Zawgyi

Xiaomi အေနနဲ႔ Mi 8 စမတ္ဖုန္းေတြရဲ႕ မ်ိဴးႏြယ္ခြဲျဖစ္တဲ့ Mi 8 Youth စမတ္ဖုန္းကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ အဆိုပါ Mi 8 Youth ကို လာမယ့္ စက္တင္ဘာလ ၁၉ရက္ေန႔မွာ မိတ္ဆက္သြားမွာ ျဖစ္ေၾကာင္း Xiaomi က တရားဝင္ ထုတ္ျပန္ေၾကျငာထားပါတယ္။

တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားကေတာ့ အဆိုပါ Mi 8 Youth ကို Mi 8X အျဖစ္ ကင္ပြန္းတပ္ၿပီး တ႐ုတ္ႏိုင္ငံမွာ ထုတ္လုပ္ေရာင္းခ်သြားႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုထားပါတယ္။ Mi 8 Youth ကို အေရာင္စပ္ၾကား ဒီဇိုင္းျဖစ္တဲ့ Twilight Gold Colour နဲ႔အတူ ျမင္ေတြ႕ရဖြယ္ရွိပါတယ္။ ေနာက္ေက်ာဘက္မွာ Dual Camera ကို အလ်ားလိုက္ တပ္ဆင္ထားၿပီး Fingerprint Sensor ပါဝင္တာလည္း ေတြ႕ရပါတယ္။

မၾကာေသးခင္က ထြက္ရွိထားတဲ့ သတင္းေတြအရဆိုရင္ Mi 8 Youth ရဲ႕ Processor အပိုင္းအတြက္ Snapdragon 710 SoC ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ Operating System အပိုင္းအတြက္ Android 8.1 Oreo ကို ထည့္သြင္း ေမာင္းႏွင္ထားႏိုင္ၿပီး 4K ဗီဒီယိုမ်ားလည္း ႐ိုက္ကူးႏိုင္တယ္လို႔ သိရပါတယ္။ Mi 8 Youth ရဲ႕ Display မွာ Notch ပါဝင္ၿပီး Mi 8, Mi 8 SE တို႔ရဲ႕ ဒီဇိုင္းနဲ႔ ဆင္တူေနပါတယ္။ Mi 8 Youth ဟာ Mi 8, Mi 8 SE တို႔နဲ႔ ဘာေတြကြာျခားသြားမလဲဆိုတာကိုေတာ့ စက္တင္ဘာလ ၁၉ရက္ေန႔မွာ က်င္းပသြားမယ့္ Mi 8 Youth မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref:gadgets.ndtv

Unicode

စက်တင်ဘာလ ၁၉ရက်နေ့မှာ မြင်တွေ့ရတော့မယ့် အရောင်စပ်ကြားနဲ့ Mi 8 Youth

Xiaomi အနေနဲ့ Mi 8 စမတ်ဖုန်းတွေရဲ့ မျိူးနွယ်ခွဲဖြစ်တဲ့ Mi 8 Youth စမတ်ဖုန်းကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အဆိုပါ Mi 8 Youth ကို လာမယ့် စက်တင်ဘာလ ၁၉ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း Xiaomi က တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ်။

တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ အဆိုပါ Mi 8 Youth ကို Mi 8X အဖြစ် ကင်ပွန်းတပ်ပြီး တရုတ်နိုင်ငံမှာ ထုတ်လုပ်ရောင်းချသွားနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။ Mi 8 Youth ကို အရောင်စပ်ကြား ဒီဇိုင်းဖြစ်တဲ့ Twilight Gold Colour နဲ့အတူ မြင်တွေ့ရဖွယ်ရှိပါတယ်။ နောက်ကျောဘက်မှာ Dual Camera ကို အလျားလိုက် တပ်ဆင်ထားပြီး Fingerprint Sensor ပါဝင်တာလည်း တွေ့ရပါတယ်။

မကြာသေးခင်က ထွက်ရှိထားတဲ့ သတင်းတွေအရဆိုရင် Mi 8 Youth ရဲ့ Processor အပိုင်းအတွက် Snapdragon 710 SoC ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Operating System အပိုင်းအတွက် Android 8.1 Oreo ကို ထည့်သွင်း မောင်းနှင်ထားနိုင်ပြီး 4K ဗီဒီယိုများလည်း ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ Mi 8 Youth ရဲ့ Display မှာ Notch ပါဝင်ပြီး Mi 8, Mi 8 SE တို့ရဲ့ ဒီဇိုင်းနဲ့ ဆင်တူနေပါတယ်။ Mi 8 Youth ဟာ Mi 8, Mi 8 SE တို့နဲ့ ဘာတွေကွာခြားသွားမလဲဆိုတာကိုတော့ စက်တင်ဘာလ ၁၉ရက်နေ့မှာ ကျင်းပသွားမယ့် Mi 8 Youth မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref:gadgets.ndtv