Zawgyi

Pixel 3 Series အသစ္ေတြကို စတင္မိတ္ဆက္လိုက္တုန္းက လူအမ်ားကို အံ့အားသင့္ေစခဲ့တဲ့အရာကေတာ့ ထံုးစံအတိုင္းပဲ ထူးျခားဆန္းသစ္တဲ့ ကင္မရာ လုပ္ေဆာင္ခ်က္အသစ္ေတြပါပဲ။ အဲ့အထဲကမွ Night Sight ဆိုတဲ့ ညဘက္ရိုက္တဲ့ပံုေတြကို အေကာင္းဆံုးရည္အေသြးရရွိေစလို႔ လူတိုင္းလိုလို အဆိုပါ ကင္မရာ လုပ္ေဆာင္ခ်က္ကို လိုခ်င္ခဲ့မိၾကပါတယ္။ Pixel 3 Series ရဲ႕ Night Sight Feature ထြက္လာ ျပီးျပီးခ်င္းပဲ Pixel ဖုန္းအေဟာင္းေတြအတြက္ပါ အသံုးျပဳလို႔ရေအာင္ Google ကေန Update ေတြထုတ္ေပးခဲ့ပါတယ္။ အလားတူပဲ OnePlus 6T မွာလည္း Night Scape လို႔ေခၚတဲ့ Night Photography Feature တစ္ခုကိုထည့္သြင္းေပးလာျပီး အရင္ထြက္ခဲ့တဲ့ OnePlus 6 မွာပါ အဆိုပါ Feature ကိုအသံုးျပဳလို႔ရခဲ့ပါတယ္။

Night Sight နည္းပညာေတြဟာ Manual Mode ဖြင့္ျပီး Long Exposure ရိုက္တာနဲ႔ ဆင္တူေပမယ့္ Long Exposure နဲ႔ရိုက္တဲ့ပံုေတြထက္ ပိုျပီးအရည္ေသြးေကာင္းပါတယ္။ Long Exposure နဲပမတူတာကေတာ့ AI အေထာက္အပ့ံစနစ္ပါလာတာျဖစ္ျပီး ဘယ္ေနရာမွာ Noise ေတြကိုေလွ်ာ့ခ်ရမယ္ ဘယ္ေနရာမွာ အလင္းပိုတင္ရမယ္ ဆိုတဲ့ အစရွိတဲ့ ခ်ိန္ညွိမွုေတြကို AI ကျပဳလုပ္ေပးတာပါ။ OnePlus အျပင္ ေနာက္ နာမည္ၾကီး စမတ္ဖုန္း ထုတ္လုပ္သူၾကီး Xiaomi ကလည္း သူ႔ရဲ႕ အသစ္စက္စက္ Mi Mix 3 မွာ Night Scene ထည့္ေပးလာပါတယ္။ Pixel 3 နဲ႔ OnePlus 6T လိုပဲ အေမွာင္ထဲမွာ အရည္အေသြးေကာင္းမြန္တဲ့ ပံုရိပ္ေတြရိုက္ကူးႏိုင္မွာျဖစ္ပါတယ္။ Google နဲ႔ OnePlus တို႔လိုပဲ Xiaomi ကလည္း အဆိုပါ Night Scene ကို Mi 8 နဲ႔ Mi Mix 2S တို႔မွာပါ အသံုးျပဳလို႔ရေအာင္ လုပ္ေဆာင္ေပးခဲ့ပါျပီ။

Mi 8 နဲ႔ Mi Mix 2S တို႔မွာ အဆိုပါ ကင္မရာ လုပ္ေဆာင္ခ်က္အသစ္ေတြလိုခ်င္တယ္ဆိုရင္ေတာ့ MIUI China Beta ROM ကို Update တင္ေပးရမွာပါ။ China Beta ROM တင္ရမွာမို႔ Global အလံုးေတြကေတာ့ အသံုးျပဳလို႔မရပါဘူး။ Mi 8 နဲ႔ Mi Mix 2S ကို တရုတ္ဗားရွင္းဝယ္ထားတဲ့ သူေတြဆိုရင္ေတာ့ MIUI တရုတ္ဝဘ္ဆိုဒ္ကေန MIUI 8.11.8 ကိုေဒါင္းျပီး Mi Flash Tool နဲ႔ သြင္းႏိုင္ပါတယ္။ Data ေတြေတာ့ ပ်က္ႏိုင္လို႔ အေရးၾကီးတဲ့ Data ေတြ Backup လုပ္ထားသင့္ပါတယ္။ Night Scene Feature အျပင္ အဆိုပါ MIUI Beta မွာ တစ္ျခား ေျပာင္းလဲမွုေလးေတြနဲ႔ System ပိုင္းပိုေခ်ာေမြ႔ေအာင္ ျပဳျပင္ေပးထားပါတယ္။

