Zawgyi

တရုတ္ျပည္ရဲ႕ Apple လို႔ တင္စားၾကတဲ့ Xiaomi ဟာ အခုဆိုရင္ ဥေရာပ ေစ်းကြက္ကို အရွိန္အဟုန္နဲ႔ ထိုးေဖာက္ေနပါျပီ။ ျပင္သစ္လို ဥေရာပ ႏိုင္ငံေတြမွာ Mi Store ေတြ တိုးခ်ဲ႕ဖြင့္လွစ္ျပီး Huawei နဲ႔ Oppo တို႔လို တစ္ျခား တရုတ္စမတ္ဖုန္း ထုတ္လုပ္သူေတြနဲ႔ အျပိဳင္ ေစ်းကြက္ ရွာေဖြလ်က္ရွိပါတယ္။ မၾကာေသးခင္ကပဲ အိုင္ယာလန္မွာ Mi Mix 2S ကိုတရားဝင္မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ Flagship Series Mi 8 မ်ိဳးႏြယ္ဝင္ျဖစ္တဲ့ Mi 8 Pro ကို ယူေက မွာ စတင္မိတ္ဆက္လိုက္ပါျပီ။

ယူေက မွာ Mi 8 Pro ကိုေရာင္းခ်တဲ့ ေစ်းဟာ ယူရို ၄၉၉ ျဖစ္ပါတယ္။ တရုတ္ျပည္တြင္း Mi 8 Pro ေစ်းထက္ အနည္းငယ္ေတာ့ မ်ားတယ္ဆိုရပါမယ္။ ဒါေပမယ့္လည္း ႏိုင္ငံတကာ ေစ်းကြက္မို႔ ေစ်းတင္ေရာင္းတယ္လို႔ ျမင္ႏိုင္ပါတယ္။ အခုလို ေစ်းတင္ျပီးေရာင္းတာေတာင္မွ တစ္ျခား အျပိဳင္ စမတ္ဖုန္းေတြနဲ႔ ယွဥ္ရင္ေစ်းသက္သာေနေသးတယ္လို႕ ဆိုႏုိင္ပါတယ္။

အဆိုပါ Mi 8 Pro ကို ႏိုဝင္ဘာ ၉ ရက္ေန႔က စျပီး ေရာင္းခ်မွာပါ။ အရင္ နဂိုမူလ Mi 8 နဲ႔ ကြဲျပားသြားတဲ့ အခ်က္ကေတာ့ In-Display Fingerprint Scanner ပါဝင္လာတာနဲ႔ အေရာင္ပိုင္းကြာျခားသြားတာေလးပါပဲ။ အေရာင္အေနနဲ႔ကေတာ့ Twilight Gold လို႔ေခၚတဲ့ Huawei ေနာက္ထြက္ဖုန္းေတြမွာေတြ႕ရတဲ့ ေရာင္ေျပး အေရာင္မ်ိဳးပါပဲ။ ထူးျခားခ်က္ကေတာ့ တစ္ျခား ေရာင္ေျပးဖုန္းေတြထက္ ပိုလွပေနျပီး အဆိုပါ ဆန္းသစ္တဲ့ အေရာင္ရရွိဖို႔ Xiaomi က အေတာ္ေလးၾကိဳးစားထားရတယ္လို႔ ဆိုပါတယ္။ Meteorite Black လို႔ေခၚတဲ့ အနက္ေရာင္တစ္မ်ိဳးနဲ႔ အထဲက စက္အစိတ္အပိုင္းတြကို ေဖာက္ထြင္းျမင္ရတဲ့ Transparent Black ဆိုျပီး အေရာင္ႏွစ္ေရာင္နဲ႔လည္း ေရြးခ်ယ္ရယူႏုိင္ပါေသးတယ္။ တစ္ျခား ဖုန္းတြင္းပိုင္း စက္ပစၥည္းေတြကေတာ့ Mi 8 နဲ႔အတူတူပဲ ျဖစ္ျပီး Snapdragon 845 က ေနာက္သံုးႏွစ္ေလာက္ထိ ေခတ္ေနာက္က်မယ့္ SoC တစ္ခု မဟုတ္ပါဘူး။ ဒါ့အျပင္ Full HD+ AMOLED Display နဲ႔အတူ DxO Mark စာရင္းမွာ မ်က္ႏွာပန္းလွေနတဲ့ Mi Mix 3 မွာအသံုးျပဳထားတဲ့ ကင္မရာေတြကိုပဲ တပ္ဆင္ေပးထားပါတယ္။ အခုလို Mi 8 Pro ကို Global Version အေနနဲ႔ မိတ္ဆက္လိုက္တဲ့အတြက္ Mi 8 Pro China Version အသံုးျပဳေနတဲ့ သူေတြအတြက္လည္း Global MIUI ေျပာင္းသံုးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ရွိလာပါျပီ။

