Zawgyi

Mi A2 နဲ႔ Mi A2 Lite တို႔ဟာ Xiaomi ကေန ဇူလိုင္ ၂၀၁၈ တုန္းက ထုတ္ေပးခဲ့တဲ့ဖုန္းေတြျဖစ္ျပီး Google ရဲ႕ Android One Program အသံုးျပဳထားတဲ့ Stock Android နဲ႔ ဖုန္းေတြျဖစ္ၾကပါတယ္။ အမွန္ေတာ့ အရင္ Mi A1 လိုပဲ Mi A2 နဲ႔ Mi A2 Lite တို႔ဟာ တရုတ္ ျပည္တြင္းဖုန္းေတြျဖစ္တဲ့ Mi 6X နဲ႔ Redmi 6 Pro တို႔ကို Global ဗားရွင္းအျဖစ္ အသြင္ေျပာင္းထားတာပါ။ ဒါေပမယ့္လည္း Bootloader ကို အထူးစီမံထားတဲ့အတြက္ တရုတ္အလံုးေတြမွာ Android One သြင္းလို႔မရပါဘူး။ အဲ့တာေၾကာင့္ပဲ Mi A2 နဲ႔ Mi A2 Lite တို႔က တစ္မူထူးကဲေနတာပါ။ Android One ရဲ႕အားသာခ်က္ေတြကေတာ့ ပံုမွန္ ျမင္ေတြ႔ေနက် MIUI တို႔လို Customization ေတြအမ်ားၾကီးလုပ္ထားတဲ့ Software ေတြထက္ အသံုးျပဳရတာ ပိုျပီး လွ်င္ျမန္ေခ်ာေမြ႔ျပီး Software Update ေတြလည္း ျမန္ျမန္ဆန္ဆန္နဲ႔ ရရွိေစပါတယ္။

အခုလည္း MiA2 Lite အတြက္ Android Pie Beta ကို စမ္းသပ္အသံုးျပဳလို႔ရေနပါျပီ။ အဆိုပါ သတင္းဟာ Xiaomi ရဲ႕ MIUI Forum မွာ ထြက္ေပၚလာတာျဖစ္ျပီး Xiaomi ကေန Android One ဖုန္းေတြအတြက္ Forum သက္သက္မလုပ္ေပးထားတဲ့အတြက္ တစ္ျခား MIUI ေတြနဲ႔ ေရာေထြးျပီး “MIUI for Mi A2 Lite Beta Testing Program” လို႔မွားယြင္းျပီး ေဖာ္ျပခဲ့တာပါ။ Mi A2 Lite မွာ အေပၚကေျပာသြားသလိုပဲ Android One သံုးထားလို႔ အဆိုပါ ေၾကညာခ်က္က စာသားမွားယြင္းသြားတာျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း အဆိုပါ ေၾကညာခ်က္ထဲမွာ Android Pie Beta စမ္းသပ္အသံုးျပဳႏိုင္ျပီလို႔ ေဖာ္ျပထားျပီး Android Pie စမ္းသပ္အသံုးျပဳႏိုင္ဖို႔ လုပ္ေဆာင္ရမယ့္ အခ်က္ေတြလည္း အေသးစိတ္ေရးသားထားပါတယ္။ သင္သာ Mi A2 Lite အသံုးျပဳသူ တစ္ေယာက္ဆိုရင္ေတာ့ ေအာက္က MIUI Forum ကိုဝင္ေရာက္ဖတ္ရွုျပီး Android Pie Beta ကိုစမ္းသပ္အသံုးျပဳႏိုင္ပါတယ္။ >>>MIUI Forum<<<

Ref: XDA

Unicode

Mi A2 နဲ့ Mi A2 Lite တို့ဟာ Xiaomi ကနေ ဇူလိုင် ၂၀၁၈ တုန်းက ထုတ်ပေးခဲ့တဲ့ဖုန်းတွေဖြစ်ပြီး Google ရဲ့ Android One Program အသုံးပြုထားတဲ့ Stock Android နဲ့ ဖုန်းတွေဖြစ်ကြပါတယ်။ အမှန်တော့ အရင် Mi A1 လိုပဲ Mi A2 နဲ့ Mi A2 Lite တို့ဟာ တရုတ် ပြည်တွင်းဖုန်းတွေဖြစ်တဲ့ Mi 6X နဲ့ Redmi 6 Pro တို့ကို Global ဗားရှင်းအဖြစ် အသွင်ပြောင်းထားတာပါ။ ဒါပေမယ့်လည်း Bootloader ကို အထူးစီမံထားတဲ့အတွက် တရုတ်အလုံးတွေမှာ Android One သွင်းလို့မရပါဘူး။ အဲ့တာကြောင့်ပဲ Mi A2 နဲ့ Mi A2 Lite တို့က တစ်မူထူးကဲနေတာပါ။ Android One ရဲ့အားသာချက်တွေကတော့ ပုံမှန် မြင်တွေ့နေကျ MIUI တို့လို Customization တွေအများကြီးလုပ်ထားတဲ့ Software တွေထက် အသုံးပြုရတာ ပိုပြီး လျှင်မြန်ချောမွေ့ပြီး Software Update တွေလည်း မြန်မြန်ဆန်ဆန်နဲ့ ရရှိစေပါတယ်။

အခုလည်း MiA2 Lite အတွက် Android Pie Beta ကို စမ်းသပ်အသုံးပြုလို့ရနေပါပြီ။ အဆိုပါ သတင်းဟာ Xiaomi ရဲ့ MIUI Forum မှာ ထွက်ပေါ်လာတာဖြစ်ပြီး Xiaomi ကနေ Android One ဖုန်းတွေအတွက် Forum သက်သက်မလုပ်ပေးထားတဲ့အတွက် တစ်ခြား MIUI တွေနဲ့ ရောထွေးပြီး “MIUI for Mi A2 Lite Beta Testing Program” လို့မှားယွင်းပြီး ဖော်ပြခဲ့တာပါ။ Mi A2 Lite မှာ အပေါ်ကပြောသွားသလိုပဲ Android One သုံးထားလို့ အဆိုပါ ကြေညာချက်က စာသားမှားယွင်းသွားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကြေညာချက် ထဲမှာ Android Pie Beta စမ်းသပ်အသုံးပြုနိုင်ပြီလို့ ဖော်ပြထားပြီး Android Pie စမ်းသပ်အသုံးပြုနိုင်ဖို့ လုပ်ဆောင်ရမယ့် အချက်တွေလည်း အသေးစိတ်ရေးသားထားပါတယ်။ သင်သာ Mi A2 Lite အသုံးပြုသူ တစ်ယောက်ဆိုရင်တော့ အောက်က MIUI Forum ကိုဝင်ရောက်ဖတ်ရှုပြီး Android Pie Beta ကိုစမ်းသပ်အသုံးပြုနိုင်ပါတယ်။
>>>MIUI Forum<<<

Ref: XDA