Ref: Gizmo China

Unicode

Pixel 3 Series အသစ်တွေကို စတင်မိတ်ဆက်လိုက်တုန်းက လူအများကို အံ့အားသင့်စေခဲ့တဲ့အရာကတော့ ထုံးစံအတိုင်းပဲ ထူးခြားဆန်းသစ်တဲ့ ကင်မရာ လုပ်ဆောင်ချက်အသစ်တွေပါပဲ။ အဲ့အထဲကမှ Night Sight ဆိုတဲ့ ညဘက်ရိုက်တဲ့ပုံတွေကို အကောင်းဆုံးရည်အသွေးရရှိစေလို့ လူတိုင်းလိုလို အဆိုပါ ကင်မရာ လုပ်ဆောင်ချက်ကို လိုချင်ခဲ့မိကြပါတယ်။ Pixel 3 Series ရဲ့ Night Sight Feature ထွက်လာ ပြီးပြီးချင်းပဲ Pixel ဖုန်းအဟောင်းတွေအတွက်ပါ အသုံးပြုလို့ရအောင် Google ကနေ Update တွေထုတ်ပေးခဲ့ပါတယ်။ အလားတူပဲ OnePlus 6T မှာလည်း Night Scape လို့ခေါ်တဲ့ Night Photography Feature တစ်ခုကိုထည့်သွင်းပေးလာပြီး အရင်ထွက်ခဲ့တဲ့ OnePlus 6 မှာပါ အဆိုပါ Feature ကိုအသုံးပြုလို့ရခဲ့ပါတယ်။

Night Sight နည်းပညာတွေဟာ Manual Mode ဖွင့်ပြီး Long Exposure ရိုက်တာနဲ့ ဆင်တူပေမယ့် Long Exposure နဲ့ရိုက်တဲ့ပုံတွေထက် ပိုပြီးအရည်သွေးကောင်းပါတယ်။ Long Exposure နဲပမတူတာကတော့ AI အထောက်အပံ့စနစ်ပါလာတာဖြစ်ပြီး ဘယ်နေရာမှာ Noise တွေကိုလျှော့ချရမယ် ဘယ်နေရာမှာ အလင်းပိုတင်ရမယ် ဆိုတဲ့ အစရှိတဲ့ ချိန်ညှိမှုတွေကို AI ကပြုလုပ်ပေးတာပါ။ OnePlus အပြင် နောက် နာမည်ကြီး စမတ်ဖုန်း ထုတ်လုပ်သူကြီး Xiaomi ကလည်း သူ့ရဲ့ အသစ်စက်စက် Mi Mix 3 မှာ Night Scene ထည့်ပေးလာပါတယ်။ Pixel 3 နဲ့ OnePlus 6T လိုပဲ အမှောင်ထဲမှာ အရည်အသွေးကောင်းမွန်တဲ့ ပုံရိပ်တွေရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Google နဲ့ OnePlus တို့လိုပဲ Xiaomi ကလည်း အဆိုပါ Night Scene ကို Mi 8 နဲ့ Mi Mix 2S တို့မှာပါ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးခဲ့ပါပြီ။

Mi 8 နဲ့ Mi Mix 2S တို့မှာ အဆိုပါ ကင်မရာ လုပ်ဆောင်ချက်အသစ်တွေလိုချင်တယ်ဆိုရင်တော့ MIUI China Beta ROM ကို Update တင်ပေးရမှာပါ။ China Beta ROM တင်ရမှာမို့ Global အလုံးတွေကတော့ အသုံးပြုလို့မရပါဘူး။ Mi 8 နဲ့ Mi Mix 2S ကို တရုတ်ဗားရှင်းဝယ်ထားတဲ့ သူတွေဆိုရင်တော့ MIUI တရုတ်ဝဘ်ဆိုဒ်ကနေ MIUI 8.11.8 ကိုဒေါင်းပြီး Mi Flash Tool နဲ့ သွင်းနိုင်ပါတယ်။ Data တွေတော့ ပျက်နိုင်လို့ အရေးကြီးတဲ့ Data တွေ Backup လုပ်ထားသင့်ပါတယ်။ Night Scene Feature အပြင် အဆိုပါ MIUI Beta မှာ တစ်ခြား ပြောင်းလဲမှုလေးတွေနဲ့ System ပိုင်းပိုချောမွေ့အောင် ပြုပြင်ပေးထားပါတယ်။

Ref: Gizmo China