[Zawgyi]

Meizu အေနနဲ႔ သူတို႔ရဲ႕ Note စီးရီး မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Meizu Note 9 ကို ဒီလထဲမွာ မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Meizu Note 9 နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္တခ်ိဴ႕ဟာ မၾကာေသးခင္က TENAA မွာ ထြက္ေပၚခဲ့ဖူးေပမယ့္ စမတ္ဖုန္းရဲ႕ ဓာတ္ပုံေတြကိုေတာ့ ေဖာ္ျပထားျခင္း မရွိခဲ့ပါဘူး။

ဒီေန႔မွာေတာ့ Meizu Note 9 ရဲ႕ အသြင္အျပင္ကို ေဖာ္ျပေပးထားတဲ့ ဓာတ္ပုံေတြ ေပၚထြက္လာၿပီ ျဖစ္ပါတယ္။ အဆိုပါ ဓာတ္ပုံေတြဟာ TENAA ကေန တဆင့္ ထပ္မံထြက္ေပၚလာတာ ျဖစ္ၿပီး စမတ္ဖုန္းရဲ႕ ေရွ႕ဘက္မ်က္ႏွာျပင္နဲ႔ ေနာက္ေက်ာဘက္ ဒီဇိုင္းေတြကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ေရွ႕ဘက္မ်က္ႏွာျပင္ပုံက မထင္မရွား ျဖစ္ေနေပမယ့္ ေသခ်ာျပဴးၿပဲ ၾကည့္မယ္ဆိုရင္ Waterdrop Notch Display ကို အသုံးျပဳထားတာ ေတြ႕ရမွာပါ။ ေနာက္ေက်ာဘက္ပုံမွာေတာ့ Dual Camera ကို ေဒါင္လိုက္တပ္ဆင္ထားၿပီး၊ Physical Fingerprint Sensor ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ လက္ရွိ ၾကားသိေနရတဲ့ သတင္းေတြအရဆိုရင္ Dual Camera Setup ထဲက ကင္မရာ ၁လုံးဟာ Samsung ရဲ႕ ISOCELL GM1 48MP Camera Sensor ျဖစ္ၿပီး 5MP Camera Sensor နဲ႔ တြဲလ်က္တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာရွိတဲ့ Waterdrop Notch ထဲမွာေတာ့ 20MP Camera Sensor ကို တပ္ဆင္ထားႏိုင္ပါတယ္။

 

Display အပိုင္းအတြက္ ၆.၂လက္မ Full HD+ Display ကို အသုံးျပဳထားႏိုင္ၿပီး Resolution က 1080 x 2244 pixels ရွိတယ္လို႔ သိရပါတယ္။ Processor အပိုင္းအတြက္ Vivo V15 Pro နဲ႔ Redmi Note 7 Pro တို႔မွာ အသုံးျပဳႏိုင္ဖြယ္ရွိတဲ့ Snapdragon 675 SoC ကို အသုံးျပဳထားႏိုင္ပါတယ္။ RAM အေနနဲ႔ 6GB ပါဝင္ႏိုင္ၿပီး Memory Storage ကို 64GB ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ ဘက္ထရီ သိုေလွာင္မႈပမာဏ 3900mAh ပါဝင္ႏိုင္ၿပီး တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္သြားမယ္လို႔ သတင္းထြက္ေနပါတယ္။ ခန္႔မွန္းေစ်းႏႈန္းက ၉၉၉ ယြမ္ျဖစ္ၿပီး ျမန္မာေငြနဲ႔ ျပန္တြက္ၾကည့္မယ္ဆိုရင္ေတာ့ ၂၂၅,၀၀၀ က်ပ္ ဝန္းက်င္ပဲ က်သင့္မွာပါ။

Ref : Gizmochina

[Unicode]

Redmi Note 7 ရဲ့ အကောင်းဆုံး ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ Meizu Note 9

Meizu အနေနဲ့ သူတို့ရဲ့ Note စီးရီး မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Meizu Note 9 ကို ဒီလထဲမှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ Meizu Note 9 နဲ့ ပတ်သတ်တဲ့ အချက်အလက်တချိူ့ဟာ မကြာသေးခင်က TENAA မှာ ထွက်ပေါ်ခဲ့ဖူးပေမယ့် စမတ်ဖုန်းရဲ့ ဓာတ်ပုံတွေကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

ဒီနေ့မှာတော့ Meizu Note 9 ရဲ့ အသွင်အပြင်ကို ဖော်ပြပေးထားတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံတွေဟာ TENAA ကနေ တဆင့် ထပ်မံထွက်ပေါ်လာတာ ဖြစ်ပြီး စမတ်ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင်နဲ့ နောက်ကျောဘက် ဒီဇိုင်းတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ရှေ့ဘက်မျက်နှာပြင်ပုံက မထင်မရှား ဖြစ်နေပေမယ့် သေချာပြူးပြဲ ကြည့်မယ်ဆိုရင် Waterdrop Notch Display ကို အသုံးပြုထားတာ တွေ့ရမှာပါ။ နောက်ကျောဘက်ပုံမှာတော့ Dual Camera ကို ဒေါင်လိုက်တပ်ဆင်ထားပြီး၊ Physical Fingerprint Sensor ကို အသုံးပြုထားတာ တွေ့ရပါတယ်။ လက်ရှိ ကြားသိနေရတဲ့ သတင်းတွေအရဆိုရင် Dual Camera Setup ထဲက ကင်မရာ ၁လုံးဟာ Samsung ရဲ့ ISOCELL GM1 48MP Camera Sensor ဖြစ်ပြီး 5MP Camera Sensor နဲ့ တွဲလျက်တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာရှိတဲ့ Waterdrop Notch ထဲမှာတော့ 20MP Camera Sensor ကို တပ်ဆင်ထားနိုင်ပါတယ်။

Display အပိုင်းအတွက် ၆.၂လက်မ Full HD+ Display ကို အသုံးပြုထားနိုင်ပြီး Resolution က 1080 x 2244 pixels ရှိတယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် Vivo V15 Pro နဲ့ Redmi Note 7 Pro တို့မှာ အသုံးပြုနိုင်ဖွယ်ရှိတဲ့ Snapdragon 675 SoC ကို အသုံးပြုထားနိုင်ပါတယ်။ RAM အနေနဲ့ 6GB ပါဝင်နိုင်ပြီး Memory Storage ကို 64GB ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဘက်ထရီ သိုလှောင်မှုပမာဏ 3900mAh ပါဝင်နိုင်ပြီး တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။ ခန့်မှန်းစျေးနှုန်းက ၉၉၉ ယွမ်ဖြစ်ပြီး မြန်မာငွေနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင်တော့ ၂၂၅,၀၀၀ ကျပ် ဝန်းကျင်ပဲ ကျသင့်မှာပါ။

Ref : Gizmochina