Zawgyi Font Version

Snapdragon 660 SoC ကိုအသံုးျပဳထားတဲ့ Xiaomi Mi 8 Lite ကို တရုတ္ျပည္တြင္းမွာမိတ္ဆက္လိုက္ပါတယ္။ အမွန္တစ္ကယ္ေတာ့ Mi 8 Lite ဟာ Rumor ေတြထြက္ေနခဲ့တဲ့ Mi 8 Youth သာျဖစ္ျပီးဘာသာစကားကြာျခားမွုေၾကာင့္သာ Youth လို႔ဘာသာျပန္ခဲ့ၾကသာျဖစ္ပါတယ္။ လူငယ္ပိုင္း Youth ကိုမရည္ညႊန္းပဲ Mi 8 ရဲ႕ Version အနိမ့္အျဖစ္ Lite ဆိုတဲ့စကားလံုးကသာ ပိုမိုသင့္ေတာ္တဲ့အတြက္ Mi 8 Lite လို႔ေခၚဆိုတာပါ။ Rumors ေတြအတိုင္းပဲေနာက္ေၾကာဘက္ ေရာင္ေျပး ဒီဇိုင္းနဲ႔ထြက္ရွိလာတာျဖစ္ျပီး Snapdragon 660 ကို RAM 6GB နဲ႔ Run ေပးထားျပီး ပိုမိုေစ်းသက္သာတဲ့ RAM 4GB Version လည္းရွိပါတယ္။

Notch Display နဲ႔အတူ တစ္္ျခား Mi 8 Series ေတြနဲ႔ ဒီဇိုင္းပိုင္း ကြဲထြက္ေနတဲ့ အလ်ားလိုက္ Dual Cameras Set up ကိုလည္းေတြ႔ရပါတယ္။(၆.၂၆) လက္မရွိတဲ့ Display ဟာ 1080p Full HD Resolution ရွိတာေၾကာင့္ Game ေဆာ့ရာမွာပဲ ျဖစ္ျဖစ္ ရုပ္ရွင္ေတြၾကည့္ရင္ပဲျဖစ္ျဖစ္ အရမ္းအဆင္ေျပေစပါတယ္။ Battery ပမာဏကေတာ့ 3,250mAh ပဲပါဝင္ေပမယ့္ Snapdragon 660 SoC ဟာ Power သံုးစြဲမွု နည္းပါးတာေၾကာင့္ Battery သက္တမ္းပိုမိုၾကာရွည္ခံေစမွာပါ။ Quick Charge 3.0 Support ေၾကာင့္ အားသြင္းျမန္ေစျပီး QC 3.0 Charger ပါတစ္ခါတည္းပါဝင္လို႔ Quick Charge Charger သက္သက္ဝယ္စရာမလိုေတာ့ပါဘူး။

Camera ပိုင္းမွာေတာ့ လက္ေတြ႔မစမ္းၾကည့္ရေသးေတာ့ Camera Quality ေကာင္းမေကာင္းေသခ်ာမသိႏိုင္ေသးေပမယ့္ Selfie Camera Sensor ဟာ 24MP ရွိတဲ့အတြက္ Mid Range ဖုန္းေတြထဲမွာေတာ့ ေတာ္ေတာ္မ်ားတဲ့ ပမာဏပါပဲ။ အေနာက္ဘက္ Dual Cameras Set up ကိုေတာ့ 12MP RGB Lens နဲ႔ Portrait နဲ႔ Bokeh Effect ေတြရိုက္ဖို႔ 5MP Telephoto Lens တို႔ထည့္သြင္းေပးထားပါတယ္။ Camera Quality ကေတာ့ Redmi Note 5 Camera Quality ထက္ ပိုေကာင္းျပီး Mi 8 SE Camera Quality နဲ႔တန္းတူရွိမယ္လို႔ေမွ်ာ္လင့္ရပါတယ္။

