Zawgyi Font Version

Mi 8 EE နဲ႕ Mi 5s Plus တို႔အတြက္ Software Update ေတြကို Xiaomi ထုတ္ေပးခဲ့ပါတယ္။
ဇူလိုင္လကမွ တရုတ္ျပည္တြင္းမွာ Launch လုပ္ခဲ့တဲ့ Mi 8 EE (ေခၚ) Mi 8 Explorer Edition အတြက္ Android Pie အေျခခံ MIUI Beta တစ္ခုထြက္ရွိလို႔လာပါတယ္။ China Mi 8 EE အလံုးေတြပဲ သြင္းလို႔ရမွာျဖစ္ျပီး Stable အသံုးျပဳေနတဲ့ သူေတြအေနနဲ႔ အဆိုပါ Android Pie အေျခခံ MIUI Betaကို စမ္းသံုးၾကည့္ခ်င္ရင္ေတာ့ MIUI Beta Program မွာ စာရင္းေပးရမွာျဖစ္ပါတယ္။ Bootloader Unlock လုပ္ထားရင္ေတာ့ System Update App ကေနျပီး Update from Storage နဲ႔ အလြယ္တကူ Update ျပဳလုပ္ႏိုင္ပါတယ္။ Android Pie Update ေၾကာင့္ Youtube ေပၚက Video ေတြကို HDR အရည္အေသြးနဲ႔ ၾကည့္ရွုလာႏိုင္ပါတယ္။ HDR 10 အဆင့္ရွိ Movie ေတြကူးယူၾကည့္ရွုလာႏိုင္တယ္။ System ပိုင္းပိုမိုျမန္ဆန္ သြက္လက္လာျပီး Battery Life ပိုေကာင္းလာတယ္။ Android Pie ရဲ႕ Feature အသစ္ေတြျဖစ္တဲ့ Adaptive Battery Life နဲ႔ App Slice လို Feature အသစ္ေတြပါဝင္လာျပီး Face Unlock စနစ္ကို ပိုမိုျမန္ဆန္လာေစပါတယ္။

Xiaomi Mi 5s Plus ကိုေတာ့ (၂၀၁၆) ခုႏွစ္ကတည္းက တရုတ္ျပည္မွာ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Official Oreo Update ရပါျပီ။ ရရွိတဲ့ Update ေတြဟာ MIUI Update ေတြမဟုတ္ပဲ Android Version Update ေတြမို႔လို႔ MIUI ပိုင္း ဘာမွေတာ့ ေျပာင္းလဲမွုရွိမွာမဟုတ္ပါဘူး။ သံုးႏွစ္နီးပါးၾကာျပီျဖစ္တဲ့ Device အေဟာင္းတစ္ခုကို Android Update ထုတ္ေပးခဲ့တဲ့ အတြက္ Xiaomi ကသူ႔ရဲ႕ Device ေတြကိုအေလးထားတယ္ဆိုတာ သိလိုက္ရပါတယ္။ Mi 5s Plus အတြက္ထြက္ရွိလာတဲ့ Update အသစ္ဟာ China MIUI ျဖစ္ျပီးေတာ့ Battery Life ပိုေကာင္းလာျပီး System တစ္ခုလံုးကို Smooth ျဖစ္ေစမယ္လို႔သိရပါတယ္။ Global Version ေတြမွာသြင္းႏိုုင္မွာမဟုတ္ပဲ China Version ေတြမွာပဲ Update ရရွိမွာပါ။ Global Version အလံုးေတြမွာသြင္းခ်င္ရင္ေတာ့ Boot Loader Unlock လုပ္ျပီး အသံုးျပဳႏိုင္ပါတယ္။

Update ႏွစ္ခုလံုးကို XDA Site မွာ တင္ေပးခဲ့တာျဖစ္ျပီး Official China ROM ေတြျဖစ္တယ္လို႔သိရပါတယ္။ XDA Site မွာေတာ့ China ROM လား Global ROM လား ေသခ်ာမေျပာခဲ့ေပမယ့္ MIUI Version Number ေတြအရ China ROM မွန္းသိရတာပါ။ အဆိုပါ Update ေတြလိုခ်င္ရင္ေတာ့ ကိုယ့္ Xiaomi Device က China လား Global လား ေသခ်ာစစ္ျပီး ေအာက္က XDA Link ကေန ေဒါင္းယူႏိုင္ပါတယ္။

