Meizu ဖုန်းကုမ္ပဏီက စမတ်ဖုန်းကို စခရင် ၂ မျိုးနဲ့ ထုတ်ပြီး လူတွေစိတ်ဝင်စားမှုကို ရယူဖို့ ကြိုးစားနေပါတယ်။

တခြား ဖုန်းကုမ္ပဏီတွေ စခရင်ကို Curved Shape ပုံစံမျိုးလုပ်နေချိန်မှာတော့ Meizu က သူများနဲ့ မတူတဲ့ ဖုန်းစခရင် ၂ ဖက်ပါတဲ့ Pro 7 ကို ထုတ်လုပ်ခဲ့တာပါ။

Pro 7 နဲ့ Pro 7 Plus ဖုန်း ၂ မျိုးကို ဖုန်းရဲ့ အနောက်ဘက်မှာ စခရင်ပါအောင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဖုန်းရဲ့ အနောက်ဘက် စခရင်ကတော့ ၂ လက်မလောက်ဘဲ ကျယ်ပါတယ်။

ဖုန်းရဲ့ အနောက်ဘက် စခရင်မှာ အချိန်၊ နေ့စွဲ၊ ရာသီဥတု အခြေအနေ နဲ့ ကိုယ်ဖွင့်ထားတဲ့ သီချင်းတို့ကိုဘဲပြသ နိုင်ပါတယ်။

ဒါပေမယ့် Selfie ရိုက်တာ ကြိုက်နှစ်သက်သူတွေအတွက်တော့ ကောင်းပါတယ်။

စခရင် ၂ မျိုးနဲ့ ထုတ်လုပ်လိုက်တဲ့ Meizu Pro 7 နဲ့ 7 Plus

12 Megapixel ရှိတဲ့ အနောက်ကင်မရာ ၂လုံးနဲ့ အနောက်စခရင်ကိုသုံးပြီး Selfie ရိုက်လို့ရပါတယ်။ အရှေ့ကင်မရာကိုသုံးပြီး ရိုက်တာထက် အရည်အသွေးပိုကောင်းပါတယ်။ ဒါပေမယ့် အရှေ့ကင်မရာကလည်း 16 Megapixel ရှိပါတယ်။

Meizu Pro 7 မှာ စခရင်အကျယ်က ၅.၂ လက်မ ရှိပြီး Resolution က 1920× 1080 ရှိပါတယ်။ Android 7 ကို အသုံးပြုထားပြီး Deca-core (10-Core) MediaTek Processor နဲ့ Storage က 128 GB ရှိတာကြောင့် ကြိုက်သလောက် ဓာတ်ပုံတွေ ရိုက်ပါ။ RAM က 4 GB ရှိပြီး ဘက်ထရီက 3000 mAh ရှိပါတယ်။

Meizu Pro 7 Plusက ၅.၇ လက်မရှိပြီး၊ RAM က 6 GB နဲ့ 64 Storage ဒါမှမဟုတ် 128 Storage ရှိပါတယ်။

Meizu Pro 7 ကို အမေရိကန်ဒေါ်လာ ၄၃၀ နဲ့ Meizu Pro 7 Plus ကို အမေရိကန်ဒေါ်လာ ၅၃၀ နဲ့ စက်တင်ဘာလ ၀န်းကျင်မှာ ရောင်းချသွားမှာဖြစ်ပါတယ်။