[Zawgyi]

Xiaomi ရဲ႕ စီအီးအို Lei Jun ကေတာ့ Weibo ဆိုဒ္မွာ အားလံုးစိတ္ဝင္စားေလာက္မယ့္ သတင္းတစ္ခုနဲ႔ မရိုးမရြျဖစ္ေအာင္ လုပ္လိုက္ျပန္ပါျပီ။ အရင္ Model ေတြတုန္းက 10W အမ်ားဆံုးနဲ႔ ထြက္ခဲ့ေပမယ့္ Redmi Note 7 မွာ သံုးထားမယ္ဆိုတဲ့ QuickCharge 4 (Up To 18W) က ပထမဆံုးပြဲထြက္လာမွာဆိုေတာ့ အားလံုး စိတ္ရွည္စြာ ေစာင့္ဆိုင္းေနရပါျပီ။

ဒါေပမယ့္ 18W ထက္ ပိုရင္ခုန္ဖို႔ေကာင္းတဲ့သတင္းကို Lei Jun က သဲလြန္စေပးလိုက္ျပန္ပါျပီ။ Weibo ဝဘ္ဆုိဒ္မွာ Xiaomi Mi 9 ဟာ 24W Charging ပါလာမလားလို႔ ေမးလာတဲ့ ေမးခြနး္အေပၚ Xiaomi 9 ရဲ႕ အျမန္အားသြင္းစနစ္အေနနဲ႔ ပိုေကာင္းကိုေကာင္းရမွာေပါ့လို႔ ေျဖခဲ့တဲ့ အေျဖေလးပါ။

ထြက္လာခဲ့တဲ့ Leak သတင္းမွာလည္း Mi 9 မွာ 32W Fast Charging နဲဲ႔ ၾကိဳးမဲ့အားသြင္းစနစ္ေတာ့မပါဘူးလို႔ ေဖာ္ျပထားခဲ့ဖူးပါတယ္။ ဒါေပမယ့္ Jun ရဲ႕ စကားအတုိင္းဆို  အဲ့ေလာက္ထိ ေမွ်ာ္မွန္းလို႔မရရင္ေတာင္ အနည္းဆံုးေတာ့ 18W ထက္ကို ပိုျမန္ရမယ္ဆိုေတာ့ 24W ေလာက္ထိကေတာ့ မွန္းလို႔ရႏုိင္ပါတယ္။

32W ဆိုတာကလည္း ေတြ႔ကရာဂဏန္းကို ေကာက္ေျပာလုိက္တာမဟုတ္ပါဘူး။ မႏွစ္က ႏွစ္ကုန္ကမွ မိတ္ဆက္ထားတဲ့ Quick Charge 5 နဲ႔ ကိုက္ညီတဲ့ ပမာဏပါပဲ။ အားသြင္းေနတဲ့အခ်ိန္မွာ ဖုန္းကို မပူေအာင္  လက္ရိွ Dual Charge (Charge Controller ၂ခုကေန) သံုးခုကို ေျပာင္းထားတာျဖစ္ျပီး Power Path ကလည္း Quick Charge 4 မွာ ၂ေၾကာင္းကေန Quick Charge 5 မွာ ၃ေၾကာင္းအျဖစ္ ေျပာင္းလိုက္ပါျပီ။

ေနာက္တစ္ခုက Snapdragon 855 ကလည္း Quick Charge 4+ ကိုပဲ ေထာက္ပံ့ေပးမယ္လို႔တရားဝင္မိတ္ဆက္ျပီးသားဆိုေတာ့ 855 သံုးရင္ေတာင္ QC 5 ကို ရမွာမဟုတ္ႏုိင္ပါဘူး။ ျပီးခဲ့တဲ့တစ္ပတ္က Xiaomi ကေန Snapdragon 855 သံုးထားတဲ့ “Cepheus” ဆိုတဲ့ နာမည္ဝွက္နဲ႔ ဖုန္းတစ္လံုးလည္း Geekbench မွာ ေပၚခဲ့ျပီးသားဆိုေတာ့ Mi 9 ျဖစ္ဖို႔ပဲ အလားအလာေတ္ေတာ္မ်ားပါတယ္။

ေနာက္ပိုင္း Quick Charge 5 ကို ေထာက္ပ့ံေပးရင္ ေပးလာႏုိင္မွာဆိုေတာ့ ေစ်းကြက္ထဲမွာ ေရာက္လာမယ့္  Snapdragon 855 သံုး Flagship  ဖုန္းေတြကိုပဲ ဘယ္သူအရင္ဆံုး ေပးႏုိင္မလဲဆိုတာ မ်က္စိေဒါက္ေထာက္ ၾကည့္ေနရေတာ့မွာပါ။

