[Zawgyi]

Xiaomi ကေန အျမန္အားသြင္းစနစ္နဲ႔ ဖုန္းတစ္လံုး ထြက္လာမယ္ဆိုတာ ေနာက္ခဲ့တာ မဟုတ္ပါဘူး။ တကယ္အမွန္ပါပဲ။ 18W ထက္ေတာင္ ပိုျမန္တဲ့ အားသြင္းစနစ္နဲ႔ ဖုန္းကို Xiaomi က ထုတ္ေတာ့မလား? ျဖစ္ႏုိင္တာကေတာ့ ၂၀၁၉ ခုႏွစ္အတြင္းမွာတင္ကို ျမင္ရဖို႔ ေတာ္ေတာ္နီးကပ္ေနျပီ ထင္ပါတယ္။

တရုတ္ႏုိင္ငံ (3C လို႔ လူသိမ်ားၾကတဲ့) Compulsory  Certification of China ကေန ေမာ္ဒယ္လ္နံပါတ္ M1902F1A နဲ႔ M1902F1T ဆိုတဲ့ ၂မ်ိဳးကို 27W Charging နဲ႔ေတာင္ လာမယ္လို႔ ေဖာ္ျပလိုက္ပါတယ္။

ႏွစ္တစ္ႏွစ္ရဲ႕ ပထမႏွစ္ဝက္ဆိုတဲ့ အခ်ိန္အတြင္းမွာ Mi Flagship ဖုန္းတစ္လံုး အျမဲတမ္းထြက္ေနက်ဆိုေတာ့ ဒီတစ္ေခါက္ ထြက္လာမယ့္ ဖုန္းအသစ္ေလးက Mi 9 ျဖစ္ဖို႔ပဲ မ်ားပါတယ္။

ဒီဖုန္းကိုေတာ့ 18W  ထိ ရႏုိင္တဲ့ MDY-08-ES Charger ဒါမွမဟုတ္ 20V/1.35A ထိ ေပးႏုိင္တဲ့  MDY-10-EH Power Block နဲ႔ အသိအမွတ္ျပဳခ်က္ ရခဲ့တာျဖစ္ပါတယ္။

ပံုမွန္ကေတာ့ ႏွစ္တစ္ႏွစ္ရဲ႕ ပထမသံုးလအတြင္းမွာ Flagship ဖုန္းေတြကို Xiaomi က မိတ္ဆက္ေနက် ျဖစ္ေပမယ့္လည္း နာမည္ေက်ာ္ Mi 8 တုန္းက ေမလ ၃၁ရက္ေန႔ထိ ေနာက္က်သြားခဲ့တာေၾကာင့္ ေစာေစာထြက္မလား ေနာက္ပဲ က်မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။

MWC 2019 ပြဲမွာလည္း Xiaomi က အခ်ိန္စာရင္း ယူထားခဲ့တာဆိုေတာ့ Mi 9 ကို မိတ္ဆက္ေတာ့မွာလားလို႔လည္း ထင္ရသလို 5G ရႏုိင္ေအာင္ Snapdragon X50 Modem သံုးထားတဲ့ Xiaomi Mi Mix 3 ကိုလည္း မိတ္ဆက္လာေကာင္း  မိတ္ဆက္လာႏုိင္ပါတယ္။

MWC 2019 ပြဲကလည္း ဘာစီလိုနာမွာ က်င္းပမွာဆိုေတာ့ အဲဒီအခ်ိန္ အားလံုးကို တရားဝင္မိတ္ဆက္လာမယ့္ အခ်ိန္ကိုပဲ ေစာင့္ေမွ်ာ္ရင္း ၾကားထဲက Rumors ေပါင္းမ်ားစြာကို ဆက္နားစြင့္ၾကည့္ရေအာင္…

Source: GsmArena

[Unicode]

Xiaomi ကနေ အမြန်အားသွင်းစနစ်နဲ့ ဖုန်းတစ်လုံး ထွက်လာမယ်ဆိုတာ နောက်ခဲ့တာ မဟုတ်ပါဘူး။ တကယ်အမှန်ပါပဲ။ 18W ထက်တောင် ပိုမြန်တဲ့ အားသွင်းစနစ်နဲ့ ဖုန်းကို Xiaomi က ထုတ်တော့မလား? ဖြစ်နိုင်တာကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာတင်ကို မြင်ရဖို့ တော်တော်နီးကပ်နေပြီ ထင်ပါတယ်။

တရုတ်နိုင်ငံ (3C လို့ လူသိများကြတဲ့) Compulsory  Certification of China ကနေ မော်ဒယ်လ်နံပါတ် M1902F1A နဲ့ M1902F1T ဆိုတဲ့ ၂မျိုးကို 27W Charging နဲ့တောင် လာမယ်လို့ ဖော်ပြလိုက်ပါတယ်။

နှစ်တစ်နှစ်ရဲ့ ပထမနှစ်ဝက်ဆိုတဲ့ အချိန်အတွင်းမှာ Mi Flagship ဖုန်းတစ်လုံး အမြဲတမ်းထွက်နေကျဆိုတော့ ဒီတစ်ခေါက် ထွက်လာမယ့် ဖုန်းအသစ်လေးက Mi 9 ဖြစ်ဖို့ပဲ များပါတယ်။

ဒီဖုန်းကိုတော့ 18W  ထိ ရနိုင်တဲ့ MDY-08-ES Charger ဒါမှမဟုတ် 20V/1.35A ထိ ပေးနိုင်တဲ့  MDY-10-EH Power Block နဲ့ အသိအမှတ်ပြုချက် ရခဲ့တာဖြစ်ပါတယ်။

ပုံမှန်ကတော့ နှစ်တစ်နှစ်ရဲ့ ပထမသုံးလအတွင်းမှာ Flagship ဖုန်းတွေကို Xiaomi က မိတ်ဆက်နေကျ ဖြစ်ပေမယ့်လည်း နာမည်ကျော် Mi 8 တုန်းက မေလ ၃၁ရက်နေ့ထိ နောက်ကျသွားခဲ့တာကြောင့် စောစောထွက်မလား နောက်ပဲ ကျမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

MWC 2019 ပွဲမှာလည်း Xiaomi က အချိန်စာရင်း ယူထားခဲ့တာဆိုတော့ Mi 9 ကို မိတ်ဆက်တော့မှာလားလို့လည်း ထင်ရသလို 5G ရနိုင်အောင် Snapdragon X50 Modem သုံးထားတဲ့ Xiaomi Mi Mix 3 ကိုလည်း မိတ်ဆက်လာကောင်း  မိတ်ဆက်လာနိုင်ပါတယ်။

MWC 2019 ပွဲကလည်း ဘာစီလိုနာမှာ ကျင်းပမှာဆိုတော့ အဲဒီအချိန် အားလုံးကို တရားဝင်မိတ်ဆက်လာမယ့် အချိန်ကိုပဲ စောင့်မျှော်ရင်း ကြားထဲက Rumors ပေါင်းများစွာကို ဆက်နားစွင့်ကြည့်ရအောင်…

Source: GsmArena