Xiaomi ကနေ Mi 8 စမတ်ဖုန်းကို လာမယ့် မေလ ၃၁ ရက်မှာ ကုမ္ပဏီရဲ့ ၈ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်မယ်ဆိုတာကို အတည်ပြုပြီးဖြစ်ပါတယ်။ အခုအချိန်မှာ Xiaomi ရဲ့ CEO Lei Jun ကနေ Mi 8 အပြင် Mi Band 3 ကိုပါ ကြေညာသွားမယ်ဆိုတာကို အတည်ပြုလိုက်ပါပြီ။

Lei Jun ဟာ ယခင် Xiaomi Black Shark စမတ်ဖုန်း ထုတ်လုပ်တုန်းကလည်း Mi Band 3 ကို ဝတ်ဆင်လာခဲ့ဖူးပြီးတော့ Lei Jun က သူကိုယ်တိုင် Mi Band 3 ကို ၂လ၊ ၃လ လောက် စမ်းသပ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Lei Jun ရဲ့ ပြောစကားအရတော့ အခု Mi Band 3 ဟာ ယခင် Mi Band Series တွေထက် သိသိသာသာပိုကောင်းလာတယ်လို့ သိရပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ Physical Button ပါဝင်မှာမဟုတ်ပဲ Bluetooth 4.2 ၊ NFC နဲ့ ဖြုတ်လို့ရတဲ့ Display ပါပါဝင်နေမယ်လို့ သိရပါတယ်။

Xiaomi က ၃၁ ရက်နေ့မှာ အခုဆိုရင် Mi 8 ၊ MIUI 10 အပြင် Mi Band 3 ပါ ထုတ်မှာဆိုတော့ Mi Fans တွေအတွက်စိတ်လှုပ်ရှားစရာပါ။