Source: GsmArena

[Unicode]

Xiaomi ရဲ့ စီအီးအို Lei Jun ကတော့ Weibo ဆိုဒ်မှာ အားလုံးစိတ်ဝင်စားလောက်မယ့် သတင်းတစ်ခုနဲ့ မရိုးမရွဖြစ်အောင် လုပ်လိုက်ပြန်ပါပြီ။ အရင် Model တွေတုန်းက 10W အများဆုံးနဲ့ ထွက်ခဲ့ပေမယ့် Redmi Note 7 မှာ သုံးထားမယ်ဆိုတဲ့ QuickCharge 4 (Up To 18W) က ပထမဆုံးပွဲထွက်လာမှာဆိုတော့ အားလုံး စိတ်ရှည်စွာ စောင့်ဆိုင်းနေရပါပြီ။

ဒါပေမယ့် 18W ထက် ပိုရင်ခုန်ဖို့ကောင်းတဲ့သတင်းကို Lei Jun က သဲလွန်စပေးလိုက်ပြန်ပါပြီ။ Weibo ဝဘ်ဆိုဒ်မှာ Xiaomi Mi 9 ဟာ 24W Charging ပါလာမလားလို့ မေးလာတဲ့ မေးခွန်းအပေါ် Xiaomi 9 ရဲ့ အမြန်အားသွင်းစနစ်အနေနဲ့ ပိုကောင်းကိုကောင်းရမှာပေါ့လို့ ဖြေခဲ့တဲ့ အဖြေလေးပါ။

ထွက်လာခဲ့တဲ့ Leak သတင်းမှာလည်း Mi 9 မှာ 32W Fast Charging နဲ့ ကြိုးမဲ့အားသွင်းစနစ်တော့မပါဘူးလို့ ဖော်ပြထားခဲ့ဖူးပါတယ်။ ဒါပေမယ့် Jun ရဲ့ စကားအတိုင်းဆို  အဲ့လောက်ထိ မျှော်မှန်းလို့မရရင်တောင် အနည်းဆုံးတော့ 18W ထက်ကို ပိုမြန်ရမယ်ဆိုတော့ 24W လောက်ထိကတော့ မှန်းလို့ရနိုင်ပါတယ်။

32W ဆိုတာကလည်း တွေ့ကရာဂဏန်းကို ကောက်ပြောလိုက်တာမဟုတ်ပါဘူး။ မနှစ်က နှစ်ကုန်ကမှ မိတ်ဆက်ထားတဲ့ Quick Charge 5 နဲ့ ကိုက်ညီတဲ့ ပမာဏပါပဲ။ အားသွင်းနေတဲ့အချိန်မှာ ဖုန်းကို မပူအောင်  လက်ရှိ Dual Charge (Charge Controller ၂ခုကနေ) သုံးခုကို ပြောင်းထားတာဖြစ်ပြီး Power Path ကလည်း Quick Charge 4 မှာ ၂ကြောင်းကနေ Quick Charge 5 မှာ ၃ကြောင်းအဖြစ် ပြောင်းလိုက်ပါပြီ။

နောက်တစ်ခုက Snapdragon 855 ကလည်း Quick Charge 4 ကိုပဲ ထောက်ပံ့ပေးမယ်လို့တရားဝင်မိတ်ဆက်ပြီးသားဆိုတော့ 855 သုံးရင်တောင် QC 5 ကို ရမှာမဟုတ်နိုင်ပါဘူး။ ပြီးခဲ့တဲ့တစ်ပတ်က Xiaomi ကနေ Snapdragon 855 သုံးထားတဲ့ “Cepheus” ဆိုတဲ့ နာမည်ဝှက်နဲ့ ဖုန်းတစ်လုံးလည်း Geekbench မှာ ပေါ်ခဲ့ပြီးသားဆိုတော့ Mi 9 ဖြစ်ဖို့ပဲ အလားအလာတေ်တော်များပါတယ်။

နောက်ပိုင်း Quick Charge 5 ကို ထောက်ပံ့ပေးရင် ပေးလာနိုင်မှာဆိုတော့ ဈေးကွက်ထဲမှာ ရောက်လာမယ့်  Snapdragon 855 သုံး Flagship  ဖုန်းတွေကိုပဲ ဘယ်သူအရင်ဆုံး ပေးနိုင်မလဲဆိုတာ မျက်စိဒေါက်ထောက် ကြည့်နေရတော့မှာပါ။

Source: GsmArena