Meizu ကုမ္ပဏီဟာလည်း အခုနောက်ပိုင်းမှာ 18:9 Ratio Display ကို အသုံးပြုနေပြီဖြစ်ပြီးတော့ Fingerprint Sensor နေရာကို Meizu M6S စမတ်ဖုန်းမှာ ဖုန်းရဲ့ ဘေးဘက်ကိုရွေ့ထားခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် Meizu က အခုအချိန်မှာ Under-Display Fingerprint Sensor ကို အသုံးပြုနိုင်ဖို့အတွက် တရုတ်ပြည်မှာရှိတဲ့ State Intellectual Property Office of China – SIPO ကို မူပိုင်ခွင့်တင်လိုက်ပြီလို့ သိရပါတယ်။

Meizu ရဲ့ ယခု Under-Display Fingerprint Sensor ဟာ ဖုန်းကို Unlock ပြုလုပ်ဖို့တင်အသုံးပြုမှာမဟုတ်ပဲ ငွေကြေးပေးချေတဲ့အချိန်တွေမှာလည်း အသုံးပြုနိုင်မယလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Meizu ရဲ့ Under-Display Fingerprint Sensor အသုံးပြုထားတဲ့ဖုန်းတွေကို မကြာခင်မြင်ရတော့မှာပါ။