့်သွင်းပေးထားပြီး အရှေ့ဘက်မှာတော့ 20MP ရှိတဲ့ Selfie Camera ပါဝင်ပါတယ်။ Operating System ကတော့ Android Oreo ဖြစ်ပြီး ဘက်ထရီကတော့ 3,210mAh ပဲ ပါဝင်ပါတယ်။

Ref: Giz China