Xiaomi ဟာသူ့ရဲ့ ၈ နှစ်ပြည့် Anniversary Phone အဖြစ် အားလုံး မျှော်လင့်ထားတဲ့ Mi 7 အစား Mi 8 ဖုန်း ကို Launch လုပ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Source: Gizmochina

ကောလဟာလတွေ အရတော့ Mi 8 ဖုန်းဟာ 6GB RAM 64Gb Storage Version နဲ့ 8GB Ram 128GB Storage Version ဆိုပြီး Version ၂ မျိုးနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 6/64 Version ဟာ $440 လောက်နဲ့ စတင်ရောင်းချနိုင်ပြီး 8/128 Version ကတော့ $500 လောက်နဲ့ စတင်ရောင်းချနိုင်ပါတယ်။

Mi 8 ဟာ Apple iPhone X လို 3D Face Recognition Technology မျိုး သုံးလာနိုင်ပါတယ်။ Chipset ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ကြေညာခဲ့တဲ့အတိုင်း Snapdragon 845 ကိုသုံးမှာပါ။ Fingerprint အတွက်ကိုတော့ In-Screen Fingerprint Sensor သုံးထားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဘယ်တော့ Launch လုပ်မလဲဆိုတာ မကြေညာ သေးပေမယ့် လာမယ့် မေလ ၃၁ ရက် ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။