XDA Link

Unicode Version

Mi 8 EE နဲ့ Mi 5s Plus တို့အတွက် Software Update တွေကို Xiaomi ထုတ်ပေးခဲ့ပါတယ်။
ဇူလိုင်လကမှ တရုတ်ပြည်တွင်းမှာ Launch လုပ်ခဲ့တဲ့ Mi 8 EE (ခေါ်) Mi 8 Explorer Edition အတွက် Android Pie အခြေခံ MIUI Beta တစ်ခုထွက်ရှိလို့လာပါတယ်။ China Mi 8 EE အလုံးတွေပဲ သွင်းလို့ရမှာဖြစ်ပြီး Stable အသုံးပြုနေတဲ့ သူတွေအနေနဲ့ အဆိုပါ Android Pie အခြေခံ MIUI Betaကို စမ်းသုံးကြည့်ချင်ရင်တော့ MIUI Beta Program မှာ စာရင်းပေးရမှာဖြစ်ပါတယ်။ Bootloader Unlock လုပ်ထားရင်တော့ System Update App ကနေပြီး Update from Storage နဲ့ အလွယ်တကူ Update ပြုလုပ်နိုင်ပါတယ်။ Android Pie Update ကြောင့် Youtube ပေါ်က Video တွေကို HDR အရည်အသွေးနဲ့ ကြည့်ရှုလာနိုင်ပါတယ်။ HDR 10 အဆင့်ရှိ Movie တွေကူးယူကြည့်ရှုလာနိုင်တယ်။ System ပိုင်းပိုမိုမြန်ဆန် သွက်လက်လာပြီး Battery Life ပိုကောင်းလာတယ်။ Android Pie ရဲ့ Feature အသစ်တွေဖြစ်တဲ့ Adaptive Battery Life နဲ့ App Slice လို Feature အသစ်တွေပါဝင်လာပြီး Face Unlock စနစ်ကို ပိုမိုမြန်ဆန်လာစေပါတယ်။

Xiaomi Mi 5s Plus ကိုတော့ (၂၀၁၆) ခုနှစ်ကတည်းက တရုတ်ပြည်မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Official Oreo Update ရပါပြီ။ ရရှိတဲ့ Update တွေဟာ MIUI Update တွေမဟုတ်ပဲ Android Version Update တွေမို့လို့ MIUI ပိုင်း ဘာမှတော့ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ သုံးနှစ်နီးပါးကြာပြီဖြစ်တဲ့ Device အဟောင်းတစ်ခုကို Android Update ထုတ်ပေးခဲ့တဲ့ အတွက် Xiaomi ကသူ့ရဲ့ Device တွေကိုအလေးထားတယ်ဆိုတာ သိလိုက်ရပါတယ်။ Mi 5s Plus အတွက်ထွက်ရှိလာတဲ့ Update အသစ်ဟာ China MIUI ဖြစ်ပြီးတော့ Battery Life ပိုကောင်းလာပြီး System တစ်ခုလုံးကို Smooth ဖြစ်စေမယ်လို့သိရပါတယ်။ Global Version တွေမှာသွင်းနိုုင်မှာမဟုတ်ပဲ China Version တွေမှာပဲ Update ရရှိမှာပါ။ Global Version အလုံးတွေမှာသွင်းချင်ရင်တော့ Boot Loader Unlock လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Update နှစ်ခုလုံးကို XDA Site မှာ တင်ပေးခဲ့တာဖြစ်ပြီး Official China ROM တွေဖြစ်တယ်လို့သိရပါတယ်။ XDA Site မှာတော့ China ROM လား Global ROM လား သေချာမပြောခဲ့ပေမယ့် MIUI Version Number တွေအရ China ROM မှန်းသိရတာပါ။ အဆိုပါ Update တွေလိုချင်ရင်တော့ ကိုယ့် Xiaomi Device က China လား Global လား သေချာစစ်ပြီး အောက်က XDA Link ကနေ ဒေါင်းယူနိုင်ပါတယ်။

XDA Link