[Zawgyi]

ဒီ ေဖေဖာ္ဝါရီလကေတာ့ စိတ္ဝင္စားစရာေတြနဲ႔ ျပည့္ေနမယ့္ လတစ္လလို႔ ဆိုရမယ္ထင္ပါတယ္။ လာမယ့္ ၂၀ရက္ေန႔က်ရင္ Samsung ကလည္း စိတ္ဝင္စားဖို႔ေကာင္းမယ့္ဖုန္းတစ္လံုး ေခၚေဆာင္လာခဲ့မွာျဖစ္ျပီးေတာ့ Xiaomi ကလည္း ဖုန္းသစ္တစ္လံုး မိတ္ဆက္လာမယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။

Xiaomi က ဒီခ်ိန္ဆို Flagship ဖုန္းသစ္တစ္လံုး မိတ္ဆက္ေနက်ဆိုေတာ့ အသစ္ထြက္လာမယ့္ဖုန္းက Mi 9 ျဖစ္ဖို႔မ်ားပါတယ္။ သူကေတာ့ ပိုပိုျပီးျမန္တဲ့ အျမန္အားသြင္းနည္းပညာကို သံုးထားမယ့္ဖုန္းဆိုျပီး နာမည္ၾကီးေနခဲ့တာပါ။ ဒီေန႔မွာေတာ့ အဲဒီဖုန္းေလးကို သံုးေနတ့ဲ ဓာတ္ပံုတစ္ပံု အြန္လိုင္းမွာ ပ်ံ႔ႏွံံ႔ေနျပီးေတာ့ Xiaomi ရဲ႕ ခုလာမယ့္ Flagship ဖုန္းကို မထြက္ခင္ ထုတ္ျပလိုက္သလိုပါပဲ။

ဓာတ္ပံုေတြကေတာ့ တရုတ္ Weibo ဆိုဒ္မွာ Wang Teng Thomas ကေန Share ခဲ့တာျဖစ္ျပီး သိပ္မၾကာခင္ပဲ ျပန္ဖ်က္သြားခဲ့တာပါ။ လက္ျမန္တဲ့သူတစ္ခ်ိဳ႕ ေက်းဇူးေၾကာင့္ ပံုေတြသိမ္းထားႏိုင္လိုက္တဲ့အတြက္ အခုဒီပံုေတြျမင္ရတာျဖစ္ျပီး ဖုန္းရဲ႕ ေက်ာဘက္ကိုသာ ျမင္လိုက္ရတာျဖစ္ေပမယ့္ အေရးပါတဲ့တစ္ခ်က္ကိုေတာ့ ျမင္လိုက္ရပါျပီ။

အရင္က Mi 9 မွာ ကင္မရာ ၃လံုးပါမယ္ဆိုတာ သတင္းသက္သက္ပဲ ျဖစ္ခဲ့ေပမယ့္ ဒီပံုေလးေတြက အတည္ျပဳလိုက္သလိုပါပဲ။ ပံုထဲမွာ ျမင္ရမွာကေတာ့ ကင္မရာ ၂လံုးတည္းကိုမွ Mi 8 လို ပံုစံမ်ိဳးျဖစ္ေပမယ့္ Flash မီးက ကင္မရာ ၂ခုၾကားမဟုတ္ဘဲ ေအာက္ဘက္မွာ သက္သက္ျဖစ္ေနတာေၾကာင့္ အဲဒီေလာက္ ကင္မရာေနရာက်ယ္က်ယ္မွာ ကင္မရာ၃လံုးထားထားဖို႔ ပိုျဖစ္ႏုိင္ပါတယ္။

Mi 9 ေလးဟာ ပံုထဲမွာေတာ့ ေက်ာဘက္မွာ ဘာလက္ေဗြ Scanner မွ မေတြ႔ရတဲ့အတြက္ Mi 8 EE တို႔ Mi 8 Pro တို႔လို In-Display Fingerprint Sensor နဲ႔ လာႏုိင္ပါတယ္။ ဒါေပမယ့္ အရင္လတုန္းကမိတ္ဆက္ခဲ့တဲ့  လက္ေဗြ Scan ဖတ္တဲ့ေနရာပိုက်ယ္သြားတဲ့ နည္းပညာသစ္က Mi 9 အတြက္သံုးဖို႔ ထြက္လာတယ္လု႔ိ ထင္ပါတယ္။

