Zawgyi

Xiaomi ဖုန္းေတြကို Software Update ေပးတဲ့ ပုံစံဟာ တစ္ျခားဖုန္းေတြနဲ႕ အေတာ္ေလးကြဲျပားပါတယ္။ Xiaomi ဖုန္းေတြဟာ Android Software Update ေတြေပၚ မွီခိုျခင္းသိပ္မရွိတဲ့အတြက္ Android Version ဟာ Mi User ေတြအေပၚ သက္ေရာက္ျခင္း သိပ္မရွိပါဘူး။ ဒါေပမယ့္လည္း ကိုယ့္ဖုန္းေပၚမွာ ေနာက္ဆုံးေပၚ Android Version ရွိေနေစခ်င္တာကေတာ့ ဖုန္းအသုံးျပဳသူတိုင္းပါပဲ။ အခုဆိုရင္ေတာ့ Xiaomi ရဲ႕ Mi 6X, Redmi Note 5, Redmi 6 Pro နဲ႕ Redmi S2 တို႔အတြက္ Android Pie အေျခခံ Closed Beta MIUI ထြက္ရွိလို႔ေနပါၿပီ။

အခုထြက္ရွိလာတဲ့ Android Pie အေျခခံ MIUI Update ဟာ Closed Beta ျဖစ္လို႔ စမ္းသပ္အသုံးျပဳဖို႔ စာရင္းေပးထားတဲ့သူေတြ အတြက္ပဲ ရရွိမွာပါ။ ဒါေပမယ့္လည္း Stable Version ေတြေလာက္တည္ၿငိမ္မႈရွိမွာ မဟုတ္ေသးပါဘူး။ အဆိုပါ Android Pie MIUI ရဲ႕ Stable Version ကို ၂၀၁၉ အေစာပိုင္းေလာက္မွာပဲ ထုတ္ေပးမယ္ေျပာတဲ့အတြက္ မတ္လကုန္ (သို႔မဟုတ္) ဧၿပီလ ေနာက္ဆုံးထားၿပီးထြက္လာနိုင္ပါတယ္။

အေပၚမွာေျပာထားတဲ့အတိုင္းပဲ Mi ဖုန္းေတြဟာ Android Version ေပၚ မွီခိုျခင္း သိပ္မရွိတဲ့အတြက္ အခုထြက္လာမယ့္ Android Pie MIUI ဟာ အသြင္အျပင္ပိုင္း ေျပာင္းလဲမႈေတြ သိပ္ေတြ႕ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း Adaptive Battery Life နဲ႕ Adaptive Brightness ဆိုတဲ့ Android Pie ရဲ႕ နာမည္ႀကီး Feature အသစ္ေတြေတာ့ ပါဝင္လာနိုင္ပါတယ္။ ဘက္ထရီပိုင္း အားေကာင္းလာနိုင္ၿပီး App အဝင္အထြက္ေတြမွာ သိသိသာသာလွ်င္ျမန္လာပါလိမ့္မယ္။

Ref: XDA

Unicode

Xiaomi ဖုန်းတွေကို Software Update ပေးတဲ့ ပုံစံဟာ တစ်ခြားဖုန်းတွေနဲ့ အတော်လေးကွဲပြားပါတယ်။ Xiaomi ဖုန်းတွေဟာ Android Software Update တွေပေါ် မှီခိုခြင်းသိပ်မရှိတဲ့အတွက် Android Version ဟာ Mi User တွေအပေါ် သက်ရောက်ခြင်း သိပ်မရှိပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဖုန်းပေါ်မှာ နောက်ဆုံးပေါ် Android Version ရှိနေစေချင်တာကတော့ ဖုန်းအသုံးပြုသူတိုင်းပါပဲ။ အခုဆိုရင်တော့ Xiaomi ရဲ့ Mi 6X, Redmi Note 5, Redmi 6 Pro နဲ့ Redmi S2 တို့အတွက် Android Pie အခြေခံ Closed Beta MIUI ထွက်ရှိလို့နေပါပြီ။

အခုထွက်ရှိလာတဲ့ Android Pie အခြေခံ MIUI Update ဟာ Closed Beta ဖြစ်လို့ စမ်းသပ်အသုံးပြုဖို့ စာရင်းပေးထားတဲ့သူတွေ အတွက်ပဲ ရရှိမှာပါ။ ဒါပေမယ့်လည်း Stable Version တွေလောက်တည်ငြိမ်မှုရှိမှာ မဟုတ်သေးပါဘူး။ အဆိုပါ Android Pie MIUI ရဲ့ Stable Version ကို ၂၀၁၉ အစောပိုင်းလောက်မှာပဲ ထုတ်ပေးမယ်ပြောတဲ့အတွက် မတ်လကုန် (သို့မဟုတ်) ဧပြီလ နောက်ဆုံးထားပြီးထွက်လာနိုင်ပါတယ်။

အပေါ်မှာပြောထားတဲ့အတိုင်းပဲ Mi ဖုန်းတွေဟာ Android Version ပေါ် မှီခိုခြင်း သိပ်မရှိတဲ့အတွက် အခုထွက်လာမယ့် Android Pie MIUI ဟာ အသွင်အပြင်ပိုင်း ပြောင်းလဲမှုတွေ သိပ်တွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း Adaptive Battery Life နဲ့ Adaptive Brightness ဆိုတဲ့ Android Pie ရဲ့ နာမည်ကြီး Feature အသစ်တွေတော့ ပါဝင်လာနိုင်ပါတယ်။ ဘက်ထရီပိုင်း အားကောင်းလာနိုင်ပြီး App အဝင်အထွက်တွေမှာ သိသိသာသာလျှင်မြန်လာပါလိမ့်မယ်။

Ref: XDA