တစ္ျခား Feature ေတြအေနနဲ႔ကေတာ့ TV Remote လိုအသံုးျပဳႏိုင္မယ့္ IR Blaster နဲ႔ အသံထြက္ အရမ္းက်ယ္တဲ့ ဖုန္းေအာက္ေျခမွာထည့္သြင္းေပးထားတဲ့ Single Speaker တို႔ပါဝင္ပါတယ္။ Headphones Jack ျဖဳတ္ထားျပီး Type C Port ကေနပဲ သီခ်င္းနားေထာင္ရမွာပါ။ အဲ့ဒီအတြက္လည္း Xiaomi ကေန တန္ဖိုးသင့္ Type C Headphones ေတြထုတ္လာႏိုင္ပါတယ္။ Operating System အေနနဲ႔ကေတာ့ Oreo အေျခခံ MIUI 10 ပါဝင္မွာျဖစ္ပါတယ္။ AI အေျခခံ Feature အသစ္ေတြပါဝင္ျပီး AP Powered App Pre-loading ေၾကာင့္ App ေတြဖြင့္တဲ့အခါ ပိုမိုျမန္ဆန္ေစမွာပါ။

RAM 4GB, Storage 64GB Version ကို $204 နဲ႔ဝယ္ယူႏိုင္ပါတယ္။ RAM 6GB, Storage 64GB Version က $248 ျဖစ္ျပီး အျမင့္ဆံုး Version ျဖစ္တဲ့ RAM 6GB, Storage 128GB ကေတာ့ $290 ရွိပါတယ္။ Global Version အျဖစ္ထြက္လာရင္ေတာ့ တရုတ္ျပည္တြင္းေစ်းေတြထက္ပိုျမင့္ႏိုင္ပါတယ္။ Price to Performance Ratio ကေတာ့ Xiaomi ပီပီ အေကာင္းဆံုးပဲျဖစ္ျပီး Mid Range ထဲမွာ အေကာင္းဆံုးျဖစ္တဲ့ Snapdragon 660 SoC ကို $200 စြန္းစြန္းနဲ႔ရရွိလို႔ အရမ္းကိုတန္တယ္လို႔ေျပာရမွာပါ။

Ref: XDA News

Unicode Version

Snapdragon 660 SoC ကိုအသုံးပြုထားတဲ့ Xiaomi Mi 8 Lite ကို တရုတ်ပြည်တွင်းမှာမိတ်ဆက်လိုက်ပါတယ်။ အမှန်တစ်ကယ်တော့ Mi 8 Lite ဟာ Rumor တွေထွက်နေခဲ့တဲ့ Mi 8 Youth သာဖြစ်ပြီးဘာသာစကားကွာခြားမှုကြောင့်သာ Youth လို့ဘာသာပြန်ခဲ့ကြသာဖြစ်ပါတယ်။ လူငယ်ပိုင်း Youth ကိုမရည်ညွှန်းပဲ Mi 8 ရဲ့ Version အနိမ့်အဖြစ် Lite ဆိုတဲ့စကားလုံးကသာ ပိုမိုသင့်တော်တဲ့အတွက် Mi 8 Lite လို့ခေါ်ဆိုတာပါ။ Rumors တွေအတိုင်းပဲနောက်ကြောဘက် ရောင်ပြေး ဒီဇိုင်းနဲ့ထွက်ရှိလာတာဖြစ်ပြီး Snapdragon 660 ကို RAM 6GB နဲ့ Run ပေးထားပြီး ပိုမိုဈေးသက်သာတဲ့ RAM 4GB Version လည်းရှိပါတယ်။

