Xiaomi ကနေ Mi 8 စမတ်ဖုန်းကို လာမယ့် မေလ ၃၁ ရက်နေ့မှာ ထုတ်ပြသွားမယ်လို့ တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အခုလိုမျိုး Mi 8 လို့ နာမည်ပေးလိုက်တာကလည်း Mi 7 ကိုကျော်လိုက်ပြီး ကုမ္ပဏီရဲ့ ၈ နှစ်ပြည့်အထိမ်းအမှတ်နဲ့ ကိုက်ညီအောင်ဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Mi 8 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ မျှော်လင့်စရာအကောင်းဆုံးသော စမတ်ဖုန်းဖြစ်နေပြီးတော့ ဒါကလည်း လက်ရှိမှာ အကောင်းဆုံးသော စွမ်းဆောင်ရည်ရှိလာမယ့် အပြင် အခြားသော Features အသစ်အဆန်းတွေလည်း ပါဝင်လာမှာဖြစ်လို့ပါ။ စွမ်းဆောင်ရည်အရ Qualcomm Snapdragon 845 Processor ၊ RAM 8GB ၊ Storage 256GB အထိရှိလာမှာဖြစ်ပေမယ့် ဒါတွေတင်ပဲမဟုတ်ပါဘူး။

ဘာဖြစ်လို့လည်းဆိုရင် Xiaomi Mi 8 စမတ်ဖုန်းက လက်ရှိ Android စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 3D Face ID စနစ်ပါဝင်လာမှာဖြစ်ပြီးတော့ ဒါက iPhone X ပြီးရင် တစ်ခုထဲသော စမတ်ဖုန်းဖြစ်လာမှာပါ။ ဒါတင်မကသေးပဲ နောက်ဆုံးသိရတဲ့သတင်းတွေအရ Xiaomi က Fingerprint Scanner ကိုလည်း အနောက်မှာထားတော့မှာမဟုတ်ပဲ Screen အောက်မှာပဲ In-Display Fingerprint အနေနဲ့ ထားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး 3D Face ID ရော In-Display Fingerprint ရော ပါလာမယ်ဆိုရင်တော့ Xiaomi Mi 8 က အကြမ်းကြီးဖြစ်လာတော့မှာပါ။

အခုအချိန်မှာ Xiaomi Mi 8 ရဲ့ Hands-on Video တစ်ခုက တရုတ် Website တစ်ခုမှာ ပေါက်ကြားလာခဲ့ပြီးတော့ အဆိုပါ Video အရ Xiaomi Mi 8 ရဲ့ နောက်ကျောဘက် ဒီဇိုင်းက အတွင်းကို ဖောက်ထွင်းတောင် မြင်နေရအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အခုလိုမျိုး ဖောက်ထွင်းမြင်နိုင်တဲ့ ဒီဇိုင်းကို ပြုလုပ်နေတဲ့သူဆိုလို့ HTC ပဲ ရှိနေသေးတဲ့အတွက် အခု Mi 8 ရဲ့ ဒီဇိုင်းကလည်း ကိုင်ထားရင် စွဲဆောင်နေတော့မှာပါ။

ဘာပဲဖြစ်ဖြစ် မေလ ၃၁ ရက်နေ့မှာ ကျင်းပသွားမယ့် Xiaomi Mi 8 ကို မိတ်ဆက်ပွဲကတော့ အခမ်းနားဆုံးပွဲတစ်ခုဖြစ်လာမှာ သေချာပါတယ်။