Ref: XDA

Unicode

တရုတ်ပြည်ရဲ့ Apple လို့ တင်စားကြတဲ့ Xiaomi ဟာ အခုဆိုရင် ဥရောပ ဈေးကွက်ကို အရှိန်အဟုန်နဲ့ ထိုးဖောက်နေပါပြီ။ ပြင်သစ်လို ဥရောပ နိုင်ငံတွေမှာ Mi Store တွေ တိုးချဲ့ဖွင့်လှစ်ပြီး Huawei နဲ့ Oppo တို့လို တစ်ခြား တရုတ်စမတ်ဖုန်း ထုတ်လုပ်သူတွေနဲ့ အပြိုင် ဈေးကွက် ရှာဖွေလျက်ရှိပါတယ်။ မကြာသေးခင်ကပဲ အိုင်ယာလန်မှာ Mi Mix 2S ကိုတရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Flagship Series Mi 8 မျိုးနွယ်ဝင်ဖြစ်တဲ့ Mi 8 Pro ကို ယူကေ မှာ စတင်မိတ်ဆက်လိုက်ပါပြီ။

ယူကေ မှာ Mi 8 Pro ကိုရောင်းချတဲ့ ဈေးဟာ ယူရို ၄၉၉ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်း Mi 8 Pro ဈေးထက် အနည်းငယ်တော့ များတယ်ဆိုရပါမယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ ဈေးကွက်မို့ ဈေးတင်ရောင်းတယ်လို့ မြင်နိုင်ပါတယ်။ အခုလို ဈေးတင်ပြီးရောင်းတာတောင်မှ တစ်ခြား အပြိုင် စမတ်ဖုန်းတွေနဲ့ ယှဉ်ရင်ဈေးသက်သာနေသေးတယ်လို့ ဆိုနိုင်ပါတယ်။

အဆိုပါ Mi 8 Pro ကို နိုဝင်ဘာ ၉ ရက်နေ့က စပြီး ရောင်းချမှာပါ။ အရင် နဂိုမူလ Mi 8 နဲ့ ကွဲပြားသွားတဲ့ အချက်ကတော့ In-Display Fingerprint Scanner ပါဝင်လာတာနဲ့ အရောင်ပိုင်းကွာခြားသွားတာလေးပါပဲ။ အရောင်အနေနဲ့ကတော့ Twilight Gold လို့ခေါ်တဲ့ Huawei နောက်ထွက်ဖုန်းတွေမှာတွေ့ရတဲ့ ရောင်ပြေး အရောင်မျိုးပါပဲ။ ထူးခြားချက်ကတော့ တစ်ခြား ရောင်ပြေးဖုန်းတွေထက် ပိုလှပနေပြီး အဆိုပါ ဆန်းသစ်တဲ့ အရောင်ရရှိဖို့ Xiaomi က အတော်လေးကြိုးစားထားရတယ်လို့ ဆိုပါတယ်။ Meteorite Black လို့ခေါ်တဲ့ အနက်ရောင်တစ်မျိုးနဲ့ အထဲက စက်အစိတ်အပိုင်းတွကို ဖောက်ထွင်းမြင်ရတဲ့ Transparent Black ဆိုပြီး အရောင်နှစ်ရောင်နဲ့လည်း ရွေးချယ်ရယူနိုင်ပါသေးတယ်။ တစ်ခြား ဖုန်းတွင်းပိုင်း စက်ပစ္စည်းတွေကတော့ Mi 8 နဲ့အတူတူပဲ ဖြစ်ပြီး Snapdragon 845 က နောက်သုံးနှစ်လောက်ထိ ခေတ်နောက်ကျမယ့် SoC တစ်ခု မဟုတ်ပါဘူး။ ဒါ့အပြင် Full HD+ AMOLED Display နဲ့အတူ DxO Mark စာရင်းမှာ မျက်နှာပန်းလှနေတဲ့ Mi Mix 3 မှာအသုံးပြုထားတဲ့ ကင်မရာတွေကိုပဲ တပ်ဆင်ပေးထားပါတယ်။ အခုလို Mi 8 Pro ကို Global Version အနေနဲ့ မိတ်ဆက်လိုက်တဲ့အတွက် Mi 8 Pro China Version အသုံးပြုနေတဲ့ သူတွေအတွက်လည်း Global MIUI ပြောင်းသုံးနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာပါပြီ။

Ref: XDA