Notch Display နဲ့အတူ တစ်ခြား Mi 8 Series တွေနဲ့ ဒီဇိုင်းပိုင်း ကွဲထွက်နေတဲ့ အလျားလိုက် Dual Cameras Set up ကိုလည်းတွေ့ရပါတယ်။(၆.၂၆) လက်မရှိတဲ့ Display ဟာ 1080p Full HD Resolution ရှိတာကြောင့် Game ဆော့ရာမှာပဲ ဖြစ်ဖြစ် ရုပ်ရှင်တွေကြည့်ရင်ပဲဖြစ်ဖြစ် အရမ်းအဆင်ပြေစေပါတယ်။ Battery ပမာဏကတော့ 3,250mAh ပဲပါဝင်ပေမယ့် Snapdragon 660 SoC ဟာ Power သုံးစွဲမှု နည်းပါးတာကြောင့် Battery သက်တမ်းပိုမိုကြာရှည်ခံစေမှာပါ။ Quick Charge 3.0 Support ကြောင့် အားသွင်းမြန်စေပြီး QC 3.0 Charger ပါတစ်ခါတည်းပါဝင်လို့ Quick Charge Charger သက်သက်ဝယ်စရာမလိုတော့ပါဘူး။

Camera ပိုင်းမှာတော့ လက်တွေ့မစမ်းကြည့်ရသေးတော့ Camera Quality ကောင်းမကောင်းသေချာမသိနိုင်သေးပေမယ့် Selfie Camera Sensor ဟာ 24MP ရှိတဲ့အတွက် Mid Range ဖုန်းတွေထဲမှာတော့ တော်တော်များတဲ့ ပမာဏပါပဲ။ အနောက်ဘက် Dual Cameras Set up ကိုတော့ 12MP RGB Lens နဲ့ Portrait နဲ့ Bokeh Effect တွေရိုက်ဖို့ 5MP Telephoto Lens တို့ထည့်သွင်းပေးထားပါတယ်။ Camera Quality ကတော့ Redmi Note 5 Camera Quality ထက် ပိုကောင်းပြီး Mi 8 SE Camera Quality နဲ့တန်းတူရှိမယ်လို့မျှော်လင့်ရပါတယ်။

တစ်ခြား Feature တွေအနေနဲ့ကတော့ TV Remote လိုအသုံးပြုနိုင်မယ့် IR Blaster နဲ့ အသံထွက် အရမ်းကျယ်တဲ့ ဖုန်းအောက်ခြေမှာထည့်သွင်းပေးထားတဲ့ Single Speaker တို့ပါဝင်ပါတယ်။ Headphones Jack ဖြုတ်ထားပြီး Type C Port ကနေပဲ သီချင်းနားထောင်ရမှာပါ။ အဲ့ဒီအတွက်လည်း Xiaomi ကနေ တန်ဖိုးသင့် Type C Headphones တွေထုတ်လာနိုင်ပါတယ်။ Operating System အနေနဲ့ကတော့ Oreo အခြေခံ MIUI 10 ပါဝင်မှာဖြစ်ပါတယ်။ AI အခြေခံ Feature အသစ်တွေပါဝင်ပြီး AP Powered App Pre-loading ကြောင့် App တွေဖွင့်တဲ့အခါ ပိုမိုမြန်ဆန်စေမှာပါ။

RAM 4GB, Storage 64GB Version ကို $204 နဲ့ဝယ်ယူနိုင်ပါတယ်။ RAM 6GB, Storage 64GB Version က $248 ဖြစ်ပြီး အမြင့်ဆုံး Version ဖြစ်တဲ့ RAM 6GB, Storage 128GB ကတော့ $290 ရှိပါတယ်။ Global Version အဖြစ်ထွက်လာရင်တော့ တရုတ်ပြည်တွင်းဈေးတွေထက်ပိုမြင့်နိုင်ပါတယ်။ Price to Performance Ratio ကတော့ Xiaomi ပီပီ အကောင်းဆုံးပဲဖြစ်ပြီး Mid Range ထဲမှာ အကောင်းဆုံးဖြစ်တဲ့ Snapdragon 660 SoC ကို $200 စွန်းစွန်းနဲ့ရရှိလို့ အရမ်းကိုတန်တယ်လို့ပြောရမှာပါ။

Ref: XDA News