Meizu ကုမ္ပဏီကနေ လက်ရှိမှာအကောင်းဆုံးသော Mid Range ဖုန်းတစ်ခုဖြစ်လာမယ့် Meizu E3 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ အခု Meizu E3 စမတ်ဖုန်းဟာ Specifications အရ Xiaomi Redmi Note 5 စမတ်ဖုန်းနဲ့ တူညီပေမယ့် အချို့နေရာတွေမှာ ပိုပြီးသာလွန်တာပဲဖြစ်ပါတယ်။

Meizu E3 စမတ်ဖုန်းဟာ 5.99″ Full HD+ 18:9 Ratio Display ကို အသုံးပြုထားသလို Redmi Note 5 စမတ်ဖုန်းလိုပဲ Qualcomm Snapdragon 636 Processor ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့လည်း 6GB တောင်ပါဝင်မှာဖြစ်ပြီးတော့ Storage ကိုလည်း 64GB ဒါမှမဟုတ် 128GB အထိ ရွေးချယ်နိုင်ဦးမှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ Meizu E3 စမတ်ဖုန်းဟာ Mid Range စမတ်ဖုန်းထက် High End စမတ်ဖုန်းတစ်ခုလို့တောင်ပြောလို့ရမှာပါ။ Back Camera ကို Dual Camera တပ်ဆင်ထားပြီးတော့ Primary Sensor ကို Sony IMX 362 12MP Sensor နဲ့အတူ Secondary Sensor ကိုတော့ 20MP Sony IMX 350 Sensor အသုံးပြုထားတာပဲဖြစ်ပါတယ်။ သူရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Redmi Note 5 ရဲ့ Secondary Sensor က 5MP ပဲဖြစ်တဲ့အတွက် ဒီနေရာမှာ Meizu E3 ကအများကြီးသာလွန်တယ်လို့ ပြောရမှာပါ။ Selfie Camera အနေနဲ့ကတော့ 8MP ပါဝင်မယ်လို့ သိရပါတယ်။

Meizu E3 စမတ်ဖုန်းဟာ 3300mAh Battery ကိုထည့်သွင်းထားပြီးတော့ 20W Fast Charger လည်းပါဝင်မှာဖြစ်ပါတယ်။ Meizu E3 စမတ်ဖုန်းကို လာမယ့် မတ်လ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံမှာစတင်ရောင်းချမှာဖြစ်ပြီးတော့ 64GB Version ကို ၂၈၄ ဒေါ်လာ နဲ့ 128GB Version ကို ၃၁၅ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ Meizu ကနေ တိုက်လေယာဉ် J-20 Edition ကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။