ဖုန္းရဲ႕ ေနာက္ေက်ာဘက္ျခမ္းကေတာ့ Glass Body ျဖစ္ျပီး Gorilla Glass 5 ဒါမွမဟုတ္ Gorilla Glass 6 နဲ႔ လာမွာပါ။ ေရာင္ျပန္ေလးလည္းပါျပီး ပံုမွာျမင္လိုက္ရတာက အျပာေရာင္ Mi 9 ေလးျဖစ္မလားပါပဲ။

သတင္းေတြအတုိင္းဆုိ Mi 9 မွာ Snapdragon 855 Processor န႔ဲကိုမွ Storage အမ်ိဳးမ်ိဳးနဲ႔ လာမွာျဖစ္ျပီးေတာ့ ေနာက္ထပ္ Explorer Edition ကေတာ့ ေဖာက္ထြင္းျမင္ရတဲ့ကိုယ္ထည္ဆိုတာထက္ကို ပိုထူးျခားတဲ့ Feature တစ္ခုနဲ႔ လာမယ္လို႔ေတာ့ သဲလြန္စေပးထားပါတယ္။

Mi 9 မွာ ေနာက္ထပ္ေမွ်ာ္လင့္မိတာကေတာ့ ၾကိဳးမဲ့အားသြင္းစနစ္ပါ။ Mi 8 မွာမပါခဲ့ဘဲ Mi Mix 2S နဲ႔ Mi Mix 3 ေတြမွာသာ ေတြ႔ခဲ့ရတဲ့ ၾကိဳးမဲ့အားသြင္းစနစ္က ဒီတစ္ေခါက္ Mi 9 အတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ပါပဲ။

ဒါ့ျပင္ ေနာက္ထပ္ ဘာေတြထူးထူးျခားျခားနဲ႔ ထြက္လာမလဲဆိုတာကေတာ့ ဒီလအတြင္း ရန္ခုန္စြာနဲ႔ပဲ ေစာင့္ရျပန္ပါဦးမယ္။

Source: GizmoChina

[Unicode]

ဒီ ဖေဖော်ဝါရီလကတော့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေမယ့် လတစ်လလို့ ဆိုရမယ်ထင်ပါတယ်။ လာမယ့် ၂၀ရက်နေ့ကျရင် Samsung ကလည်း စိတ်ဝင်စားဖို့ကောင်းမယ့်ဖုန်းတစ်လုံး ခေါ်ဆောင်လာခဲ့မှာဖြစ်ပြီးတော့ Xiaomi ကလည်း ဖုန်းသစ်တစ်လုံး မိတ်ဆက်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Xiaomi က ဒီချိန်ဆို Flagship ဖုန်းသစ်တစ်လုံး မိတ်ဆက်နေကျဆိုတော့ အသစ်ထွက်လာမယ့်ဖုန်းက Mi 9 ဖြစ်ဖို့များပါတယ်။ သူကတော့ ပိုပိုပြီးမြန်တဲ့ အမြန်အားသွင်းနည်းပညာကို သုံးထားမယ့်ဖုန်းဆိုပြီး နာမည်ကြီးနေခဲ့တာပါ။ ဒီနေ့မှာတော့ အဲဒီဖုန်းလေးကို သုံးနေတဲ့ ဓာတ်ပုံတစ်ပုံ အွန်လိုင်းမှာ ပျံ့နှံံ့နေပြီးတော့ Xiaomi ရဲ့ ခုလာမယ့် Flagship ဖုန်းကို မထွက်ခင် ထုတ်ပြလိုက်သလိုပါပဲ။

