Xiaomi ကနေ မနေ့တုန်းက Xiaomi ရဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်တဲ့ Black Shark Gaming စမတ်ဖုန်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမယ့် Xiaomi က အခု Black Shark Gaming ဖုန်းအပြင် နောက်ထပ် Xiaomi Product တစ်ခုကိုပါ Tease ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကတော့ အဆိုပါ Black Shark ကို မိတ်ဆက်တဲ့ Event ကို တက်ရောက်ခဲ့တဲ့ Xiaomi CEO Lei Jun က သူရဲ့ လက်မှာ Xiaomi ရဲ့ Fittest Tracker အသစ်တစ်ခုဖြစ်လာနိုင်တဲ့ Xiaomi Mi Band 3 ကို ဝတ်ဆင်ထားတာပဲဖြစ်ပါတယ်။

Source : Weibo

Xiaomi ဟာ ဈေးနှုန်းသက်သာတဲ့ Mi Band Series Fittest Tracker တွေကို ထုတ်လာတာ အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကထုတ်ခဲ့တဲ့ Mi Band 2 ဟာလည်း လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာလည်း အောင်မြင်မှုရှိနေတယ်လို့ ပြောလို့ရပါတယ်။

အခု Xiaomi CEO Lei Jun ဝတ်ဆင်ထားတဲ့ Mi Band 3 လို့ ယူဆရတဲ့ Fittest Tracker က ရုတ်တရက်ကြည့်ရင် Mi Band 2 နဲ့ တူညီပြီးတော့ Mi Band 2 ထက် ပိုမိုကြီးမားတဲ့ OLED Display နဲ့အတူ အရွယ်အစားကလည်း ပိုပြီး ကြီးမားလာမယ်လို့ ယူဆရပါတယ်။

Source : Weibo

ဖြစ်နိုင်တာတစ်ခုကတော့ Lei Jun က တမင် Mi Band 3 ကို ရောင်းချတော့မယ်ဆိုတာကို တနည်းနဲ့ပြောလိုက်တာဖြစ်နိုင်ပြီးတော့ Mi 7 စမတ်ဖုန်းနဲ့အတူ မိတ်ဆက်လာနိုင်ပါတယ်။ Mi Band 3 ဟာ Accelerometer, vibration engine, optical heart rate sensor, Bluetooth 4.2 LE connectivity နဲ့ IP67 rating ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၀ ဝန်းကျင်လောက်ပဲရှိမှာဖြစ်ပါတယ်။