[Zawgyi]
Ref: GizmoChina
[Unicode]
ဒီနှစ် April တုန်းကပဲ Xiaomi က သူ့ရဲ့ Mi 8 Flagship ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ နောက်နှစ် ဒီလိုအချိန်မှာ Xiaomi ကနေ ဘယ်လိုပုံစံ ဖုန်းတစ်လုံးကို မြင်တွေ့ရနိုင်မလဲ?
အခုတော့ လာမယ့် Mi 9 နဲ့ပတ်သတ်ပြီးတော့ ဒီဇိုင်နာ Benjamin Geskin က ဖြစ်နိုင်တဲ့ Specification တွေကို ဖော်ပြသွားပါတယ်။
ပြထားတဲ့ပုံမှာ Xiaomi Mi 9 ရဲ့ ထိပ်ဖက် Notch က လက်ရှိ Mi Notch ပါတဲ့ဖုန်းတွေရဲ့ Notch တွေရဲ့ ဆိုဒ်ထက် တော်တော်လေးသေးသွားတာကို တွေ့ရပါတယ်။ Display ကတော့ 6.4-inch AMOLED Display နဲ့ Under_Display Fingerprint Reader နဲ့ လာနိုင်ပါတယ်။
ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ ကင်မရာ၃လုံးကို ဒေါင်လိုက်တပ်ထားပြီးတော့ ပထမ ကင်မရာ Sensor ၂လုံးကြားထဲမှာ LED Flash ထည့်ထားပါတယ်။ ကင်မရာ ၃လုံးထဲက Primary Sensor ကတော့ Sony IMX586 သုံးထားတယ်လို့ ဆိုထားပါတယ်။ သူ့ရဲ့ ကင်မရာ ၃လုံးကတော့ 48MP+ 13MP+ 16MP ဖြစ်မယ်လို့တော့ သတင်းထွက်ထားပါတယ်။
Qualcomm ကလည်း Snapdragon 8150 ကိုမိတ်ဆက်တော့မှာဆိုတော့ Chipset အသစ်တွေနဲ့ဲအတူ ထွက်လာနိုင်ပြီး RAM 6/8GB လာမှာဖြစ်ပါတယ်။ အမြင့်ဆုံး ဗားရှင်းကတော့ 10GB RAM နဲ့လာနိုင်ပြီး 3700mAh, Quick Charge 5.0 ထိတောင် ထောက်ပံ့ပေးလာနိုင်ပါတယ်။ ကျောဘက် Glass ကိုယ်ထည်ကတော့ ကြိုးမဲ့အားသွင်းစနစ်ကို ခွင့်ပြုပေးတော့မလားမပြောတတ်ပါဘူး။ Mi Mix3 လို 5G ၊ဖူန်းနောက်တစ်လုံးကတော့ သူလေးပဲ ဖြစ်လာနိုင်ပါတယ်။ Mi 9 တွေနဲ့ပတ်သတ်ပြီး ထင်မိတဲ့ မှန်းမိတဲ့ Specification လေးများရှိရင် Comment မှာ ရေးသွားခဲ့လို့ရပါတယ်..
Ref: GizmoChina