ဓာတ်ပုံတွေကတော့ တရုတ် Weibo ဆိုဒ်မှာ Wang Teng Thomas ကနေ Share ခဲ့တာဖြစ်ပြီး သိပ်မကြာခင်ပဲ ပြန်ဖျက်သွားခဲ့တာပါ။ လက်မြန်တဲ့သူတစ်ချို့ ကျေးဇူးကြောင့် ပုံတွေသိမ်းထားနိုင်လိုက်တဲ့အတွက် အခုဒီပုံတွေမြင်ရတာဖြစ်ပြီး ဖုန်းရဲ့ ကျောဘက်ကိုသာ မြင်လိုက်ရတာဖြစ်ပေမယ့် အရေးပါတဲ့တစ်ချက်ကိုတော့ မြင်လိုက်ရပါပြီ။

အရင်က Mi 9 မှာ ကင်မရာ ၃လုံးပါမယ်ဆိုတာ သတင်းသက်သက်ပဲ ဖြစ်ခဲ့ပေမယ့် ဒီပုံလေးတွေက အတည်ပြုလိုက်သလိုပါပဲ။ ပုံထဲမှာ မြင်ရမှာကတော့ ကင်မရာ ၂လုံးတည်းကိုမှ Mi 8 လို ပုံစံမျိုးဖြစ်ပေမယ့် Flash မီးက ကင်မရာ ၂ခုကြားမဟုတ်ဘဲ အောက်ဘက်မှာ သက်သက်ဖြစ်နေတာကြောင့် အဲဒီလောက် ကင်မရာနေရာကျယ်ကျယ်မှာ ကင်မရာ၃လုံးထားထားဖို့ ပိုဖြစ်နိုင်ပါတယ်။

Mi 9 လေးဟာ ပုံထဲမှာတော့ ကျောဘက်မှာ ဘာလက်ဗွေ Scanner မှ မတွေ့ရတဲ့အတွက် Mi 8 EE တို့ Mi 8 Pro တို့လို In-Display Fingerprint Sensor နဲ့ လာနိုင်ပါတယ်။ ဒါပေမယ့် အရင်လတုန်းကမိတ်ဆက်ခဲ့တဲ့  လက်ဗွေ Scan ဖတ်တဲ့နေရာပိုကျယ်သွားတဲ့ နည်းပညာသစ်က Mi 9 အတွက်သုံးဖို့ ထွက်လာတယ်လု့ိ ထင်ပါတယ်။

ဖုန်းရဲ့ နောက်ကျောဘက်ခြမ်းကတော့ Glass Body ဖြစ်ပြီး Gorilla Glass 5 ဒါမှမဟုတ် Gorilla Glass 6 နဲ့ လာမှာပါ။ ရောင်ပြန်လေးလည်းပါပြီး ပုံမှာမြင်လိုက်ရတာက အပြာရောင် Mi 9 လေးဖြစ်မလားပါပဲ။

သတင်းတွေအတိုင်းဆို Mi 9 မှာ Snapdragon 855 Processor နဲ့ကိုမှ Storage အမျိုးမျိုးနဲ့ လာမှာဖြစ်ပြီးတော့ နောက်ထပ် Explorer Edition ကတော့ ဖောက်ထွင်းမြင်ရတဲ့ကိုယ်ထည်ဆိုတာထက်ကို ပိုထူးခြားတဲ့ Feature တစ်ခုနဲ့ လာမယ်လို့တော့ သဲလွန်စပေးထားပါတယ်။

Mi 9 မှာ နောက်ထပ်မျှော်လင့်မိတာကတော့ ကြိုးမဲ့အားသွင်းစနစ်ပါ။ Mi 8 မှာမပါခဲ့ဘဲ Mi Mix 2S နဲ့ Mi Mix 3 တွေမှာသာ တွေ့ခဲ့ရတဲ့ ကြိုးမဲ့အားသွင်းစနစ်က ဒီတစ်ခေါက် Mi 9 အတွက်တော့ မျှော်လင့်ချက်ပါပဲ။

ဒါ့ပြင် နောက်ထပ် ဘာတွေထူးထူးခြားခြားနဲ့ ထွက်လာမလဲဆိုတာကတော့ ဒီလအတွင်း ရန်ခုန်စွာနဲ့ပဲ စောင့်ရပြန်ပါဦးမယ်။

Source: GizmoChina